ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရွက်ဟောင်းကြီွလို့ ရွက်သစ်ဝီချိန် နွီဦးရာသီ၏ နိန့်တစ်နိန့်မှာ ဖြစ်ပါရေ။ အချိန်ကတော့ ညနေ ၃ နာရီကျော်လောက်ရှိနီပါဗျာလ်။ နီက တော့ ရှမ်းရှမ်းတောက်ပူနီတုန်းပါ။ ဒေအချိန်မှာ ပင်လယ်ကြီးကို မျက်နှာမူ၊ နီမင်းကြီးကို ကျောခိုင်းပြီးကေ လူတချို့အလုပ်ချုပ်နီကတ် ပါရေ။

တချို့လို့ဆိုကေလေ့ အလုပ်တစ်ခုစီကို နှစ်ယောက်စီတွဲလုပ်ရရေ အလုပ်ဖြစ်ပါရေ။ တနည်းအားဖြင့်ဆိုကေ လင်း၊ မယားနှစ်ယောက်စီ လုပ်ကတ်တေ အလုပ်လေ့ ဖြစ်ပါရေ။ ကမ်းဆွဲပိုက်လို့ ဒေသကခေါ်ရေ အငယ်စား ပိုက်မျှောလုပ်ငန်းတစ်ခုဖြစ်ပြီးကေ အမျိုးသားဖြစ်သူ က ပိုက်၏အစတစ်ဖက်ကိုကိုင်ပနာ ရီနက်ပိုင်းကို ဆင်းမျှောရပြီးကေ အမျိုးသမီးဖြစ်သူက ကမ်းစပ်ကနီဗျာလ် နောက်ပိုက်စတစ်ဖက်ကို ကိုင်လို့ ပိုက်ရွိလျားရာဖက်ကို လိုက်ပီးရပါရေ။

“ပိုက်ကတော့ နိတိုင်းဆွဲနီရရေ။ လုံးဝငါးမရဆိုလို့ရှိကေ မဆွဲဘဲနဲ့ အိမ်မှာနားလိုက်တေ။ ပြီးခရေ ဒီဇင်ဘာလကဆိုကေ သမီးမွီးနိန့်၊ တစ် လပိုင်း၊ ၂ လပိုင်း၊ ၃ လပိုင်းမှာ ပြန်ဆွဲဟာ။ ဇာလို့ဆို ယင်းရက်ပိုင်းမှာသမီးကနီမကောင်း၊ ကျောင်းတက်နဲ့ မဆွဲဖြစ်ခ။ အမြဲတမ်း အပြည့် ရရေလို့တော့ မရှိ။ ကိုယ့်အတွက် တနပ်စာကို အမြဲတမ်း ပုံမှန်ရနီရေ။ ပိုချန်ကေလေ့ အခြောက်လုပ်ထားလိုက်တေ။”

နီဝင်လို့ ၅ နာရီလောက်ရောက်ချိန်မှာတော့ကေ ဒီရေ၏သဘောသဘာဝအလျောက် ငါးပါလေ့မရှိတတ်လို့ တချို့က အိမ်ပြန်ကတ်တေ ပိုင် တချို့ကလေ့ ဆက်ဆွဲကျန်ခကတ်ပါရေ။ ပိုက်ဆွဲနီရင်းနဲ့ဖြစ်ဖြစ်၊ ပိုက်သိမ်းချိန်မှာဖြစ်ဖြစ် မြစ်ကမ်းဘေးမှာလမ်းလျှောက်ရင်း ငါးလာ ဝယ်ရေလူတိကို ရောင်းလေ့ရှိကတ်ပါရေ။

“အခင်က ပတ်လို့ဆွဲရေ။ အရီးက အထက်ကနီပြီးကေ ကိုင်ပီးရေ။ အစကတော့ ဒေအလုပ်ကို မလုပ်လေ။ အိမ်ထောင်ကျခါ အလုပ်အား နီစွာနဲ့ဆာကေ ပိုက်တစ်လက်ဆင်လိုက်တေ။ ကိုယ့်စွာကိုယ် ရှာစားကေ ငါးဖိုးသက်သာရေ ဆိုပြီးကေ။ အိမ်မှာဆိုကေလေ့ ဟင်းပင်ချေ တိစိုက်ထားရေ။ မုန်ညှင်းတိ၊ ဘူးပင်တိ၊ ခရမ်းသီးတိဘာတိစိုက်ထားရေ။ ဟင်းဖိုးလည်းသက်သာရေ။ ငါးဖိုးလည်းသက်သာရေ။ ဝယ် သားလာကေလေ့ ရောင်းပစ်လိုက်တေ။”

ယင်းနိကတော့ ဒေါ်စိမ့်စန္ဒာထွန်းရို့ဇနီးမောင်နှံအတွက် လက်ကီးဒေးပါ။
“ရောင်းလေ့ ကောင်းမရောင်းရ။ ဒေနိန့်မ ရောင်းရစွာ။ တစ်ခါတောင် မရောင်းဖူး။ ကိုယ့်စွာ စားဖို့လောက်ပဲရရေ။ ရောင်းရေအခါလေ့ရှိ ရေ။ မရောင်းရရေခါကျလေ့ ဆွေမျိုးအသိုင်းအဝိုင်းတိ အဖဖက်က ညီအစ်ကိုတိကို တစ်နပ်စာစီလားပီးလိုက်တေ။ တချို့ကတော့ကေ ဖဲသာနန့် ၃၊ ၄ ထောင်ဖို့လာဝယ်ရေ။”

နာမေနန့် လူလိုက်ဖက်ပြီးကေ အမျိုးသမီးတစ်ဦးမှာ ရှိသင့်ရှိထိုက်ရေ အလှပတိကိုပိုင်ဆိုင်ထားရေ အရီးဒေါ်စိမ့်စန္ဒာထွန်းမာ အိမ်ထော င်ကျပြီးရေနောက်ပိုင်း သမီးချေတစ်ယောက်မွီးဖွားလာပါရေ။ သူ အခုအသက် ၄၃ နှစ်အရွယ်ရောက်တေအထိ ဒေသမီးချေတစ်ယောက် ယာရှိပြီးကေ ၃ တန်းရောက်နီပါဗျာလ်။

“စက်လေ့နည်းနည်းပါးပါးခြုပ်တေ။ သမီးကျောင်းတက်တေအခါ အင်္ကျီချေဘာချေခြုပ်ပီးရေ။ ကျောင်းဝတ်စုံခြုပ်ပီးရေ။ လူတိလာအပ် ကေလေ့ နည်းနည်းပါးပါးခြုပ်ပီးရေ။ လုပ်စားစွာတော့မဟုတ်။ ထဘိန်ချေတစ်ထည်ခြုပ်ပီးပါဦးဆိုကေ ခြုပ်ပီးလိုက်တေ။ လင်နဲ့နှစ်ယေ ာက်ပိုက်ဆွဲကတ်တေ။ ရောင်းဖို့ရကေလေ့ ရောင်းလိုက်တေ။ စားဖို့ကျကေလေ့ စားရေ။ မိသားစုကိုလေ့ ပီးရေ။ မောင်နှမတိ၊ မိသားစုတိ ရှိစွာကို။”

စကားပြောကေ ရရယ်မမောဆိုလေ့ရှိပြီးကေ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းတတ်တေ သူ့မှာ အခက်ခဲတိလေ့ အများကြီးရှိကေလေ့ သူ လုပ်စရာရှိစွာတိကိုလုပ်ပြီးကေ စားဝတ်နီရေးဖူလုံအောင် ကြံဆောင်ပါရေ။ အမျိုးသားဖြစ်သူနဲ့တတူ ပိုက်ဆွဲရေ အလုပ်က အပိုဝင်ငွေ ရဖို့ဆိုစွာထက် သူ့ထမင်းစားဝိုင်းမှာ ငွေထုတ်သုံးစရာ မလိုဘဲ ငါးတစ်မယ်တိုးဖို့ အဓိကထားပါရေ။

“ပိုက်ကလေ့ ကိုယ့်စားဝတ်နီရေးအတွက်ရာ ဆွဲနီစွာ။ ယလောက်ထိ အဆင်မပြေလို့ မဟုတ်။ မဆွဲကေလေ့ အဆင်ပြေရေ။ စားရရေ။ ဟင်းသီးဟင်းရွက်ချေရောင်း၊ ကြက်ချေ၊ ဝက်ချေမွီးဇတ်ထားရေ။ မွေးမြူရေး၊ စိုက်ပျိုးရေး အားလုံးလုပ်တေ။”

တစ်ခါတစ်လီကျကေလေ့ ရကေရသလောက်ရောင်းရေလို့ ဆိုပါရေ။ သူ့လက်ကတော့ ဗုံတီးပိုင် တီးနီရပါရေ။ အငယ်ချေကပင်တတ် မြှောက်ခရေ စက်ခြုပ်ပညာနန့် အိမ်တွင်းအဝတ်တိကိုမက လာအပ်သူရှိကေရှိသလောက် လက်ခံပနာ အိမ်တွင်းလုပ်ငန်းတိဖြစ်တေ သီးပင်စားပင်တိစိုက်ထားစွာ၊ ကြက်၊ ဝက်၊ ဘဲမွီးမြူစွာတိကိုလေ့ မပြတ်တမ်းလုပ်ဆောင်ထားပါရေ။

“တစ်ခါတစ်လီကျကေလေ့ ဖဲသာမရှိရေခါလေ့ ရှိရေ။ ယကေလေ့ ကိုယ့်မှာငါးဟင်းတိလေ့ ပူစရာမလိုခါ အဝတ်တိဆိုလေ့ အေးမတိ၊ အ ကိုတိက ထည့်ပီးကတ်တေ။ မောင်နှမ ၇ ယောက်ရှိရေ။ ၂ ယောက်က ဆုံးလားရေဆိုခါ ၅ ယောက်ပေါ့။ အိမ်ဆောက်ဖို့ကျကေလေ့ သစ် စက်ရှိရေအေးမပါးကပီးရေ။ ထောက်ပ့ံပီးကတ်တေ။ ငတ်တေလို့တော့ ဇာရှိဖို့လဲ။”

အမျိုးသားဖြစ်သူမာရာမက သူ့မှာပါ မိသားစုဆွေမျိုးအသိုင်းအဝိုင်းပေါများသလောက် သူရို့အပေါ်မာ မေတ္တာထားရေအတွက် စေတနာ ၏ ရောင်ပြန်ဟပ်မှုကို ခံစားရပါရေ။ ယချင့်ကတော့ သူအခက်ခဲဖြစ်နီရေ အချိန်တိမှာမိသားစုမောင်နှမတိက ဝိုင်းဝန်းထောက်ပံ့ပီးကတ် စွာပါ။

“ကိုယ့်ရို့ အလုပ်လားလုပ်ကေ သူ့မိ၊ သူ့ဖနဲ့ အိမ်ကဘေးချင်းကပ်လို့ဆိုခါ သမီးကို သူရို့နဲ့ အပ်ထားခရေ။ သူတစ်ယောက်တည်း မဟုတ် ။ အစ်ကိုတိမာလေ့ သား၊ သမီးတိ အများကြီးရှိရေ။ အေးမတိလေ့ရှိရေ။ သူရို့နဲ့ ထားပစ်ခရေ။ အဘောင်မနန့်ထားပစ်ခရေ။ အိမ်တံခါးကို သော့ခတ်ခရေ။”

လက်ရှိမှာ ကျဘန်းအလုပ်တိကောက်လုပ်နီရရေ အရီးဒေါ်စိမ့်စန္ဒာထွန်းကတော့ ကိုယ်ပိုင်စီးပွားရေးချေတစ်ခုကိုလုပ်ချင်နီသူပါ။ ဇာပိုင် လုပ်ငန်းမျိုးပါလေ။

“ကုန်စုံဆိုင်ချေရောင်းချင်ရေ။ ရောင်းချင်လို့ ငွေကြေးက လိုပြန်ယာကော။ အခက်အခဲက။ ယချင့်ကလေ့ ၄၊ ၅ သောင်းနဲ့ရရေအမျိုး မ ဟုတ်။ ပိုက်ဆိုကေ ၅၊ ၆ သောင်းလောက်ဆိုကေ ဝယ်လို့ရယာ။ ခုခေတ်မာ ငွေတစ်သိန်းနဲ့လေ့ တစ်ခုလေ့ မရ။ ၂ သိန်းနန့်လေ့ တစ်ခု မရ။ စီးပွားရေးတော့ခါ လုပ်ချင်ရေပ။ ကုန်စုံဆိုင်ရောင်းလို့။ အထည်တိရောင်းလို့ လုပ်ချင်ရေ။ လုပ်ချင်ကေလေ့ ငွေကြေးက များများ စားစားမရှိရေခါ မလုပ်နိုင်။ ယချင့်ကလေ့ အချိန်ပီးပြီးထိုင်ရရေ။ ဆိုင်ခန်းကလေ့ လိုပြန်ရေ။ မဝယ်ကေလေ့ ငှားရရေ။ လုပ်ချင်ခကေလေ့ ကိုယ်မာက တစ်ပိုင်တစ်နိုင် အိမ်ထက်မာပဲ လုပ်နိုင်ရေ။”

သူနီထိုင်ရေ ကျောက်ဖြူမြို့ရေ ပြည်နယ်၏ ဒုတိယမြို့တော်၊ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပိုင် အနောက်နိုင်ငံတိက ပင်လယ်ကူးသင်္ဘောတိ ဆိုက်ကပ်တေမြို့တစ်ခု ဖြစ်ကေလေ့ အောက်ခြေလူတန်းစားတိမာတော့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးနီဆဲဖြစ်ပြီးကေ အခုပိုင်ပဲ အခက်ကြုံနီရစွာပါ။

“တစ်ခါတစ်လီကျကေ ပုစွန်ရို့၊ ရဂက်ရို့ပါရေ အချိန်တိကျကေ ညဉ့်မာလာဆွဲရရေ။ ငါးဆိုလို့ရှိကေ နိန့်ခင်း၊ တစ်ခါတစ်လီကျကေလေ့ မိုးထပိုင်း။ အချိန်ကိုတော့ ပြောလို့မရ။ ငါးကျဖို့အချိန်ကို ခန့်မှန်းပြီးကေ ရီကိုကြည့်လို့ ဆွဲကတ်တေ။ သူ့အကိုဆိုလို့ရှိကေ မိုးထစစောက လားစွာ။ တစ်ခုလေ့ မရခ။ သူများတိ ရဂက်ကျရေဆိုပြီးကေ လာကတ်စွာ။ တစ်လုံးနှစ်လုံးယာရခရေ။ မရရေခါလေ့ ရှိရေ။”

ယကေလေ့ သူရို့တိကတော့ ပြည်နယ်ရဲ့အုပ်ချုပ်သူတိကောင်းကေမ သူရို့ဘဝတိ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ဆိုစွာကို သဘောပေါက်သူက နည်းပါးပြီးကေ ကိုယ်လုပ်နိုင်မ ကိုယ်စားရဖို့ဆိုရေ စိတ်မျိုးမွီးကတ်ပါရေ။

“လုပ်နိုင်ရေအတွက် စားရရေ။ တစ်ခုလေ့ မလုပ်ပဲနဲ့ ထိုင်နီကေတော့ မစားရလေ။ လက်ကတော့ ဗုံတီးတီးနီစွာယာ။ ငြိမ်နီလို့ မရ။ ည ဆိုလေ့ သူများတိမာ ရဂက်ကျရေဆိုကေ (ပိုက်) လာဆွဲလိုက်တေ။ ဝဝလင်လင်ကို စားရရေ။ ကိုယ့်မှာငါးချေဘာချေရောင်းလို့ ဖဲချာရ ကေ၊ အသီးအရွက်ချေဘာချေရောင်းလို့ ဖဲချာရလိုက်ကေ ဆန်ချေ၊ ဆီချေဝယ်ထားလိုက်တေ။”

အခုပိုင် အခက်ခဲကြုံနီရရေ ဘဝတိ၊ ဆင်းရဲကြပ်တည်းနီရေ မိသားစုတိမာလေ့ သူရို့၏ မျှော်လင့်ချက်တိ မပြည့်ဝခကေတောင် သူရို့၏ သား၊ သမီးတိကိုတော့ ဖြည့်ဆည်းပီးချင်ကတ်စွာယာ မဟုတ်ပါလာ။

“သမီးချေကိုက ပညာတတ်ဖြစ်အောင်သင်မယ်။ အေးမတိကလေ့ ရန်ကုန်က ခေါ်နီရေ။ ကိုယ့်မာက သမီးချေတစ်ယောက်တည်းပဲရှိစွာ ဆိုခါ မပို့ချင်။ ဒေကျောက်ဖြူမှာယာ သမီးကိုအားလုံးအဆင်ပြေအောင် လုပ်ပီးနီရေ။ လိုလေသေးမရှိအောင်။”

ဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတိကြောင့် အိမ်ရှင်ဖြစ်သူ အမျိုးသားတိရာမက အိမ်ရှင်မတိလေ့ တတ်နိုင်ရေဖက်က ဝင် လုပ်နီကတ်ရပါရေ။ နီရပ်မှာ အခွင့်အလမ်းနည်းပါးနီကေလေ့ ဒေသမှာဗျာလ် ဒုက္ခမျိုးစုံခံပနာထမင်းတစ်နပ်ရှာဖွေစားသောက်နီကတ်သူ တိရှိပိုင် နိုင်ငံခြားကိုထွက်အလုပ်လုပ်ပြီးကေ မိသားစုကို ထောက်ပံ့နီသူတိလေ့ အများကြီး ရှိပါရေ။

“သူရို့လေ့ ကြက်တိ၊ ဝက်တိ၊ ဘဲတိ မွီးဇပ်ကတ်တေ။ အသားသတ်လုပ်ငန်းက အသားတိ ဝယ်ရောင်းရေ လူတိလေ့ရှိရေ။ လက်လုပ်လ က်စားတိရှိရေ။ နိုင်ငံခြားမာလားလုပ်နီပြီးကေ မိဘတိကို ထောက်ပ့ံနီရေ လူတိလေ့ရှိရေ။”

သမီးချေတစ်ယောက်ရာရှိရေ ဒေါ်စိမ့်စန္ဒာထွန်းရို့ မိသားစုမာတောင် ဇနီးမောင်နှံနှစ်ဦးစလုံး ရုန်းကန်လို့ မဖူလုံဆိုကေ သား၊ သမီးများ ရေ မိသားစုတိဆိုကေ ဘလောက်တောင်က ခက်ခဲလိုက်ဖို့ဆိုစွာ ပြောနီစရာတောင် မလိုပါယာ။

 515 total views,  2 views today