Arakan Yoma|

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုရိယားကုမ္ပဏီ BXT တို့ ပူးပေါင်းလုပ်ဆောင်နေသည့် စစ်တွေမြို့ တိုးချဲ့မြေထဲတွင် မြန်မာငွေကျပ်သိန်း ပေါင်း ၁ သောင်းကျော်အသုံးပြုပြီး ဘုရားတစ်ဆူတည်ထားကိုးကွယ်ရန် စီစဉ်နေကြသည်။

ပြည်တွင်း၊ ပြည်ပသာသနာပြု မဟာဇေယျသိဒ္ဒိ အဓိဌာန်ဆရာတော်ကြီး ဦးဆောင်မှုဖြင့် တည်ထားကိုးကွယ်မည့် အဆိုပါဘုရားမှာ ထိုင် တော်မူတစ်ပါးဖြစ်ပြီး ရန်ပြေမာန်ပြေဘုရားကြီးဟု အမည်ပေးထားသည်။

အဆိုပါထိုင်တော်မှုဘုရားမှာ ဉာဏ်တော်အမြင့် ၈၁ ပေရှိပြီး ယင်းဘုရားတည်ဆောက်ရန် မြေနေရာပတ်ပတ်လည် ပေ ၁၂၀ ကျော်ကို လက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုရိယားကုမ္ပဏီ BXT တို့ကပူးပေါင်းလုပ်ဆောင်နေသည့် စစ်တွေမြို့မစျေးကြီးဖောင်တော်အနီး မြေထဲမှ လှူဒါန်းထားခြင်း ဖြစ်သည်။

မတ်လ ၂၂ ရက်နေ့ ၈ နာရီခန့်တွင် ပန္နက်တင်အုပ်မြစ်စီမင်္ဂလာပြုလုပ်ရာ အဓိဌာန်ဆရာတော်ကြီးနှင့်တကွ သံဃာတော်များ၊ BXT ကုမ္ပဏီတာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် မြို့သူမြို့သား တချို့တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားတွင် မြေလှူဒါန်းသည့် ကိုရိယား ကုမ္ပဏီ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး လိုအပ်သည်များကို ပြုလုပ်ခဲ့ကြသည်။

 521 total views,  1 views today