Arakan Yoma |

ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိဖို့နန့် အနာဂတ်မှာ သာယာလှပဖွံ့ဖြိုးရေ ပြည်နယ်တစ်ခုဖြစ်နိုင်အောင် ကြိုး ပမ်းကတ်ဖို့ နိုင်ငံတော်သမ္မကြီး ဦးဝင်းမြင့်က (၄၅) ကြိမ်မြောက်ကျရောက်တေ ရခိုင်ပြည်နယ်နိအခမ်းအနားကို သဝဏ်လွှာပီးပို့ တိုက်တွန်းလိုက်ပါရေ။

(၄၅) ကြိမ်မြောက်ကျရောက်တေ ရခိုင်ပြည်နယ်နိ အထိန်းအမှတ်အဖြစ် စစ်တွေမြို့ ၊ ဦးဥတ္တမခန်းမမှာ ဒီဇင်ဘာလ ၁၅ ရက်နိက အ ခမ်းအနားကျင်းပရေခါ ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကပေးပို့ရေ အဆိုပါ သဝဏ်လွှာကိုဖတ်ကြားခပါရေ။

ယင်းသဝဏ်လွှာမှာ ရခိုင်ပြည်နယ်အတွင်းနီထိုင်ကတ်တေ ပြည်သူတိကို ပထမဆုံးအနီနန့် ဆုတောင်းစကားဆိုပနာ အစချီထားပြီးကေ သူရို ့အစိုးရအနီနန့် တရားဥပဒေစိုးမိုးခြင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနန့် ပြည်တွင်းငြိမ်းချမ်းရေး ၊ ဒီမိုကရေစီပြည်တောင်စုတည်ဆောက်ရေးအတွက် အခြေခံအုပ်မြစ်ဖြစ်တေ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရို့ကို ဆောင်ရွက်နီ ကြောင်း ရီးသားထားပါရေ။

ပြီးကေ မြန်မာနိုင်ငံအတွင်းက တစ်ခြားပြည်နယ်နန့် တိုင်းဒေသကြီးများတိပိုင် ရခိုင်ပြည်နယ်လေ့သင့် ဖွံ့ဖြိုးမှုနောက်ကျနီခရေအတွက် အခုအခါ ရခိုင်ပြည်နယ်၏ တည်ငြိမ်အီးချမ်းရေးကိုရာမက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတိကိုလေ့ ကော်မတီတိဖွဲ့စည်းဆောင်ရွက်လျှက် ရှိကြောင်း ဖော်ပြထားပါရေ။

ယေတွက်နန့် ရခိုင်ပြည်နယ်အတွင်းနီထိုင်ကတ်တေ မိဘပြည်သူတိအနီနန့်လေ့ ပြည်နယ်၏ တည်ငြိမ်အီးချမ်းရေးနန့် အနာဂတ်သာယာ လှပဖွံ့ဖြိုးရေးရို့အတွက် ဝိုင်းဝန်းကြိုပမ်းဆောင်ရွက်ကတ်ဖို့ တိုက်တွန်းကြောင်း အဆုံးသတ်ရေးသားထားပါရေ။ ယကေလေ့ ၎င်း၏ သ ဝဏ်လွှာထဲမှာ လက်ရှိဖြစ်ပေါ်နီရေ စစ်ရေးပဋိပက္ခတိအကြောင်းကို ထည့်သွင်းမဖော်ပြထားလို့ဆိုပနာ တစ်ချို့ကဝေဖန်နီကတ်ပါရေ။

 390 total views,  1 views today