(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန် ကြီး ဦးဇော်အေးမောင်ဦးဆောင်သည့် ရခိုင်မြို့မိမြို့ဖတစ်ချို့နှင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

တပ်မတော်ဖက်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့်အဖွဲ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တပ်မတော်မှ ထိပ်တန်းအရာရှိကြီးတချို့ပါဝင်သည်။

ထိုနည်းတူ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သည့်အဖွဲ့တွင်လည်း ၎င်းနှင့်အတူ ရခိုင်ပြည်နယ် စစ်တွေမြို့၏ မြို့မမြို့ဖများဖြစ် ကြသော ဦးသန်းရွှေ၊ ဦးသာနို့အောင်၊ ဦးရွှေမောင်၊ ဦးမြင့်ကျော်၊ ဦးမြင့်ကျော်နှင့် ဦးရွှေကျော်သာတို့ပါဝင်ကြောင်း တပ်မတော်မှ အမည် နှင့်တကွ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

နေပြည်တော်က ဘုရင့်နောင်ရိပ်သာဧည့်ခန်းမှအတွင်း ပြုလုပ်ခဲ့သည့် ယင်းတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အတွင်းက သာသနာရေးရာကိစ္စရပ်များ၊ စစ်တွေမြို့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေသတည်ငြိမ်အေးချမ်းမှု ရှိရန်လိုအပ်သည့် အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ယင်းကိစ္စရပ်အပြင် နီပေါနှင့် အိန္ဒိယနိုင်ငံနိုင်ငံတို့တွင် ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွားရေးအတွက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သော ကမ္ဘာ့သာသနာပြုဆရာတော်ကြီး ဥူးစန္ဒြမဏိ၏ ကြေးရုပ်တုတည်ထားရန် တပ်မတော်၏လှူဒါန်းမြေတွင် ဆောင်ရွက်လျက်ရှိသည့် အေ ခြအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

(Zawgyi Version)

Arakan Yoma|






 481 total views,  1 views today