ArakanYoma|

ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်လျှက်ရှိသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ကိုရို နာ ဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အထောက်အကူပြုပစ္စည်း တစ်ချို့ကို တရုတ်ကုမ္ပဏီ တစ်ခုက လှူဒါန်းလာသည်။

CITIC Group ဟုခေါ်သည့် တရုတ်ကုမ္ပဏီမှ လှူဒါန်းခြင်း ဖြစ်သည်။ လှူဒါန်းမှုတွင် ကာကွယ်ရေးဝတ်စုံ PPE အထည် ၃၅၀၊ နှာခေါင်းစ ည်း ၂ သောင်း ၅ ထောင်နှင့် မျက်နှာကာ ၅၆၀ ခုတို့ ပါဝင်သည်။

အဆိုပါ တရုတ်ကုမ္ပဏီမှ မေလ ၁၉ ရက်နေ့မှာ ယခုလို လှူဒါန်းလာခြင်းဟာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ပြီးခဲ့သည့် မေလဆန်းပိုင်းက တစ်ကြိမ်လှူဒါန်းခဲ့သေးသည်။ ယင်းအကြိမ်က ဆန်တန်ချိန် ၃၀၊ ပိုးသတ်ဆေးဖြန်းဗူး ၁၀ ဗူး ပါဝင်သည်။

ယင်းကုမ္ပဏီအနေနှင့် ဆွေးမျိုးပေါက်ဖော်ဆက်ဆံရေးအရ လူမှုရေးဆိုင်ရာတာဝန်ခံမှုကို ရည်ရွယ်လှူဒါန်းခြင်းဖြစ်ကြောင်း တရုတ်သံရုံး ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သံအရာရှိ တန်ရှုဖူက ပြောဆိုကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

 532 total views,  1 views today