ArakanYoma|

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်၊ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူး Mr.Ola Almgren တို့ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

ဧပြီလ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒီအွင်လိုင်းဆွေးနွေးမှုမှာ ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဆွေးနွေးချက်တွေထဲမှာ လက်ရှိဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးအခြေအနေနဲ့ အဲဒီနောက်ဆက်တွဲ မီဒီယာ အခန်းကဏ္ဍ၊ အင်တာနက်ဖြတ်တောက်ခံထားရတာ၊ နေရပ်စွန့်ခွာသူများလာတဲ့ကိစ္စနဲ့ အဲဒီစစ်ပွဲတွေကိုရပ်နိုင်ရေးမယ့် ငြိမ်းချမ်းရေး အလားအလာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်နေတဲ့ ကိုဗစ်နိုက်တင်းနဲ့ ပတ်သတ်လို့ ပြည်နယ်အစိုးရရဲ့ ဆောင်ရွက်နေမှုအပေါ် အားနည်းချက်၊ အားသာချက်တွေ၊ နိုင်ငံ ၁၇ ခုရဲ့အကူအညီနဲ့ လုပ်ဆောင်နေတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ရွေးကောက်ပွဲအလားအ လာတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေလည်း ဆွေးနွေးခဲ့ကြတာပါ။

အဲဒီဆွေးနွေးပွဲကို ကုလသမဂ္ဂအဖွဲ့က စီမံကိန်းရေးဆွဲရေးဆိုင်ရာနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Ducan နဲ့ အဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြတယ်လို့ ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် – ဓာတ်ပုံ (အောင်အောင်ထူး)

 516 total views,  1 views today