Arakan Yoma|

အပြည်ပြည်ဆိုင်ရာ အကူညီပေးရေးအဖွဲ့ IRC ရဲ့ တက်လက်စီမံကိန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်တယ် လို့ IRC အဖွဲ့က သိရပါတယ်။

IRC ဟာ သတင်းမီဒီယာတွေကို ခေါ်ယူခဲ့တာကြောင့် မူလသဘောတူညီချက် MOU ထဲမှာ မပါဝင်တဲ့ အချက်ကို ချိုးဖောက်တယ်ဆိုပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က စတင်ပြီး ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

IRC အဖွဲ့ကတော့ မရည်ရွယ်ဘဲ ရိုးသားစွာ မှားယွင်းခဲ့တဲ့ သူတို့အပြစ်အတွက်လည်း ဝန်ခံထားပြီးဖြစ်သလို ပြည်နယ်အစိုးရအဖွဲ့က ရပ် ဆိုင်းဖို့ ညွှန်ကြားပြီးတဲ့နောက်မှာ ခရီးသွားလာခွင့်တစ်နှစ်ခန့်မရရှိဘဲ သတ်မှတ်ချိန်ထက်လည်း တစ်နှစ်စောကာ ရပ်ဆိုင်းခဲ့ရတာဖြစ်ပါ တယ်။

ဒါကြောင့် မင်းပြားနဲ့ မြေပုံမြို့နယ်မှာရှိတဲ့ ရာနဲ့ချီတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ကျေးရွာဒေသခံတွေအပါအဝင် သူတို့ဝန်ထမ်း ၆၀ လောက်ဟာလည်း နစ်နာမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပြည်နယ်အစိုးရကလည်း IRC ရဲ့ အစီစဉ်နဲ့ဆိုရင် ဘယ်စီမံကိန်းကိုမှလည်း ခွင့်မပြုတော့ဘူးလို့ ပြောဆိုခဲ့ပေမယ့် အဲဒီလို ရပ်ဆိုင်းလို့ ၂ လလောက်ကြာမြင့်တဲ့ အခုအချိန်မှာ ပြန်လည်ခွင့်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။

IRC ရဲ့ တက်လမ်းစီမံချက်ဟာ မြေပုံနဲ့ မင်းပြားမြို့နယ်က ကျေးရွာတွေမှာ ရေငန်တားတာတမံနဲ့ ရေတံခါးတွေဆောက်လုပ်ပေးတာ၊ ဆားငံရေဒဏ်ခံ စပါးမျိုးစေ့နဲ့ နည်းပညာတွေကို ဖြန့်ဝေပေးခဲ့တာ၊ အမျိုးသမီးတွေကို ငွေကြေးစီမံခန့်ခွဲမှု သင်တန်းစတဲ့ သက်မွေးဝမ်း ကြောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးဆောင်ရွက်ချက်တွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ရပ်ဆိုင်းမခံရမှီ ကာလအတွင်းမှာတော့ အဆိုပါ မြို့နယ်က ကျေးရွာ ၁၀၂ ရွာက လူဦးရေ ၅ သောင်း ၆ ထောင်ကျော်ကို ၅ နှစ်ကျော် အကူညီပေးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ အစိုးရက အခုလို ပြန်လည်လုပ်ဆောင်ခွင့်ပေးလိုက်တာကို ဒေသခံတွေအတွက်ကောင်းမွန် တဲ့အတွက် ဝမ်းသာကြိုဆိုကြောင်း ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

 490 total views,  1 views today