Arakan Yoma|

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက်နေ့မှာကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူးမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာနိုင်ငံတဝှမ်းလုံးက အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၂ သောင်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတဝှမ်းလုံးက အကျဉ်းထောင်အသီးသီးမှာကျခံနေရတဲ့ မြန်မာနိုင်ငံသားအကျဉ်းသား ၂၄၈၄၆ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၈၇ ဦးတို့ကို လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့ လူစားချင်းစာနာ ထောက်ထားမှုကိုအလေးထားသောအားဖြင့်လည်းကောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ် မခွဲ (က) အရ အခုလို လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီလ ၁၇ ရက်နေ့ မတိုင်ခင်မှာ ပြစ်ဒဏ်ခံစားနေရသူတွေထဲက သေဒဏ်ကျခံနေရသူတွေကို လွတ်ရက်မရှိတဲ့ တစ်သက်တစ် ကျွန်း ပြစ်ဒဏ်သို့လည်းကောင်း၊ တစ်သက်တစ်ကျွန်းကျခံနေရသူကို အနှစ် ၄၀ သို့လည်းကောင်း၊ အနှစ် ၄၀ ကျခံနေရသူကို ၁၀ နှစ်သို့ လည်းကောင်း လျော့ပါးတဲ့ပြစ်ဒဏ်တွေ ပြောင်းလဲပြင်ဆင်းပေးထားတာတွေ့ရပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ ကိုဗစ်နိုက်တင်း ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာတို့ရဲ့ အစဉ်အလာကြီးမားတဲ့ အတာသင်္ကြန် လွတ် လပ်စွာ မကျင်းပကြရတာကို စိတ်မကောင်းကြောင်းနဲ့ ရောဂါတိုက်ဖျက်ရေးမှာ ကူညီကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသားခွင့်ထဲမှာ နိုင်ငံရေးအကျဉ်းသားအဖြစ်ထောင်ဒဏ်ကျမှတ်ခံနေရတဲ့ နိုင်ငံရေးသမားတချို့ ပါမ လာခဲ့ခြင်းနဲ့ ကမ္ဘာ့ကပ်ဆိုးကြီးဖြစ်ပေါ်နေချိန်မှာ သောင်းနဲ့ချီတဲ့ လူတွေကို လွှတ်ပေးလိုက်တဲ့အပေါ်မှာတော့ ဝေဖန်မှုတွေလည်း ထွက် ပေါ်နေတာတွေ့ရပါတယ်။

 488 total views,  1 views today