Arakan Yoma|

လက်ရှိဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်ကာလအတွင်း မီဒီယာသမားတွေအနေနဲ့ လုပ်ငန်းတွေရပ်နားတာ၊ အလုပ်နားခံရတာ၊ လစာလျော့ချခံရ တာ စတဲ့ အခက်အခဲအကြပ်အတည်းများကို ဖြေရှင်းကြရာမှာ ကူညီပံ့ပိုးနိုင်ဖို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ စာရင်းပေးဖို့ကြဖို့ ဇွန် ၂၄ ရက်က သတင်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ လတ်လတ်လောမှာ သတင်းမီဒီယာလုပ်ငန်းတွေဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးနဲ့ ပံ့ပိုး ကူညီနိုင်ရေးအတွက် “သတင်းမီဒီယာလုပ်ငန်းတိုးတက်ရေး အတွက် စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရေးကော်မတီ”ကို ဇွန်လ ၁၂ ရ က်နေ့က ဖွဲ့စည်းခဲ့တယ်လို့ ဆိုထားပါတယ်။

အဆိုပါကော်မတီဟာ နိုင်ငံတော်အကြီးအကဲတွေထံကိုလည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနထံကိုလည်းကောင်း မီဒီယာသမားတွေ ရဲ့ အခက်အခဲတွေကို တင်ပြဆွေးနွေးနိုင်ဖို့ စီစဉ်လျက်ရှိနေပါတယ်။

ဒါကြောင့် အခက်ခဲကြုံနေတဲ့ သတင်းမီဒီယာတိုက်တွေအပြင် သတင်းသမားတွေကိုယ်တိုင်သော်လည်းကောင်း၊ သတင်းမီဒီယာလုပ်ငန်း မှာလုပ်ကိုင်နေသူတွေအနေနဲ့ သော်လည်းကောင်း စာရင်းတွေကို ဇွန်လ ၂၉ ရက်နေ့ နောက်ဆုံးထားပေးပို့ဖို့ မေတ္တာရပ်ခံထားပါတယ်။

 668 total views,  1 views today