ArakanYoma|

ကျောင်းဖွင့်ရာသီရောက်လာတာနဲ့ စစ်ဘေးရှောင်နေကြရတဲ့ ရခိုင်ပြည်နယ်အတွင်းက ကျောင်းသားတွေ အချိန်မှီ ကျောင်းတက်နိုင်ဖို့ အစီအမံတွေ လုပ်ဆောင်နေတယ်လို့ ပြည်နယ်ပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်ကျောင်းသားတွေဟာ ဘာအချက်အလက်မှမပါရင်လည်း နီးစပ်ရာ စာသင်ကျောင်းတွေက လက်ခံပေးဖို့၊ စခန်းတွေမှာ စာ သင်မယ့်နေရာတွေရှိတယ်ဆိုရင် အဲဒီစခန်းတွေမှာပဲ စာသင်ကြားနိုင်ဖို့ စတဲ့အစီအမံတွေကို လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း ဒီအတိုင်းပဲဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်ကျောင်းသားအရေအတွက်ဟာ အတည်တကျမရှိတဲ့ ဒီနှစ်မှာလ ည်း စာရင်းတွေထပ်ကောက်နေရတယ်လို့ ရသေ့တောင်မြို့နယ် လက်ထောက်ပညာရေးမှူးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁သိန်းခွဲကျော်လောက်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး အဲဒီထဲမှာ ကျောင်းသား၊ ကျောင်းသူအရေအတွက် သောင်းနဲ့ချီပါဝင်နေတာပါ။

ဒီစစ်ပွဲကာလအတွင်း တချို့ကျောင်းသားတွေဟာ ကျောင်းတက်နေရင်းနဲ့ ထွက်ပြေးလာရတာ၊ စာမေးပွဲအတွင်းမှာ ပစ်ခတ်မှုတွေဖြစ်တာ စတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တာကြောင့် ကျောင်းသားတချို့ဟာ ကျောင်းတက်ခွင့်ဆုံးရှုံးခဲ့ရတာတွေလည်း များစွာရှိခဲ့ပါတယ်။

 565 total views,  1 views today