(Zawgyi Version)

Arakan Yoma|

တစ္ရက္ကို ဓာတ္ေငြ႔ကုဗေပ ၃၈ သန္းေက်ာ္အထိ ထုတ္လုပ္ႏုိင္မယ့္ သဘာဝဓာတ္ေငြ႔သိုက္တစ္ခု ရခိုင္ကမ္းလြန္ေရနံလုပ္ကြက္ A-3 မွာ ေတြ႔ရွိထားတယ္လို႔ ေတာင္ကိုရီးယားလုပ္ငန္းႀကီး ေပၚစကို အင္တာနယ္ရွင္နယ္က တရားဝင္ ေၾကညာလာပါတယ္။

လက္ရွိေတြ႔ရွိထားတဲ့ အဆိုပါဓာတ္ေငြ႔သိုက္ဟာ ေပၚစကိုအင္တာနယ္ရွင္နယ္က လုပ္ကိုင္ေနတဲ့ ေရႊသဘာဝဓာတ္ေငြ႔စီမံကန္းနဲ႔ ကီလိုမီ တာ ၃၀ ေလာက္သာကြာေဝးၿပီး လာမယ့္ ၂၀၂၁ ခုႏွစ္မွာ စတင္တူးေဖာ္ႏိုင္မယ္လို႔ ကုမၸဏီက ရည္မွန္းထားေၾကာင္း ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔က အဲဒီ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

တူးေဖာ္ထုတ္ယူရာမွာ ၂ ႏွစ္ခန္႔ၾကာျမင့္မယ္လို႔ တြက္ခ်က္ထားတဲ့ အဲဒီဓာတ္ေငြ႔သိုက္က ဓာတ္ေငြ႔ထုတ္ယူႏိုင္မႈအေျခအေနေတြ၊ ဓာတ္ ေငြ႔ရဲ႕ အရည္အေသြးေတြ ဘယ္လိုရွိႏိုင္မွာလဲဆိုတာကို မသိရေသးပါဘဲ လက္ရွိမွာေတာ့ စမ္းသပ္ေနဆဲသာ ျဖစ္ပါတယ္။ 

အခု ၂၀၂၀ ျပည့္ႏွစ္အတြင္းမွာေတာ့ A-3 လုပ္ကြက္အတြင္း ရွာေဖြေရးတြင္း ရန္ေအာင္ျမင္-၁ နဲ႔ ဂစၦပနီ-၁ စတဲ့အစမ္းတြင္းေတြကိုလည္း   ထပ္မံတူးေဖာ္မွာျဖစ္ၿပီး ရန္ေအာင္ျမင္ ၁ လို႔ အမည္ေပးထားတဲ့ အစမ္းတြင္းက သဘာဝဓာတ္ေငြ႔ေဖာ္ထုတ္ရရွိႏိုင္မယ္လို႔ ကုမၸဏီဖက္ က ေမွ်ာ္လင့္ေနတာပါ။

ျမန္မာႏိုင္ငံအေနာက္ဖက္ ရခိုင္ကမ္းလြန္လုပ္ကြက္ A-1 နဲ႔ A-3 တို႔ကထြက္ရွိတဲ့ ေရနံနဲ႔ သဘာဝဓာတ္ေငြ႔ရဲ႕ ၁၅ ရာခိုင္ႏႈန္းကို ျမန္မာအ စိုးရက ရယူၿပီး Posco၊ MOGE, KOGAS, GAIL နဲ႔ ONGC စတဲ့ ႏိုင္ငံတကာလုပ္ငန္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတာလည္း ျဖစ္ပါတ ယ္။

လတ္တေလာ အသစ္ေတြ႔ရွိထားတဲ့ မဟာ (၁) အစမ္းတြင္းကို အဆိုပါကုမၸဏီက ေတြ႔ရွိေၾကာင္း ထုတ္ျပန္ေၾကျငာတဲ့ ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔မွာ လွ်စ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးနဲ႔ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုအပါဝင္ ျပည္နယ္အစိုးရအဖြဲ႔ဝင္ တ ခ်ိဳ႕က သြားေရာက္ၾကည့္႐ႈခဲ့ၾကပါတယ္။

(Unicode Version)

Arakan Yoma|

တစ်ရက်ကို ဓာတ်ငွေ့ကုဗပေ ၃၈ သန်းကျော်အထိ ထုတ်လုပ်နိုင်မယ့် သဘာဝဓာတ်ငွေ့သိုက်တစ်ခု ရခိုင်ကမ်းလွန်ရေနံလုပ်ကွက် A-3 မှာ တွေ့ရှိထားတယ်လို့ တောင်ကိုရီးယားလုပ်ငန်းကြီး ပေါ်စကို အင်တာနယ်ရှင်နယ်က တရားဝင် ကြေညာလာပါတယ်။

လက်ရှိတွေ့ရှိထားတဲ့ အဆိုပါဓာတ်ငွေ့သိုက်ဟာ ပေါ်စကိုအင်တာနယ်ရှင်နယ်က လုပ်ကိုင်နေတဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကန်းနဲ့ ကီလိုမီ တာ ၃၀ လောက်သာကွာဝေးပြီး လာမယ့် ၂၀၂၁ ခုနှစ်မှာ စတင်တူးဖော်နိုင်မယ်လို့ ကုမ္ပဏီက ရည်မှန်းထားကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အဲဒီ ကြေညာချက်မှာ ဖော်ပြပါတယ်

တူးဖော်ထုတ်ယူရာမှာ ၂ နှစ်ခန့်ကြာမြင့်မယ်လို့ တွက်ချက်ထားတဲ့ အဲဒီဓာတ်ငွေ့သိုက်က ဓာတ်ငွေ့ထုတ်ယူနိုင်မှုအခြေအနေတွေ၊ ဓာတ် ငွေ့ရဲ့ အရည်အသွေးတွေ ဘယ်လိုရှိနိုင်မှာလဲဆိုတာကို မသိရသေးပါဘဲ လက်ရှိမှာတော့ စမ်းသပ်နေဆဲသာ ဖြစ်ပါတယ်။

အခု ၂၀၂၀ ပြည့်နှစ်အတွင်းမှာတော့ A-3 လုပ်ကွက်အတွင်း ရှာဖွေရေးတွင်း ရန်အောင်မြင်-၁ နဲ့ ဂစ္ဆပနီ-၁ စတဲ့အစမ်းတွင်းတွေကိုလည်း ထပ်မံတူးဖော်မှာဖြစ်ပြီး ရန်အောင်မြင် ၁ လို့ အမည်ပေးထားတဲ့ အစမ်းတွင်းက သဘာဝဓာတ်ငွေ့ဖော်ထုတ်ရရှိနိုင်မယ်လို့ ကုမ္ပဏီဖက် က မျှော်လင့်နေတာပါ။

မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ကမ်းလွန်လုပ်ကွက် A-1 နဲ့ A-3 တို့ကထွက်ရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရဲ့ ၁၅ ရာခိုင်နှုန်းကို မြန်မာအ စိုးရက ရယူပြီး Posco၊ MOGE, KOGAS, GAIL နဲ့ ONGC စတဲ့ နိုင်ငံတကာလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာလည်း ဖြစ်ပါတ ယ်။

လတ်တလော အသစ်တွေ့ရှိထားတဲ့ မဟာ (၁) အစမ်းတွင်းကို အဆိုပါကုမ္ပဏီက တွေ့ရှိကြောင်း ထုတ်ပြန်ကြေငြာတဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ လျှစ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် တ ချို့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

 489 total views,  1 views today