Arakan Yoma|
အိန္ဒိယနိုင်ငံသမ္မတနန့် မြန်မာနိုင်ငံသမ္မရို့၏ ချစ်ကြည်ရေးခရီးစဉ်အတွင်းမာ နားလည်မှုစာချွန်လွှာ ၁၀ ခုကိုရီးထိုးနိုင်ခပနာ ယင်းအထဲမာ ရခိုင်ပြည်နယ်နန့် သက်ဆိုင်ရေစာချွန်လွှာအချို့လေ့ ပါဝင်ပါရေ။

တရားမဝင်ကူးသန်းရောင်းဝယ်မှုတိုက်ဖျက်ရေး၊ ကျားနန့် တောရိုင်းတိရစ္ဆာန်တိကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မမြန်ဆဆန်အ ကျိုးဖြစ်ထွန်းစီဖို့ စီမံချက်တိအကောင်အထည်ဖော်ရန် အိန္ဒိယက ကူညီဆောင်ရွက်ပီးနိုင်ရေးနန့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးဆိုင်ရာတချို့ကို ရီးထိုးခကတ်စွာဖြစ်ပါရေ။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အောက်မာ မြောက်ဦးဆေးရုံအတွင်း စွန့်ပစ်ပစ္စည်းက စွမ်းအင်ပြန်လည်ထုတ်ယူနိုင်ရေ စက်ရုံ တည်ဆောက်ရေး၊ ဂွမြို့နယ်မာ မျိုးစိသိုလှောင်ရုံတိနန့် ရီပီးဝေရေးစနစ်တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းသဘောတူညီချက်၊ မြို့နယ်ငါး ခုမာ နီရောင်ခြည်သုံးလျှပ်စစ်စွမ်းအင်ပီးစက်ရုံတိတည်ဆောက်နိုင်ရေးနန့် ကျေးရွာတချို့မာ လမ်းတိဖောက်လုပ်ခြင်းတိပါဝင်ကြောင်း နိုင် ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါရေ။

မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်နန့် ဇနီးရို့ ဦးဆောင်ရေအဖွဲ့ရေ အန္ဒိယနိုင်ငံကို ဖေဖော်ဝါရီ ၂၇ ရက်နိကနီ ၂၉ ရက်နိအထိ ၃ ရက်တာ လားရောက်ခစွာဖြစ်ပြီးကေ ယင်းအဖွဲ့မာ ပြည်ထောင်စုဝန်ကြီးတချို့နန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရို ့လေ့ ပါဝင်ကြောင်းဖော် ပြထားပါရေ။

အဆိုပါအဖွဲ့ရေ အိန္ဒိယနိုင်ငံကို ရောက်ရှိချိန်မာ အိန္ဒိယနိုင်ငံက ဝန်ကြီးတချို့ရို့ ကြိုဆိုခကတ်ပနာ အိန္ဒယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်နန့် တွိဆုံခြင်း၊ အိန္ဒိယနိုင်ငံက အထင်ကရနရာတစ်ချို့ကို လားရောက်ခြင်းရို့ ပြုလုပ်ခကတ်ပါရေ။

အခုပိုင် တွိဆုံပြီးကေ နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာတိ ရီးထိုးနိုင်ခရေအတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာ ကြောင်း မြန်မာနိုင်ငံဖက်က ပြောဆိုထားရေပိုင် အိန္ဒိယနိုင်ငံဖက်ကလေ့ ပြောဆိုထားပါရေ။

 598 total views,  1 views today