ArakanYoma|

လက်ရှိ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါ ကိုဗစ်-၁၉ အကြပ်အတည်းကာလအတွင်း သတင်းသမားတွေကို အကူအညီပေး သွားမယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မေလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်အနေနဲ့ သတင်းသမားတွေကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့အတွက် ကိုဗစ်ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မတည်ထားတာလည်း ဖြစ်ပါတယ်။

လတ်တလော သတင်းရယူနေတဲ့ သတင်းထောက်တွေဟာ တကယ်လို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာ၊ Quarantine ဝင်ရတာတို့ ဖြစ်ပေါ်လာရင် တစ်ဦးကို ငွေကျပ် ၂ သိန်းနှုန်းနဲ့ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အဆိုပါရောဂါကြောင့် အလုပ်ရပ်နားလိုက်ရတဲ့ သတင်းထောက်တွေကိုလည်း အခြေခံစားသောက်ကုန်တွေ ပံ့ပိုးပေးသွားမယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ အဲဒီလိုအကြပ်အတည်းရင်ဆိုင်နေရတဲ့ သတင်းသမားတွေစာရင်းကိုကောက်ယူ နေပြီး သတင်းထောက်တွေ၊ သတင်းဌာနတွေက အလုပ်ရပ်နားထားသူတွေရှိရင် သူတို့ဆီကို စာရင်းပေးပို့ဖို့ မေတ္တာရပ်ခံထားပါတယ်။

 552 total views,  1 views today