Arakan Yoma|


ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိရန်နှင့် အနာဂတ်တွင် သာယာလှပဖွံ့ဖြိုးသည့် ပြည်နယ်တစ်ခုဖြစ်နိုင်အောင် ကြိုးပမ်းကြရန် နိုင်ငံတော်သမ္မကြီး ဦးဝင်းမြင့်က (၄၅) ကြိမ်မြောက်ကျရောက်သည့် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ တိုက်တွန်းလိုက်သည်။

(၄၅) ကြိမ်မြောက်ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ အထိန်းအမှတ်အဖြစ် စစ်တွေမြို့ ၊ ဦးဥတ္တမခန်းမတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က အ ခမ်းအနားကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကပေးပို့သည့် အဆိုပါ သဝဏ်လွှာကိုဖတ်ကြားခဲ့သည်။

ယင်းသဝဏ်လွှာတွင် ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသည့် ပြည်သူများကို ပထမဆုံးအနေနှင့် ဆုတောင်းစကားဆိုခြင်းနှင့် အစချီထား ပြီး ၎င်းတို့အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးခြင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေ၊ ဒီမိုကရေစီပြည်တောင်စုတည်ဆောက်ရေးအတွက် အခြေခံအုပ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဆောင် ရွက်နေကြောင်း ရေးသားထားသည်။

ယင်းနောက် မြန်မာနိုင်ငံအတွင်းမှ တစ်ခြားပြည်နယ်နှင့် တိုင်းဒေသကြီးများကဲ့သို့ ရခိုင်ပြည်နယ်သည်လည်း ဖွံ့ဖြိုးမှုနောက်ကျနေခဲ့သည့် တွက် ယခုအခါ ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကိုသာမက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ကော်မတီများဖွဲ့စည်းဆောင် ရွက်လျှက်ရှိကြောင်း ဖော်ပြထားသည်။

သို့ဖြစ်၍ ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသော မိဘပြည်သူများအနေနနှင့်လည်း ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် အနာဂတ်သာ ယာလှပဖွံ့ဖြိုးရေးတို့အတွက် ဝိုင်းဝန်းကြိုပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း အဆုံးသတ်ရေးသားထားသည်။

သို့ရာတွင် ၎င်း၏ သဝဏ်လွှာအတွင်း လက်ရှိဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခများအကြောင်းကို ထည့်သွင်းမဖော်ပြထားဟုဆိုကာလည်း တစ်ချို့ကဝေဖန်နေ ကြသည်။

 423 total views,  1 views today