Zawgyi version

Arakan Yoma|






Unicode Version

Arakan Yoma|

၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ အကောင်းဆုံးကမ်းခြေစာရင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ တည်ရှိသည့် ငပလီကမ်းခြေလည်း ပါဝင်ကြောင်း ကမ္ဘာကျော်ဝဘ်ဆိုက်တစ်ခုဖြစ်သည့် Kiwi Website က ဖော်ပြသည်။

ကမ္ဘာ့လှည့်ခရီးသွားများ၏ အသံကို အမြဲတမ်းနားစွင့်လေ့ရှိသည် Kiwi Website သည် နိုင်ငံတကာရှိ ကမ်းခြေ အသီးသီးသို့ ခရီးသွားခဲ့ကြသူ ခရီသွားများ၏ အမြင်ကို မဲပေးရွေးချယ်လေ့ရှိရာ ယင်းအနက်တွင် ကမ်းခြေ ၉ ခု ပါဝင်သည့်အနက် ငပလီကမ်းခြေလည်း ပါဝင်ခဲ့သည်။

ငပလီနှင့်အတူ အကောင်းဆုံးအဖြစ်ရွေးချယ်ခံရသည့် ကမ်းခြေများမှာ ပါကစ်စတန်နိုင်ငံတွင်ရှိသည့် Sandspit ကမ်းခြေ၊ ခရိုအေးရှား နိုင်ငံတွင်ရှိသည့် Banji ကမ်းခြေ၊ ဖီဂျီနိုင်ငံတွင်ရှိသည့် Kadavu ကမ်းခြေနှင့် တစ်ခြားကမ်းခြေများလည်း ပါဝင်သည်။

ငပလီကမ်းခြေသည် မြန်မာနိုင်ငံ၏ အနောက်ဖက် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင်ရှိသည်။ ပင်လယ်ကမ်းရိုးတမ်းဒေသ တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်တွင် ငပလီကမ်းခြေကဲ့သို့ တစ်ခြားကမ်းခြေများလည်း များစွာရှိသေးသည်။ သို့သော် ယင်းကမ်းခြေ၏ သဘာဝအတိုင်း လှပနေမှုများဖြစ်သည့် ပင်လယ်ပြာပြာတည်ရှိခြင်း၊ ဖြူဖွေးသည့် သဲသောင်ပြင်တို့တည်ရှိခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ နှင့် အပင်များ စနစ်တကျပေါက်ရောက်မှုများကို လိုက်မမှီနိုင်ပေ။

သို့ဖြစ်၍ ငပလီကို ကမ္ဘာ့လှည့်ခရီးသွားများကလည်း ကြိုက်နှစ်သက်ခြင်းဖြစ်သည်။

 484 total views,  2 views today