ArakanYoma|

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ရေ Green Network Sittwe က စစ်ဘေးရှောင် ၂၀ ယောက် အတွက် တစ်လကြာ အလုပ်အကိုင်အခွင့်အလမ်းတစ်ခု ဖန်တီးပီးလိုက်ပါရေ။

Covid – 19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် လူထူထပ်ရေ နေရာတိမှာ ထိရောက်စွာ ဆီးဖြန်းနိုင်ရေး လုပ်ဆောင်ရေ နေရာမှာ သာမန်လူတိကိုခန့်အပ်ဖို့အစား စစ်ဘေးရှောင်တိကိုရွီးပြီးကေ အလုပ်ခန့်အပ်လိုက်စွာ ဖြစ်ပါရေ။

အနယ်နယ်အရပ်ရပ်က ထွက်ဗြီးလာကပ်တေ စစ်ဘေးရှောင်တိဆိုစွာ အနိန်အစား ဆင်းရဲနိန်ကပ်တေအတွက် သူရို့၏ အခက်အခဲတိကို တတ်နိုင်ရေဖက်က ကူညီလုပ်ဆောင်ပီးစွာလို့ Green Network Sittwe အဖွဲ့၊ တာဝန်ရှိသူ ကိုထူးထူးက ပြောပါရေ။

စစ်တွေမြို့ထက်က ဗုဒ္ဓမော်၊ ဒက္ခောင်း၊ ဘုရားတိသိမ်နဲ့ ဥဿလင်းစရေ ဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်း တစ်ခုစီက စစ်ဘေး ရှောင် ယောက်ကျား၊ မိန်းမ ၅ ယောက်စီကို ရွီးချယ်ခန့်အပ် ထားစွာဖြစ်ပြီးကေ စစ်ဘေးရှောင်တိကတော့ခါ တစ်ရက်ကို ဖေသာ ၇၀၀၀ ကျပ်စီ ရရှိလားကပ်ဖို့လည်း ဖြစ်ပါရေ။

ယင်းချင့်အပြင် စစ်ဘေးရှောင်တိအနေနဲ့ တစ်ခြားအလုပ်တိကိုပါ လုပ်လို့အဆင်ပြေအောင် စီစဉ်ပီးထားရေအတွက် သူရို့စွာ တစ်ရက်ကို အချိန် ၃ နာရီလောက်ယာ ပီးကပ်ရဖို့လည်း ဖြစ်ပါရေ။

ကျောက်တော်မြို့နယ် ပြိုင်းတိုင်းကျေးရွာကနိန် ထွက်ဗြီးလာရေ စစ်ဘေးရှောင် ဦးကျော်မြသောင်းကတော့ခါ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို သူရို့ စစ်ဘေးရှောင်တိကလည်း ဝိုင်းဝန်းပြီးကေ တိုက်ထုတ်ခွင့်ရလို့ ဝမ်းမြောက်မိပြီးကေ သူရို့ပိုင် အခက်တွိ့နိန်ကပ်တေ တခြားစစ်ဘေးရှောင်တိကိုလည်း တတ်နိုင်ကေ ကူညီပီးကပ်ဖို့ မေတ္တာရပ်ခံပါရေ။

ရခိုင့်တပ်တော် AA နဲ့ အစိုးရတပ်မတော်ရို့ တိုက်ပွဲတိကြောင့် ရခိုင်ပြည်နယ်ထဲက မြို့နယ် ၉ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရို့က စစ်ဘေးရှာင် ၁ သိန်းခွဲကျော်လောက်စွာ နိန်ရပ်စွန့်ခွာထွက်ဗြီးနိန်ရပြီးကေ အဖက်ဖက်က လိုအပ်ချက်တိရှိနိန်ကပ်စွာ ဖြစ်ပါရေ။

 454 total views,  1 views today