Arakan Yoma|

အိန္ဒိယနိုင်ငံသမ္မတနှင့် မြန်မာနိုင်ငံသမ္မတို့၏ ချစ်ကြည်ရေးခရီးစဉ်အတွင်းတွင် နားလည်မှုစာချွန်လွှာ ၁၀ ခုကို ရေးထိုးနိုင်ခဲ့ရာ ယင်း အထဲတွင် ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့်စာချွန်လွှာအချို့လည်း ပါဝင်သည်။

တရားမဝင်ကူးသန်းရောင်းဝယ်မှုတိုက်ဖျက်ရေး၊ ကျားနှင့် တောရိုင်းတိရစ္ဆာန်များကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်ဆန်စွာ အ ကျိုးဖြစ်ထွန်းစေမည့် စီမံချက်များအကောင်အထည်ဖော်ရန် အိန္ဒိယမှ ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးဆိုင်ရာတ ချို့ကို ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် မြောက်ဦးဆေးရုံအတွင်း စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ပြန်လည်ထုတ်ယူနိုင်သော စက်ရုံတည်ဆောက်ရေး၊ ဂွမြို့နယ်တွင် မျိုးစေ့သိုလှောင်ရုံများနှင့် ရေပေးဝေရေးစနစ်တည်ဆောက်ဆိုင်ရာ စီမံကိန်းများသဘောတူညီချ က်၊ မြို့နယ်ငါးခုတွင် နေရောင်ခြည်သုံးလျှပ်စစ်စွမ်းအင်ပေးစက်ရုံများတည်ဆောက်နိုင်ရေးနှင့် ကျေးရွာတချို့တွင် လမ်းများဖောက်လုပ် ခြင်းများပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်နှင့် ဇနီးတို့ ဦးဆောင်သည့်အဖွဲ့သည် အန္ဒိယနိုင်ငံသို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၃ ရက်တာ သွားရောက်ခဲ့ပြီး ယင်းအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးတချို့နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့လည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါအဖွဲ့သည် အိန္ဒိယနိုင်ငံသို့ရောက်ရှိချိန်တွင် အိန္ဒိယနိုင်ငံမှ ဝန်ကြီးတချို့တို့ ကြိုဆိုခဲ့ကြပြီး အိန္ဒယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်နှင့် တွေ့ဆုံခြင်း၊ အိန္ဒိယနိုင်ငံမှ အထင်ကရနေရာတစ်ချို့သို့သွားရောက်ခဲ့ကြသည်။

ယခုလို တွေ့ဆုံပြီး နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ခဲ့သည့်အတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့ ကြောင်း မြန်မာနိုင်ငံဖက်မှ ပြောဆိုထားသလို အိန္ဒိယနိုင်ငံဖက်မှလည်း ပြောဆိုထားသည်။


သတင်းဓာတ်ပုံ – MOI

 645 total views,  1 views today