ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှနန့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနီ ကိုယ်စားလှယ်၊ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူး Mr.Ola Almgren ရို့ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခကတ်ပါရေ။

ဧပြီလ ၅ ရက်နိန့်က ပြုလုပ်ခရေ ဒေအွင်လိုင်းဆွေးနွေးမှုမာ ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးခကတ်စွာဖြစ်ပါရေ။ သူရို့ဆွေးနွေးချက် တိထဲမှာ လက်ရှိဖြစ်ပွားနီရေ တပ်မတော်နဲ့ အေအေရို့၏ စစ်ရေးအခြေအနေနဲ့ ယင်းနောက်ဆက်တွဲ မီဒီယာအခန်း ကဏ္ဍ၊ အင်တာနက် ဖြတ်တောက်ခံထားရစွာ၊ နီရပ်စွန့်ခွာသူများလာရေကိစ္စနဲ့ ယင်းစစ်ပွဲတိကို ရပ်နိုင်ဖို့ ငြိမ်းချမ်းရေး အလားအလာတိပါ ဝင်ပါရေ။

ယင်းအပြင် ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်နီရေ ကိုဗစ်နိုက်တင်းနဲ့ ပတ်သတ်လို့ ပြည်နယ်အစိုးရ၏ ဆောင်ရွက်နီမှုအပေါ် အားနည်းချက်၊ အားသာချက်တိ၊ နိုင်ငံ ၁၇ ခု၏ အကူအညီနဲ့ လုပ်ဆောင်နီရေ ရခိုင်ပြည်နယ်ဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းတိ၊ ရွေးကောက်ပွဲအလားအလာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တိကိုလေ့ ဆွေးနွေးခကတ်စွာပါ။

ယင်းဆွေးနွေးပွဲကို ကုလသမဂ္ဂအဖွဲ့က စီမံကိန်းရေးဆွဲရေးဆိုင်ရာနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အကြံပီးပုဂ္ဂိုလ် Mr. Ducan နန့် အဖွဲ့ဝင်တိတက်ရောက်ခကတ်တေလို့ ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ထားပါရေ။

ArakanYoma, Photo: Aung Aung Htoo/Sittwe

 470 total views,  2 views today