Arakan Yoma |

လာမည့် ၂၀၂၀ အစောပိုင်း ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်၍ ဦး (ဗိုလ်ချုပ်) အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူ ကျပ်တစ်ထောင် (၁၀၀၀) တန်ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ထုတ်ဝေအသုံးပြုတော့မည်ဖြစ်သည်။

သို့ရာတွင် လက်ရှိအသုံးပြုနေသည့် ငွေ (၁၀၀၀) ကျပ်တန်ကိုလည်း မပိတ်သိမ်းဘဲ ဆက်လက်အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာန၏ ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အလျား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာ အရွယ်အစားပြုလုပ်ထားသည့် ယင်းအသစ်ထုတ်ဝေအသုံးပြုမည့် ငွေကျပ်တစ်ထောင်တန် ၏ ရှေ့မျက်နှာအလယ်တည့်တည်တွင် ဦးအောင်ဆန်း၏ ပုံရိုက်နှိပ်ထားပြီး ကျောဖက်တွင် လွှတ်တော်ပုံပါရှိသည်။

ယင်းအပြင် ငွေစက္ကူ ရှေ့နှင့်ကျော မျက်နှာ နှစ်ဖက်စလုံးတွင် အပြာရောင်၊ မီးခိုးရောင်၊ အဖြူရောင်၊ ပန်းရောင်၊ အနီရောင် စသဖြင့် အရောင် ၆ ရောင်ခန့်သုံးစွဲထားပြီး အပေါ်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟုလည်းကောင်း၊ ထောင့်သုံးထောင့်တွင်လည်း လက်ရှိအသုံးပြုနေ သည့် ငွေစက္ကူ များကဲ့သို့ပင် ယင်း၏ တန်ဖိုးကိုလည်းကောင်း အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ယင်းနည်းတူ ငွေသားတန်ဖိုးကို ဂဏန်းဖြင့် မဟုတ်ဘဲ စာသားဖြင့်ရေးသားထိုးသလို ငွေရောင်ကြိုးငယ်ဖြင့် ပြုလုပ်ထားသည့် လျို့ဝှက်ဂ ဏန်းများနှင့် ငွေတစ်ရွက်စီ၏ အစဉ်လိုက်ဂဏန်းများလည်း မြန်မာ၊ အင်္ဂလိပ်နှစ်သာဖြင့် ရေးထိုးထားပြန်သည်။

ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၎င်း၏ ရုပ်ပုံပါ ငွေသားစက္ကူများများစွာ ဆက်လက် ထုတ် ဝေသုံးစွဲရန်ကြိုးပမ်းနေကြောင်း ထုတ်ပြန်ပြောဆိုထားသေးသည်။

 441 total views,  1 views today