ထူး | Arakan Yoma

ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ကေ တစ်ချို့အအေးဆိုင်ချေတိမှာ “သံကျောင်းရှိ မကျည်းဖျော်ရည်” ရဗျာလ်။ ဒေနိ “သံကျောင်းရှိ မကျည်းဖျော်ရည်” ရပါဗျာလ်။ စသဖြင့် ချိတ်ဆွဲထားရေ ဆိုင်းဘုတ်ငယ်ချေတိ မြင်မိကတ်ပါဖို့ရာ။

မကျည်းဖျော်ရည်ဆိုစွာကတော့ မှင်းကျိုသီး၊ ထန်းညက်ရို့နဲ့ ပြုလုပ်ထားရေ သဘာဝစစ်စစ်ဖျော်ရည်တစ်ခုပါ။ ဒေဖျော်ရည်ရေ ကျန်းမာရေးအတွက်ကောင်းရေပိုင် ပူအိုက်တေရာသီတိမှာ မရှိမဖြစ်တေ ကဏ္ဍကပါဝင်ပါရေ။ ဒေဖျော်ရည်ကို လူတိုင်းက ပြုလုပ်တတ်ကတ်ကေလေ့ တကယ့်ကောင်းမွန်ပြီးကေ စနစ်ကျရေ ပုံစံမျိုးထုတ်လုပ် နိုင်သူကတော့ ရှားပါရေ။

“သံကျောင်းရှိ မကျည်းဖျော်ရည်”လို့ ဆိုလိုက်စွာနဲ့ စစ်တွေမြို့မှာ အချေက အစသိပါရေ။ ဒေပိုင်လူသိများရစွာ က ဇာကြောင့်လဲ။ မကျည်းဖျော်ရည်ကို အသူက လုပ်စွာလေ။ ဇာအချိန်မှာ စတင်ခပြီးကေ ဇာအချိန်မှာ နာမေရ လာခလေ။ “သံကျောင်းရှိ မကျည်းဖျော်ရည်”လို့ကာ ဇာကြောင့်ခေါ်ကတ်စွာလဲ။ နာမေမရခင်က ဇာပိုင်အခက်ခဲ တိ ရှိနီခလေ။ စရေ ဒေမကျည်းဖျော်ရည်နောက်ကွယ်က လူမှုဘဝအကြောင်းကို တင်ပြပီးချင်ပါရေ။

မကျည်းဖျော်ရည်ရောင်းဖို့ အကြောင်းဖန်လာခစွာကတော့ ဒေပိုင်ပါ။

“ဒေလုပ်ငန်းကို အိမ်ရှင်က အရင်လုပ်ချင်ခစွာ။ မကျည်းဖျော်ရည်ရောင်းကတ်မယ်လတ်။ အရီးက သဘောမတူခ။ သူက ဘဏ်ရှိမှာ တစ်ခါရောင်းလို့ မြင်ခရေဆိုလို့ အရီးက မှင်းကျိုသီးဖျော်စွာကို အသူသောက် ဖို့လေ့ဆိုပြီးပြောခါ သူကလုပ်ချင်လို့ လုပ်ကတ်စွာ။ ယကေလေ့ သူကပစကရာပြောစွာ လုပ်ခါ အရီးယာ လုပ်ရ စွာလေ။ သူကရှက်တတ်လို့။ ယကေ ပထမဆုံးစဥ့်အိုးချေ၊ ဗူးချေကို ခုံချေမှာတင်ပြီးကေ ရောင်းကတ်စွာ။ ယင်း ခါ ရောင်းလို့က မစွံ။ နီပူလို့ ဟိုဖက်ရွှိ၊ ဒေဖက်ရွှိနဲ့ ရောင်းခကတ်စွာ။ နောက်ခါမှ အိမ်ရှေ့မှာ အခေါင်ချေ မိုးလို့းလုပ်ခစွာ။”

မကျည်းဖျော်ရည်ရောင်းချရေ အသက် ၅၇ နှစ်အရွယ် အရီး ဒေါ်လှလှက အခုပိုင် ပြောပြလခစွာပါ။

လွန်ခရေ နှစ် ၂၀ ကျော်လောက်ကပင် လုပ်ကိုင်လာကတတ်စွာဖြစ်ပြီးကေလေ့ ယင်းခါက ဒေဖျော်ရည် တစ်ခုတည်း ရောင်းခကတ်စွာ မဟုတ်ပါ။ မိသားစုစားဝတ်နီရေးနဲ့ သား၊ သမီးတိ ပညာရေးအဆင်ပြေဖို့အတွက် မကျည်းဖျော်ရည်ကတစ်ဖက်၊ တစ်ခြားကုန်ခြောက်ချေတိကတစ်ဖက် ရောင်းချလာခကတ်စွာ ဖြစ်ပါရေ။

“လွန်ခရေ အနှစ် ၂၀ ကျော်လောက်ကပင် လုပ်ခစွာ။ ယကေလေ့ ဒေပိုင်မတွင်ကျယ်။ လမ်းဘေး မှာ လုပ်ရင်းလုပ်ရင်းနဲ့ ဒေ ၁၀၊ ၉ နှစ်လောက်မှာမှ နာမေရလာစွာ။ ဒေပိုင်နာမေကောင်းရအောင်တော့ မလုပ်ခ။ ထမင်းစားရေးအတွက် အဆင်မပြေ။ သား၊ သမီးချေတိ စာတတ်ဖို့လိုလို့ ဒေချင့်ချေတစ်ခု ရာင်းကောင်းအောင် ဇာပိုင်လုပ်ရဖို့လည်းပေါ့ ကြိုးစားရေ။ နာမေကိုတော့ စိတ်ကူးထဲမှာ တောင်မထည့်ခ။ အချေ ၄ ယောက်စာတတ် အောင်ဆိုပြီးကေ ကြိုးစားခရေ။ အချေ ၄ ယောက်ကို  ဆယ်တန်းအောင်စီချင်ရေ။ အလုပ်အကိုင်ချေတိရစီချင် ရေ ဆိုပြီးကေ ဒေချင့်ကိုလုပ်တေ။ ကွမ်းယာဆိုင်ရောင်းရေ။ အရီးက အဆင်ပြေစွာရောင်းရေ။ အသီးဖနှံတိ၊ ကြံ တိကအစရောင်းရေ။ ဒေအချေတိ စာတတ်ဖို့အတွက်ပေါ့။ အခုတော့ကေ အချေတိက ဆယ်တန်းအောင်၊ အ လုပ်ရ၊ အင်ဂျင်နီယာ၊ အထက်တန်းကျောင်းဆရာမပေါ့။”

ဒေပိုင်ရောင်းချကတ်ရင်းနဲ့ သူရို့မှာ ဆိုင်ဖျော်ရောင်းရရုံမကလို့ တစ်ဆင့်ရောင်းချရေ ဖောက်သည်တိပါ လာဝယ်ကတ်တေပိုင် နယ်တိနဲ့ ပွဲလမ်းသဘင်တိကလေ့ အော်ဒါမှာစွာတိ ရှိလာခပါရေ။ ရောင်းအားကောင်းလာခရေလို့ ဆိုကေလေ့ လွန်ခရေ ၁၀ စုနှစ် ၂ ခုကျော်လောက်ကပင် စတင်ရောင်းချလာခရေ သူရို့မကျည်းဖျော်ရည်ကို လူကြိုက်များလာစွာ ၁၀ နှစ်လောက်တောင် မရှိပါသိမ့်။

“ဒေချင့်ကရာသီပေါ်အလုပ် တစ်နှစ်မှာ ဝါကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လတောင် မရောက်။ နောက်ပြီးကေ တပေါင်း၊ တန်ခူး၊ ကဆုန်၊ ၃ လ၊ တစ်နှစ်မှာ ၂ ကြိမ်၊ ၁၂ လမှာ  ၅ လလုပ်ပြီး ၇ လနားရတယ်။ ရာသီပေါ်အလုပ်ပေါ့။ တစ်ယောက်တည်းလုပ်လို့ရရေ အလုပ်မဟုတ်။ မိသားစုနဲ့လုပ်ရရေ။ အရီးကလည်း ၅ နာရီကထရေ။ မိုးထ ၅ နာရီမတီးခင်ထပြီးကေ မျက်နှာသစ်ပြီးကေ ဘုရား(သံကျောင်း) ကိုလားရေ။ ကျောင်းမှာတံခါးဖွင့်ရေ။ သန့်ရှင်းရေးလုပ်တေ။ အိမ်ရှင်လည်းထရရေ။ သူက မှင်းကျိုသီးနယ်ရေ။ သူနှယ်ပြီးစွာနဲ့ အရီးက စပ်တေ။ ပြီးကေ သမက်တစ်ယောက်ခေါ်ထားရေ။ ရေခဲတိဘာတိ ကျုံးပီးဖို့။ ကိုယ်ကလိုက်မမှီ။ ယပိုင် ဝိုင်းလုပ်ကတ်ရစွာ။”

တစ်ယောက်စကား၊ တစ်ရွာနားဆိုပိုင် သူရဲ့မကျည်းဖျော်ရည်ကို တဖြည်းဖြည်းနဲ့ လူသိများလာခရေလို့ ဆို ပါရေ။ ယင်းနောက်ပိုင်းမှာ သောက်သုံးသူ ပရိသတ်တွေအနေနဲ့ ဇာအခက်ခဲလားတိလေဆိုကေ ဆိုင်မှာ နာ မေပီးလို့ မရှိစွာပါ။ ဆိုင်မှာနာမေ မရှိရေတွက်နဲ့ တစ်ချို့လူတိက လာသောက်ချင်ကတ်ကေလေ့ ဆိုင်ကို ရှာ မတွိကတ်ပါ။

ယကေလေ့ ယင်းဆိုင်ရေ စစ်တွေမြို့က ရှိကျရေ ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်တေ ဦးရဲကျော်သူကျောင်း၊ တစ်နည်းအားဖြင့် သံကျောင်းလို့ လူသိများရေ ဘုန်းကြီးကျောင်းရှိမှာ တည်ရှိရေတွက် “သံကျောင်းရှေ့ မကျည်းဖျော်ရည်” ဆိုပြီး လာရောက်သောက်သုံးရေ ပရိသတ်တိက ခေါ်ကတ်ရင်းနဲ့ အခုပိုင် နာမေတွင်လား စွာ ဖြစ်ပါရေ။

“သံကျောင်းရှေ့မကျည်းဖျော်ရည်လို့ အရီးရို့ မပီး။ ဝယ်ရေလူတိက သံကျောင်းရှိက လားဝယ်။ သံကျောင်းမကျည်းဖျော်ရည်လားဝယ်။ ယင်းပိုင်။ အရီးရို့ထားစွာမဟုတ်။ ဒေဖျော်ရည်ကို သောက်တေ၊ ဝယ်ရေ  ပရိသတ်ထားခစွာ အရီးရို့က သံကျောင်းမကျည်းဖျော်ရည်လို့ ပီးမထား။ သောက်ကတ်တေ၊ ဝယ်ကက်တေ လူတိရဲ့ ပါးစပ်ကထွက်လာစွာ။ တစ်ချို့ကတောင် နားမလည်လို့ သံကျောင်းမကျည်းဖျော်ရည်ဆိုလို့ သံကျောင်းထဲက လားဝယ်ကတ်တေလတ်။ ယေတွက်နန့် အရီးအိမ်ရှင်က ရွာသားတိလာဝယ်ကတ်တေ။ ဆိုင်းဘုတ်ချေတစ်ခု ကတ်ပီးလိုက်ကတ်မယ်ဆိုလို့ ကပ်ထားလိုက်စွာ။”

ဒေပိုင်နာမေကြီး၊ လူသိများလာရရေနောက်ကွယ်မှာလည်း အကြောင်းရှိပါတယ်။ ဇာကြောင့်ပါချင့်။

“အရီးမကျည်းဖျော်ရည်ရောင်းရေအခါမှာလေ့ အရီးက စေတနာပိုင်းအများကြီး ထည့်ထားရေ။ စေတနာကို တစ်ဝက်ကျော်ထည့်ထားရေ။ သူရို့ဝယ်လာစွာနဲ့ ကိုယ်နဲ့အဆင်ပြေဖို့လိုရေ။ မိုးလင်းကေ ဖောက်သည် ရှိရေ။ အနည်းဆုံးဖောက်သည် ၁၀၀၊ ၉၀ တော့ ရှိရေ။ သူရို့အဆင်ပြေအောင် သူရို့ကျေနပ်အောင် လုပ်ပီးရေ။ သူရို့အမြတ်ရအောင်လုပ်ပီးရေ။ သူတို့ရောင်းဖို့ နည်း၊ စနစ်ချေတိကအစ ပြောပီးရေ။ ဆိုခါ သူရို့ပါးက ခင်မင်မှုတိ အများကြီးရလာရေ။ ကိုယ်ကလေ့ သူရို့ကို ခင်မင်မှုအများကြီးပီးထား ရေ။ အဆင်ပြေအောင်လုပ်ထားရေ။ သူရို့ပြေမှ ကိုယ်ပြေဖို့လေ။ ပြေအောင်လုပ်ပီးရေ ယေနန့်။ ယေခါ တဖြည်းဖြည်းနဲ့ ယူသားများလာရေ။”

ဒေပိုင်မွန်မြတ်တေ စိတ်ထားတိရဲ့ အကျိုးပီးမှုကြောင့် လမ်းဘေးမှာစပြီးကေ ရောင်းချခရေ ဒေါ်လှလှရို့ဇနီးမောင်နှံရဲ့ လုပ်ငန်းချေစွာ အောင်မြင်ရေ အနေအထားတစ်ခုကို ရောက်လာလို့ စားဝတ်နေရေးအပြင် သား၊ သမီးတိရဲ့ ပညာရေးကိုလေ့ ဆုံးခမ်းတိုင်အောင် သင်ပီးနိုင်ခလို့ စိတ်အီးနီရပါဗျာလ်။

ယချင့်တာင်မက သူ့လုပ်ငန်းကြောင့် ရာနဲ့ချီရေ တဆင့်ခံဝယ်လို့ ရောင်းချရေ လူတိလေ့ အဆင်ပြေနီကတ်ရပါဗျာလ်။

“ဒေအဖျော်ရည်ကို မှီခိုပြီးကေ လူပေါင်း ၉၀၊ ၁၀၀ လောက်က ထမင်းစားနီကတ်ခါ အရီးက ဆိုင်တောင်မပိတ်ဝံ့။ အမှန်ရာဆိုကေ ၅ ရက်ပိတ်ပနာ ဇိမ်ခံလိုက်လို့ အရီးတစ်ခုလေ့ ဖြစ်မလား။ သို့သော် အရီးဆိုင်ချေ ၁ ရက်ပိတ်လိုက်စွာနဲ့ လူ ၁၀၀ ကျော် ထမင်းစားနီရစွာ။ အရီးကို ဘယ်လောက်ထိ ပြောကတ်လေဆိုကေ အန်ရီး အရီးက အကျွန်ရို့ဘဝတိအတွက် ကျေးဇူးရှိပါတယ်ရေလတ်။ အကျွန်ရို့မှာ မိုးရာသီဆိုကေ အကြွီးကျရေလတ်။ နွေရာသီရောက်လို့ အရီး ဖျော်ရည်ရောင်းလိုက်ကေ အကြွီးတိကျီလားရေလတ်။ ဖျော်ရည်က အဆင်ပြေရေလတ်။ ယချင့်တိကို အန်ရီးနားမှာ ကြားနီရေ။ ဆိုခါ အရီးက ငါ ၅ ရက်ပိတ်လိုက်လို့ ဇိမ်ခံပစ်လိုက် လို့ရကေလေ့ ဒေလူတိ ထမင်းဇာပိုင်စားကတ်ဖို့လဲ။ ဇာပိုင် အဆင်ပြေကတ်ဖို့လဲ ဆိုပြီးကေ အရီးက သနားရေ။ ယင်းတွက်နန့် ဆိုင်ကို မပိတ်ဝံ့ဖြစ်နီစွာ။ ယကေလေ့ ကိုယ့်အိမ်မှာ ၁ နှစ် ၁ ခါ အလှူပွဲလုပ်တေ။ ယင်းနိမှာ ပိတ်လိုက်တေ။”

ဒေပိုင် သူ့လုပ်ရပ်တိကြောင့်လေ့ သူ့ကိုသူ ဂုဏ်ယူနေတတ်သူတစ်ဦးလည်း ဖြစ်ပါရေ။

“ကိုယ့်စွာကိုယ်တော့ ကျေနပ်တေ။ အများပြည်သူ ကိုယ့်လုပ်ငန်းကြောင့် ထမင်းစားရရေ။ ပြီးကေ ပင်လည်းမပင်ပန်းကတ်လေ။ အရီးက အလိုက်သင့် ဖျော်ပီးထားရေ။ ရေခဲကိုလေ့ အလိုက်သင့်ပီးထားရေ။ သံပုရာသီးကိုလေ့ယပိုင်။ ဆိုခါ အဖျော်ရည် ၁ ထောင်ဖို့၊ သံပုရာသီး ၅၀၀ ရာဖို့၊ ပိုက် ၂၀၀ ဖို့ပီး၊ ဆိုကေ တစ်ခါတည်းနဲ့ အားလုံးပါရေ။ သူရို့ကျေနပ်ကတ်တေ။ တစ်ခုလေ့ မပင်ပန်းကတ်။ ကိုယ့်အိမ်ရောက်လားကေ  ဗူးချေ၊ ခွက်ချေချကေ ရောင်းဖိ။ သူတို့လက်နဲ့ မလုပ်ရ။ ယပိုင်လေ့ လွယ်ကူရေ။ အအီးဖြစ်လို့လေ့ အများကြီး ကြိုက်ကတ်တေ။”

တစ်ခါတစ်လီမဆိုကေ သူရို့နာမည်ကို အသုံးချပြီး ရောင်းချသူတိလည်း ရှိပါတယ်။ ဒေလုပ်ရပ်တိကြောင့် ဒေါ်လှလှအဖို့ စိတ်မကောင်းဖြစ်ရကေလေ့ မေတ္တာတရားနဲ့ပဲ တုံ့ပြန်တတ်သူဖြစ်လို့ ဒေချင့်လောက်ကတော့ မဖြစ်စလောက်ချေပါ။

“အရီးကို ရန်ကုန်ကမှာကတ်တေ။ ပူရေသီမှ လုပ်စွာလေ။ ဆိုခါ လုပ်တေနိ တစ်ညထားရကား။ ကားမှာ တစ်ညဥ့်။ ရက်တစ်ရက်။ နောက်နိမှ ရောက်လားဖို့။ ၄၊ ၅ ရက်ကြာလားကေ အရီးရို့ ပစ္စည်းကမကောင်း ဖြစ်လီဖို့။ ဒေပိုင်မထည့်နိုင်လို့ စိတ်မကောင်း။ ယင်းချင့်ကိုပါ ပို့လို့ရဖို့ဆိုကေ အရီးက အမြတ်ကို အဓိက မထာ။ အရီးလက်ရာ သောက်လီကတ်ရအောင်အတွက်လေ။ ဒေချင့်ကိုမှ တစ်ယောက်က အရီးနာမေနန့် ရန်ကုန်ထည့်ရေ။ ကားဂိတ်က အရီးတူမချေက အရီးနာမေနန့် ထည့်ရေဆိုပြီးကေ အရီးကို တိုင်ရေ။ ယကေလေ့ အရီးက ထည့်ကေလေ့ ထည့်လီဖိ။ သူအဆင်ပြေဖို့လိုရေလို့ ပြောလိုက်တေ။”

သူ့ပရိတ်သတ်တိ အဆင်ပြေအောင် တိုးချဲ့လုပ်ကိုင်ချင်ကေလေ့ လက်ရှိအခြေနေမှာတော့ စိတ်လား တိုင်းကိုယ်မပါနိုင်ရေ အရွယ်ရောက်နီယာဖြစ်လို့ တရားဘာဝနာဖက်ကို ကူးပြောင်းပြီးကေ သူ့လုပ်ငန်းကို သား၊ သမီးတိကိုပဲ လက်ဆင့်ကမ်းရဖို့ယာ ဖြစ်ပါရေ။

“အခုက အရီးကကျောင်းအလုပ်(ဘာသာရေး)ကို လုပ်ချင်ရေ ဆန္ဒရှိနီယာ။ ဒေအလုပ်က ဘုံဆိုင်အလုပ် သား၊ သမီးစားဖို့။ ဝိပဿနာအလုပ်က ကိုယ့်လားရဖို့အလုပ်။ ယင်းအလုပ်ကို လုပ်ချင်ရေအတွက်နဲ့ အရီးကစိတ်ကူး ထားရေ။ နောက် ၄၊ ၅ နှစ်ဆိုကေ မလုပ်ယာ။ ယင်းအချိန်မှာ ကိုယ့်မှာ သား၊ သမီး ၄ ယောက်ရှိရေ။ အသူလုပ်ဖို့လဲ။ အသူဆန္ဒရှိလဲ။ ရှိရေလူကို ညွှန်ပြပီးလိုက်မယ်။”

တစ်ခြားနေရာက ဧည့်သည်တိကလည်း စစ်တွေမြို့ကို ရောက်ရင် “သံကျောင်းရှေ့မကျည်းဖျော်ရည်”ကို မြည်းကြည့်လီကတ်ပါအုံး။ တစ်ခွက်ကို ၂၀၀ ယာကျပါရေ။

 533 total views,  1 views today