ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒီဘက်ခေတ်မှာတော့ နေရာတိုင်းမှာ လူငယ်တွေ ဦးဆောင်မှုကို တွေ့မြင်ရတာ မဆန်းတော့ပါဘူး။ အောင်မြင်နေတာဖြစ်ဖြစ် ကြိုးစားနေဆဲဖြစ်ဖြစ် မြင်ရတာဟာ ရိုးအီနေကြပါပြီ။ ဒါပေမယ့် ရခိုင်ပြည်နယ်လို ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ဒေသမှာ စွန့်ဦးတီထွင် လူငယ်များအဖို့ကတော့ ထူးခြားပါတယ်။

မိဘမျိုးရိုးက ချမ်းသာပြီး၊ အသိုင်းအဝန်းကပါ ပံ့ပိုးမှုကြောင့် ဦးဆောင်နေရာကို ရှိနှင့်ပြီး အစွမ်းအစနှင့် ထပ်မံ ဆန်းသစ်တီထွင်ကြတာမျိုး မဟုတ်ဘဲ နွမ်းပါးတဲ့မိဘနှစ်ပါးကနေ မွေးဖွားလာသူများက ရုန်းကန်ကြရတဲ့အခါ ပိုစိတ်ဝင်စားစရာကောင်းပါတယ်။

အဲဒီလူတွေထဲ အသက် ၂၇ နှစ်အရွယ် ကိုဝင်းကျော်လင်း တစ်ယောက် ပါဝင်ပါတယ်။ စစ်တွေမှာ မွေးတဲ့သူဟာ ပင်ပန်းစွာ ကြီးပြင်းလာခဲ့ရရုံမက အသက်အန္တရာယ်နှင့် နီးစပ်တဲ့ မတော်တဆမှုကိုပါ တွေ့ကြုံခဲ့ရတဲ့ထိ ရင်ဆိုင်ခဲ့သူပါ။

အခုချိန်မှာတော့ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ဆောင်ကို သူဦးစီးပြီး တည်ထောင်ခဲ့နိုင်ပါပြီ။ တခမ်းတနာကြီး မဟုတ်သလို မြို့ပြကြီးမှာထဲလည်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ချမ်းသာကြွယ်ဝသူတစ်ဦး မဟုတ်ဘဲ သူရဲ့တချိန်က ဖြစ်ခွင့်မရခဲ့တဲ့ တချို့ဆန္ဒ လေးတွေကို မျိုးဆက်သစ်တွေကို ဖြည့်ဆည်းပေးစေချင်ပြီး မြန်မာ့ပညာရေးစနစ်ကိုလည်း တစ်ထောင့်တစ်နေရာကနေ တွန်းလှန်ချင်လို့ပါ။

“မြန်မာနိုင်ငံရဲ့ပညာရေးစနစ်မှာ ကျောင်းသားတစ်ယောက် ၁၀ တန်း မအောင်ဘူးဆိုရင် ဘဝက ဆုံးရှုံးသွားသလိုလို ပျက်စီးသွားသလို လိုဖြစ်နေတယ်။ မိဘတွေရဲ့ အမြင်တွေ၊ ကျောင်းသားတွေရဲ့ ခံယူချက်တွေလည်းပျက်ပြားသွားတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ စာ ကိုပဲ တောက်လျှောက် ဖတ်ခဲ့ရတယ်။ စာကိုပဲသင်ရတယ်။ စာဖတ်လို့လည်း မရနိုင်ဆိုရမယ်။ အဲဒီစာမအောင်လိုက်တဲ့ အခါကျရင် သူ တို့မှာ တခြားသော စွမ်းရည်တွေ၊ အတတ်ပညာတွေ ဘာမှ မရလိုက်ဘူး။”လို့ တည်ထောင်သူ ကိုဝင်းကျော်လင်းက အပြင်က ကျောင်း သားတွေကို ရုံးခန်းထဲကနေ တစ်ချက်လှမ်းကြည့်ရင်း ပြောပါတယ်။

မနှစ်က လျှောက်ထားခဲ့ပြီး ဒီနှစ်မှာတည်ထောင်ခွင့်ရခဲ့တဲ့ သူ့ကျောင်းရဲ့နာမေဟာ ရခိုင်အသံထွက်နဲ့ “နီ၊ လ၊ ကြယ်” ဖြစ်ပြီး နေ၊ လ၊ ကြယ် ကောင်းကင်သုံးစင်းတို့ရဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်။ တကယ်တော့ သူဟာ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းဆင်း အထက် တန်းပြ ကျောင်းဆရာတစ်ဦးပါ။ ဒါပေမယ့် တက္ကသိုလ်ပြီးလို့ အလုပ်ခွင်ထဲကိုဝင်ခဲ့ပြီး ဘယ်လောက်မှ မကြာလိုက်တဲ့ အချိန်တိုလေးအတွင်းမှာပဲ နှုတ်ထွက်ခဲ့ပြီး ဘော်ဒါဆောင်နဲ့ ခြေလှမ်းစခဲ့ပါတယ်။

ဒီခြေလှမ်းစဖို့ကလည်း အခြေနေတစ်ခုကြောင့်ဖြစ်လာခဲ့တာလို့ ဆိုရပါမယ်။ သူ တာဝန်ကျနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ နယ်ရွာ လေးတစ်ရွာကို ကျောင်းတက်ဖို့သွားရင်းနဲ့ ဆိုင်ကယ်အက်စီးဒင့်ဖြစ်ခဲ့တာကြောင့် သူဟာ ကြမ်းတမ်းမှုဒဏ်တွေ မခံနိုင်ဘဲ ခန္ဓာကိုယ်မှာ တချို့ချို့ယွင်းချက်လေးတွေ ရှိသွားရာက အစပြုခဲ့တာ ဖြစ်ပါတယ်။

“ကျနော်က ဆိုင်ကယ်နဲ့ သွားနေရင်းနဲ့ ကားတစ်စီးနဲ့ တိုက်မိပြီး အက်စီးဒင့် ဖြစ်သွားတယ်။ အသက်တော့ မသေလိုက်ဘူး။ လက်ဖျံရိုး တစ်ချောင်းကျိုးတယ်။ ပေါင်ရိုးကျိုးတယ်။ ပြီးတော့ တင်ပဆုံက အရိုးဆက်ပြုတ်ထွက်သွားတယ်။ ဒီလိုနဲ့ ဆေးကုသမှုခံတာက ၇ လေ လာက်ကြာသွားတယ်။ သက်သာလို့ လမ်းလေးဘာလေးလျှောက်နိုင်တဲ့ အနေအထားကိုရောက်လာပေမယ့် ကိုယ်ကျနေတဲ့ ဝါဘိုကျော င်းကိုသွားပြီး ကျောင်းတက်ဖို့၊ စာသင်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ အကိုက နှစ်ဘီးဆိုင်ကယ်တွေကိုဆိုရင် နောက်ကလည်း မစီးနိုင်။ လိုင်းကားတွေမှာဆိုလည်း လမ်းကြမ်းတွေမှာ မစီးနိုင်ဘူး။”

အက်စီးဒင့်ဖြစ်ပြီးနောက်ပိုင်း သူ ဘာဆက်လုပ်မှာလဲဆိုတာတွေကို တွေးကြည့်တဲ့အခါ ဆယ်တန်းအောင်ကတည်းက အနှစ်နှစ်အလ လပေါင်းများစွာ အခက်ခဲမျိုးစုံနဲ့ ကြိုးစားရုန်းကန်ပြီး သင်ယူခဲ့ရတဲ့ပညာကို ပြန်လည် အသုံးချလိုသေးတာက တကြောင်း နောက်ထပ်တ တ်ကျွမ်းထားတဲ့ ပညာတွေလည်း များများစားစား သင်ယူဖို့ အချိန်မရလိုက်တာက တဖုံနဲ့ ဒီဖက်ကို ဦးလှည့်လာခဲ့တာလို့ သူက ဆိုပါတ ယ်။ ဦးလှည့်လာခဲ့ချိန်မှာလည်း အသက်အရွယ်နဲ့ မငှတဲ့ ငွေရေး ကြေးရေးပြဿနာတွေ၊ သင်ကြားရေးပိုင်းမှာ အသုံးပြုမယ့် နည်းလမ်း တွေ၊ နောက်ပြီးတော့ ဆရာ၊ ဆရာမရေးရာတွေ ပေါင်းစုံပါပဲ။ ဒါပေမယ့် နောက်မဆုတ်ဘဲ ရှေ့ဆက်သာတိုးခဲ့သူပါ။

“နံပါတ် ၁ ကငွေရေးကြေးရေးအခက်အခဲ။ ကိုယ်ကလည်း ချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာသူတစ်ယောက်လည်း မဟုတ်ဘူး။ အ ရင်လုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းဘဝကိုပဲ ဖြတ်သန်းဖူးတယ်။ အဲဒီဖြတ်သန်းလာတဲ့ကာလကလည်း တော်တော်လေးနည်းတယ်။ ဆိုတော့ ငွေရေးကြေးရေးက အခက်ခဲရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စံသတ်မှတ်ချက်အရ ပြောရမယ်ဆိုရင်။ ကိုယ်တို့က ကိုယ်ပိုင်ကျောင်း တစ်ကျောင်းလုပ်မယ်ဆိုရင် နံပါတ် (၁) ကျောင်းဆောင်တစ်ဆောင်လိုတယ်။ ကျောင်းဆောင်ဆိုတာကလည်း ဘော်ဒါဆောင်လိုမျိုး သာမန်အိမ်တစ်အိမ်မှာ ဖွင့်လို့မရဘူး။ သီးခြားစာသင်ခန်း၊ ဆရာဆရာမနားနေခန်း၊ ရုံးခန်းတွေလည်းဖွဲ့စည်းပါရှိတဲ့ အိမ်တစ်ဆောင်။ တနည်းအားဖြင့် စာသင်ကျောင်းတစ်ကျောင်းပေါ့။ ကျောင်းအဖြစ်ဖွင့်လှစ်လို့ရတဲ့ အဆောက် အဦး တစ်ခုရှိမှ ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်း အနေနဲ့ သတ်မှတ်လို့ပေးမှာဆိုတော့ လက်ထဲမှာလည်း ကိုယ့်မှာကိုယ်ပိုင်ခြံဆိုတာ မရှိသေးဘူး။ ဆိုတော့ အကိုရဲ့အိမ်ရှင်မ မိဘတွေဆီက မြေကွက်တစ်ကွက်ရတယ်။ အဲဒီမြေကွက်ပေါ်မှာ ကိုယ့်မှာရှိတဲ့ စုဆောင်းထားတဲ့ ငွေလေးတွေနဲ့ ကျောင်းဆောင်တစ်ဆောင် အရင်ဆုံးလုပ်လိုက်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အကြွေးတွေ ကျန်နေသေးတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျောင်းဆောင်လေးတစ်ခု လုပ်ပြီးမှ ကိုယ်က ကျောင်းတည်ထောင်ဖို့ ကြိုးစားရတယ်ပေါ့။”

အခုလို မဟန်သေးတဲ့ အခြေအနေမှာ ကိုဝင်းကျော်လင်းတစ်ယောက် ဇွဲ့မလျော့ဘဲ ကြိုးစားရုန်းကန်နေတာတွေကကော ဘာကြောင့် ပါလဲ။

သူက “အဖေက ရွာကြီးတောင်အစိုးရကျောင်းမှာ ဒရဝန်။ အမေက ကျောင်းရှေ့မှာ မုန့်ပဲသရေစာရောင်းတယ်။ မနက်ပိုင်းဆိုရင် ထမင်း ကြော်။ ညပိုင်းဆိုရင် မုန့်တီရောင်းတယ်။ အခုထက်ထိလည်း ရောင်းတုန်းပဲ။ ကိုယ့်မိသားစုမှာ ညီအကိုမောင်နှမ ၇ ယောက်ရှိတယ်။ ပြောရမယ်ဆိုရင် ကိုယ့်မိသားစုက ကလေးဘဝတုန်းက ပင်ပန်းခဲ့တယ်။ ကိုယ်ဟာ သူများနဲ့တန်းတူ ကျူရှင်မယူနိုင်ခဲ့ဘူး။ မှတ်မှတ်ရရ ခုနစ်တန်းနှစ်မှာ မိသားစုရဲ့ စီးပွားရေး အကျပ်အတည်းဟာ များခဲ့တယ်။ ၂၀၀၆ လောက်တုန်းက။ ဒါပေမယ့် တချို့ဆရာမတွေက အလကား သင်ပေးတော့ အများနဲ့ တန်းတူ စာသင်နိုင်ခဲ့တယ်။ အဲဒီလိုပုံစံမျိုးတွေ။ ၁၀ တန်းနှစ်ကိုရောက်တဲ့ အခါမှာလည်း သိတဲ့ အတိုင်းပဲလေ။ အနည်းဆုံးတော့ မေးခွန်းဟောင်း စာအုပ်တစ်ဆပ်လောက်လိုတာပေါ့။ နောက်ထပ်အပြင် ဗလာစာအုပ်။ အကြမ်းစာအုပ်။ အနည်းဆုံးအဆင့်လိုတာကို ပြောပြတာ။ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် အထူးထုတ်ပဲဖြစ်ဖြစ်။ အဲဒါမျိုးတွေပြည့်ဝအောင် မသုံးခဲ့ရဘူး။”လို့ ရင်ဖွင့်ပါတယ်။

ဒီလိုနဲ့ အခက်ခဲများစွာကြားထဲမှာပဲ တစ်တန်းထက်တစ်တန်းကြီးလာခဲ့ပြီး ဂုဏ်ထူးတစ်ဘာသာနဲ့ ဆယ်တန်းကို အောင်မြင်ခဲ့ပါတော့တ ယ်။ အောင်မြင်ခဲ့ချိန်မှာလည်း သူကကံဆိုးခဲ့ပါသေးတယ်။ သူတက်ချင်တဲ့ရေကြောင်းတက္ကသိုလ်ကိုအမှတ်မမှီခဲ့ပါဘူး။ ဒါကြောင့် ကော လိပ်ဖက်ကိုပြောင်းတက်ပြီး သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်လို့ ရသေးတယ်လို့ တွေးနေမိချိန်မှာပဲ သူ့ကို ထောက်ပံ့ဖို့ မိသားစု မှာ လုံလောက်တဲ့ ငွေကြေးရှိရဲ့လားဆိုတဲ့ ပြဿနာပေါ်လာတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ တက်လို့ရနိုင်မယ့် ရန်ကုန်ပညာရေးတက္ကသို လ်ကိုပဲ ရွေးချယ်ခဲ့ရပါတော့တယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စတိတ်ကျောင်းသားအရွယ်တုန်းက ဖြစ်ချင်ခဲ့တာ သင်္ဘောသား တစ်ယောက်ပေါ့။ နိုင်ငံခြားသင်္ဘော လိုက်ချင်တယ်။ ဒါပေမယ့် ၁၀ တန်းအောင်တော့ ရေကြောင်းတက္ကသိုလ်အမှတ်မမှီတာလည်းပါတယ်။ ရေကြောင်းတက္ကသိုလ်တက် နိုင်ဖို့အတွက် အမှတ်မမှီခဲ့ဘူး။ ရေကြောင်းကောလိပ်ကနေ တက်ဖို့ကလည်း ငွေရေးကြေးရေးကို မိဘတွေက မလိုက်နိုင်ဆိုတဲ့ အစိတ် အပိုင်းတွေမှာ ရန်ကုန်တက္ကသိုလ်ကိုပဲ တက်ရောက်ခွင့်ရခဲ့တယ်ပေါ့။”လို့ သူက ပြောပြပါတယ်။ ဒါပေမယ့် ဝါသနာမပါတဲ့ အရာတစ်ခုကို မလုပ်ချင်ဘူး ဆိုတဲ့ စိတ်က ကိန်းအောင်းနေခဲ့လို့ အဲဒီစိတ်တွေကို ဖြေပျောက်ပြီး ပစ္စုပ္ပန်ကိုပဲကောင်း အောင်ဖြတ်သန်းဖို့ စိတ်မွေးခဲ့ရာမှာ တော်တော်လေး အချိန်ယူခဲ့ရတယ်လို့ ဆိုပြန်ပါတယ်။

ဆက်လက်ပြီးတော့လည်း သူက “အစောပိုင်းကာလမှာတော့ ကျောင်းတက်နေရပေမယ့်လည်း အဆင်မပြေမှုတွေရှိခဲ့တယ်။ ဘာလို့လဲဆို တော့ ကိုယ်ကဒီကျောင်းက ဘွဲ့ရလာရင် ကျောင်း ဆရာ လုပ်ရမယ်။ ကိုယ်က ကျောင်းဆရာလုပ်ဖို့ ဝါသနာလည်း မပါတော့ ကျောင်းကို လည်း စိတ်မပါဘူး။ တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်လောက်ထိ ဖြစ်ခဲ့တယ်။ သို့သော် နောက်ပိုင်းမှာ ကိုယ်ကစဉ်းစားလာတယ်။ အခု ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဘဝရွေးချယ် မှုပဲဆိုပါစို့။ ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ပဲ အကြောင်းပါလာတယ်။ ဒါကြောင့် ကိုယ်က ဘလော က်ပဲ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ သေချာတာက ဒီအလုပ်ကိုလုပ်နေရမယ့် ပုံစံလမ်းကြောင်းကို ဝင်လာပြီပေ့ါလေ။ ဆိုတော့ ကိုယ်က ဆုံးဖြတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ရောက်တဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားဖို့လိုတယ်ဆိုတဲ့ စိတ်မျိုးနဲ့။” လို့ ပြောပြပါတယ်။

ဒီအချိန်မှာတော့ အမှောင်ခွင်းပြီး အလင်းကို ဝင်ရောက်လာသူ တစ်ယောက်အလား အားသွန်ခွန်စိုက်နဲ့ ကြိုးစားတယ်လို့ သူက ပြောပြပါ တယ်။ ဒီအချိန်မှာလည်း သူ့မှာ အခက်အခဲတွေက အများကြီးရှိခဲ့တာပါပဲ။ အိမ်ကပို့တဲ့ ငွေကြေးနဲ့ မလုံလောက်မှု၊ ငယ်စဉ်ကနေ စာတော်တဲ့ ကျောင်းသားဖြစ်ပေမယ့် အင်္ဂလိပ်စကားတွေ၊ ကွန်ပျူတာတို့လို နည်းပညာအပိုင်းတွေမှာ အားနည်းနေခဲ့မှုစတဲ့ ပြဿနာတွေပါ။ ဒါတွေကို သူက ဘယ်လိုဖြေရှင်းခဲ့ပါလဲ။

“ရန်ကုန်မှာ ကျောင်းတက်ရတယ်။ ကိုယ်တို့ခေတ်က ကျောင်းသားတိုင်းဟာ တက္ကသိုလ်ဆောင်မရဘူး။ ကိုယ်လည်း တက္ကသိုလ်ဆောင် မရတော့ အပြင်ဆောင်မှာ နေရတယ်။ ကိုယ့်မိဘတွေကလည်း အဲဒီခေတ် အတိုင်းအတာနဲ့ဆိုရင် တစ်လမှာမှ ၈ သောင်းလောက်ပို့ပေး နိုင်တယ်။ အမေတို့ဆီက ၆ သောင်း။ အစ်မတစ်ယောက်ဆီက ၂ သောင်းပေါ့လေ။ ကိုယ်တက္ကသိုလ် တက်နေချိန်မှာ ကိုယ့်အမ တစ်ယောက်က ဘွဲ့ရပြီးပြီ။ နောက်တစ်ယောက်က အဝေးသင်တက်တယ်။ ကိုယ့်အထက်က အကိုတစ်ယောက်ဆိုရင် ရှမ်းပြည်မှာ DSTA တက်နေတယ်။ ကိုယ့်အောက်က ညီမဆိုရင်တော့ခါ ၁၀ တန်းပေါ့။ ကျောင်းသားတွေဆင့်နေတယ်။ ဆိုတော့ ကိုယ့်မိဘက တစ်လမှာမှ ၈ ေ သာင်းလောက်ပေးနိုင်တာ။ ကိုယ်က အပြင်ဆောင်မှာနေတဲ့အတွက် ၂ သောင်းပေးရတယ်။ ကိုယ်ထမင်းစားခ တစ်လမှာ ၆ သောင်း။ ထမင်းစရိတ်နဲ့ အဆောင်စရိတ်ပေါင်းလိုက်ရင် ၈ သောင်းဖြစ်သွားပြီ။ ကိုယ်လည်း တက္ကသိုလ်ကျောင်းသား ဆိုတော့ အသုံးစရိတ်လေး တွေလည်း နည်းနည်းရှိလာတယ်။ ဒါပေမယ့် အဲဒီအတွက်ကို မိဘက မပေးနိုင်ဘူး။ ဆိုတော့ ဂိုက်လိုက်ပြတယ်။ ၅ တန်း၊ ၆ တန်း၊ ၇ တန်း၊ ၈ တန်း၊ အစုပဲ။ ၁၀ တန်းတွေကိုလည်း ရန်ကုန်က တချို့ဘော် ဒါဆောင်တွေမှာလိုက်ပြီး ပြတယ်။ ကိုယ့်ကျောင်းအားလပ်ချိန် တွေမှာ တခါတခါ ကိုယ့်ကျောင်းအချိန်တွေလည်းဖျက်လို့ပေါ့။ အသုံးစရိတ်ကို အဲဒီလို ရှာခဲ့ရတယ်။ သူများတွေက ကျောင်းအားတဲ့၊ နားတဲ့ အချိန်တွေ၊ သင်တန်းတက်နေတဲ့အချိန်တွေမှာ ကိုယ်က သင်တန်းမတက်နိုင်။ ကိုယ်က အဲဒီအချိန်မှာ အသုံးစရိတ်ရှာနေခဲ့ရတ ယ်ပေါ့လေ။ အဲဒီလိုမျိုးတွေ ဖြတ်သန်းခဲ့ရတယ်။”
ဘယ်အချိန်တွေမှာ ဘယ်လိုတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုအချိန်မှာတော့ ငွေကြေးအားဖြင့် အဆင်မပြေသေးပေမယ့် သူကိုယ်တိုင် ပဲ့ကိုင်ရှင် ဖြစ်လာပြီဖြစ်လို့ သူသင်ကြားခွင့်ရတဲ့ ကျောင်းသားလေးတွေကို သူတို့ခေတ်က ကျောင်းသားဘဝမှာ မသင်ခဲ့ရတဲ့ ကွန်ပျူတာနဲ့ အင်္ဂလိပ်စကားပြောတွေကိုလည်း တစ်ပါတည်းထည့်ပြီး ဆရာတွေ သီးခြားထားရှိ သင်ကြားပေးထားတယ်လို့ ဆိုပါတယ်။

“ရန်ကုန်တက္ကသိုလ်ကိုတက်ရောက်ခွင့်ရတယ်။ အမှတ် ၄၀၀ ကျောက်တယ်ဆိုကတည်းက ကိုယ့်ဟာကိုယ် ညံ့တဲ့ကျောင်းသားတစ်ယောက် မဟုတ်ဘူးလို့ ထင်တယ်။ သို့သော် ကိုယ်တို့ကနေပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ဖို့ ရောက်သွားတဲ့အခါ ဗမာပြည်အ နယ်နယ်အရပ်ရပ်ကလာတဲ့ ကျောင်းသားတွေနဲ့ ယှဉ်လိုက်တဲ့အခါ ကိုယ်က ညံ့နေသေးတယ်။ ကွန်ပျူတာစကေးတွေ၊ စပီကင်းစကေး တွေ ကိုယ့်မှာမပါလာဘူး။ ဆိုတော့ ကိုယ်တို့က မျက်နှာငယ်ခဲ့ရတယ်။ သူများ ကျောင်းသားတွေက အားသွန်ခွန်စိုက်လိုက်လုပ်နိုင်ကြတယ်။ ပြောနိုင်တယ်။ သိနိုင်တယ်။ ဆိုတဲ့အချိန်မှာကိုယ်က အပန်းတကြီး လိုက်ပြီး ကြိုးစားနေရတယ်။ အဲဒါမျိုးတွေရှိလာတယ်။ အဲဒါကြောင့်လည်း ကိုယ့်စိတ်က မှတ်ထားတာတခုက ကိုယ်တို့မပြည့်စုံခဲ့တဲ့ ဘဝမျိုးကို ကျောင်းသားတွေကို မရောက်စေချင်လို့ပေါ့။ အဲဒါကြောင့် အခုအချိန်မှာ ကိုယ်ခံယူထားတာက ကိုယ့်ကျောင်းက ကျောင်းသားတွေဟာ ကျောင်းသားတစ်ယောက်အတွက် ရှိသင့်ရှိထိုက်တဲ့ Life Skill တွေ အားလုံးပြည့်စုံမှာ မဟုတ်ဘူး။ အားလုံးမပြည့်စုံနိုင်ရင်တောင်မှ သိသင့်သလောက် ရသင့်သဘောက် အနည်းဆုံးပမာဏကို တော့ ရနိုင်အောင်ဖြည့်ဆည်းပေးမယ် ဆိုပြီးတော့ ရည်ရွယ်ထားတယ်။”

ဒါ့အပြင် စစ်တွေမြို့မှာ မွေးဖွားပြီး စစ်တွေမြို့မှာကြီးပြင်းခဲ့တဲ့ ကိုဝင်းကျော်လင်းက ဘာကြောင့်များ စစ်တွေမြို့နယ် ကြွီတဲလို နယ်ရွာ လေးတစ်ရွာမှာသွားပြီး ကိုယ်ပိုင်အထက်တန်းအဆင့် ကျောင်းတစ်ကျောင်းကိုသွားဖို့ခဲ့ရတာပါလိမ့် ဆိုတာကိုတော့ အခုလိုပဲ ပြောပြခဲ့ပါတော့တယ်။

“မြို့ထဲမှာကျတော့ ကိုယ်ပိုင်ကျောင်းတွေလည်း ရှိတယ်။ ဘော်ဒါဆောင်တွေ၊ စာသင်ဝိုင်းတွေလည်း ကိုယ်စီရှိကြတယ်။ ဆိုလိုတာက မြို့ပေါ်က ကျောင်းသားတွေက စာသင်မယ့်ဟာနဲ့ ပတ်သတ်လို့ ရွေးချယ်ခွင့်တွေ အများကြီးရှိတယ်။ သူတို့ ကြိုက်တဲ့နေရာမှာ သွားတ က်လို့ရတယ်။ နယ်က ကျောင်းသားတွေမှာကျတော့ ရွေးချယ်ခွင့်မရှိဘူး။ အစိုးရကျောင်းကို ရောက်လာတဲ့ ဆရာ၊ ဆရာမတွေကိုပဲ အား ကိုးကြရတယ်။ အဲဒီဆရာ၊ ဆရာမတွေအပြင် နောက်ထပ်ရွေးချယ်မှုမရှိဘူး။ အဓိကက ငွေရေး ကြေးရေး မတတ်နိုင်တဲ့မိဘတွေ၊ ကျောင်း သားတွေပေါ့နော်။ ငွေရေးကြေးရေးတတ်နိုင်တဲ့ ကျောင်းသားတွေကတော့ မြို့ထဲက ကျောင်းတွေမှာလာထားလို့ ရတယ်။ သို့သော် အဲဒီ လို ထားနိုင်တဲ့ ရာခိုင်နှုန်းက သိပ်နည်းတယ်။ ဘာလို့လည်းဆိုတော့ နယ်မှာက လက်လုပ်လက်စားတွေများတယ်။ ဒါကြောင့် ကျောင်းသားတွေက ပညာသင်ခွင့် ဆုံးရှုံးနေတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် နယ်ဖက်က ကျောင်းသားတွေ အဆင်ပြေပြေနဲ့ အ ဝေးကိုသွားစရာမလို။ အိုးမကွာအိမ်မကွာသင်ကြားလို့ရအောင်။ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နယ်က ကျောင်းသားတွေ အဆင်ပြေဖို့ နယ် မှာပဲ လုပ်ဖို့ရွေးချယ်လိုက်တာဖြစ်တယ်။”

 684 total views,  1 views today