(Zawgyi Version)

Arakan Yoma|







(Unicode Version)

တစ်ရက်ကို ဓာတ်ငွေ့ကုဗပေ ၃၈ သန်းကျော်အထိ ထုတ်လုပ်နိုင်ဖို့ဖြစ်တေ သဘာဝဓာတ်ငွေ့သိုက်တစ်ခု ရခိုင်ကမ်းလွန်ရီနံလုပ်ကွက် A-3 မှာ တွိရှိထားရေလို့ တောင်ကိုရီးယားလုပ်ငန်းကြီး ပေါ်စကို အင်တာနယ်ရှင်နယ်က ဖေဖော်ဝါရီလ ၁၇ ရက်နိက ကြေငြာလိုက်ပါရေ။

လက်ရှိတွိရှိထားရေ ယင်းဓာတ်ငွေ့သိုက်ရေ ပေါ်စကိုအင်တာနယ်ရှင်နယ်က လုပ်ကိုင်နီရေ ရွှီသဘာဝဓာတ်ငွေ့စီမံကန်းနဲ့ ကီလိုမီတာ ၃၀ လောက်ရာကွာဝီးရေလို့ သိရပြီးကေ လာဖို့ ၂၀၂၁ ခုနှစ်မှာ စတင်တူးဖော်နိုင်ဖို့လို့ ကုမ္ပဏီဖက်က ရွည်မှန်းထားပါရေ။

တူးဖော်ထုတ်ယူရာမှာ ၂ နှစ်ခန့်ကြာမြင့်နိုင်ရေလို့ တွက်ချက်ထားရေ ယင်းဓာတ်ငွေ့သိုက်က ဓာတ်ငွေ့ထုတ်ယူနိုင်မှု အခြေအနေတိ၊ ဓာတ်ငွေ့အရည်အသွီးတိ ဇာပိုင်ရှိနိုင်ဖို့လဲဆိုစွာကို မသိရသိမ့်ဘဲ လက်ရှိမှာတော့ကေ စမ်းသပ်နီဆဲရာ ဖြစ်ပါရေ။

အခု ၂၀၂၀ ပြည့်နှစ်အထဲမှာတော့ကေ A-3 လုပ်ကွက်အတွင်း ရှာဖွေရေးတွင်း ရန်အောင်မြင်-၁ နဲ့ ဂစ္ဆပနီ-၁ စတဲ့အစမ်းတွင်းတိကိုလေ့ ထပ်မံတူးဖော်ဖို့ဖြစ်ပြီးကေ ရန်အောင်မြင် ၁ လို့နာမေပီးထားရေ အစမ်းတွင်းက သဘာဝဓာတ်ငွေ့ ဖော်ထုတ်ရရှိနိုင်ဖို့လို့ ကုမ္ပဏီဖက်က မျှော်လင့်နီစွာပါ။
မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ကမ်းလွန်လုပ်ကွက် A-1 နဲ့ A-3 ရို့ကထွက်ရှိရေ ရီနံနဲ့ သဘာဝဓာတ်ငွေ့ရဲ့ ၁၅ ရာခိုင်နှုန်းကို မြန်မာအ စိုးရက ရယူဗျာလ် Posco၊ MOGE, KOGAS, GAIL နဲ့ ONGC စရေ နိုင်ငံတကာလုပ်ငန်းတိနဲ့ ပူးပေါင်းဆောင်ရွက်နီစွာလေ့ ဖြစ်ပါရေ။

လတ်တလော အသစ်တွိရှိထားတဲ့ ယင်းမဟာ (၁) အစမ်းတွင်းကို ကုမ္ပဏီက တွိရှိကြောင်း ထုတ်ပြန်ကြေငြာရေ ဖေဖော်ဝါရီ ၁၇ ရက်နိ မှာ လျှစ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်တ ချို့က လားရောက်ကြည့်ရှုခကတ်ပါရေ။

 472 total views,  1 views today