ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း

ယနေ့ ပုံနှိပ်အက္ခရာခေတ်မှာ နန်းကျဘုရင်လိုတောင် တင်စားရမယ့် လက်နှိပ်စက်ဟာ ၁၇ ရာစု အကုန်ပိုင်းနှင့် ၂၀ ရာစု အလယ်ပိုင်းထိ လူ့သမိုင်းဖြစ်စဉ်မှာတော့ အရေးပါအရာရောက်ခဲ့တာ ငြင်းနိုင်ကြမယ် မထင်ပါဘူး။

အဲဒီတုန်းက လက်နှိပ်စာရိုက်နည်းကို သင်ယူတတ်မြောက်ထားသူများဟာ ရုံးနှင့် အလုပ်တိုက်များစွာမှာ သက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် အသက်မွေးနိုင်ခဲ့ကြပေမယ့် ဒီဘက်ခေတ်မှာတော့ မလွယ်ကူတော့ပါ။ ဒါပေမယ့် အသက်မွေးနေသူတစ်ချို့လည်း ရှိနေပါသေးတယ်။ အဲဒီထဲမှာ ဦးစစ်သာအောင်လည်း ပါဝင်ပါတယ်။ သူဟာ အသက် ၇၆ နှစ်အရွယ်ရှိပါပြီ။ စစ်တွေမြို့ ရွှေပြားရပ်ကွက်မှာ နေထိုင်သူပါ။ စစ်တွေမြို့တရားရုံးက အလွတ်တန်းလျှောက်လွှာစာရေး အဖြစ် အသက်မွေးတဲ့ ဦးစစ်သာအောင်ဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံလူထုလှုပ်ရှားမှုအလွန်ကတည်းကနေ ယနေ့အချိန်ထိ လက်နှိပ်စက်ကို အသုံးပြုနေဆဲလည်း ဖြစ်ပါတယ်။

ခေတ်တွေပြောင်းလာချိန်မှာတော့ ကွန်ပျူတာပညာရပ်ကို လေ့လာသင်ယူချင်ခဲ့ပေမယ့် နောက်ကျခဲ့ပြီလို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ လက်စွဲတော် လက်နှိပ်စက်အဟောင်းကိုပဲ အားကိုးနေရတာလို့ ပြောပါတယ်။ တစ်ခေတ်တစ်ခါက ပုံနှိပ်အက္ခရာများ မှတ်တမ်းတင်ရာမှာ အရေးပါခဲ့ကြသူတွေရဲ့ နေဝင်ချိန်ကတော့ လက်နှိပ်စက်လိုပဲ ကျန်ရစ်ခဲ့ကြရတော့မှာလို့ ဆိုရမှာပါ။  ဒီတစ်ပတ်မှာတော့ စစ်တွေမြို့တရားရုံးက လက်နှိပ်စာ စာရေး ဦးစစ်သာအောင်ရဲ့ သူ့ဘဝအတွေ့အကြုံနှင့် သူ့ဘဝအသက်မွေးဝမ်းကြောင်း တစ်စိတ်တစ်ပိုင်းကို Arakan Yoma ပရိသတ်များ သိရှိခွင့် ရဖို့ တင်ဆက်ပေးသွားမှာပါ။

ခေတ်တွေဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူတွေဟာလည်း ခေတ်နဲ့လျော်ညီတဲ့ ပစ္စည်းကိရိယာတွေကို တီထွင်စမ်းသပ်လာကြပြီး ပြောင်း  လဲသုံးစွဲလာခဲ့ကြတာကိုတော့ အားလုံးအသိပါ။ ဒါကြောင့်လည်း ခေတ်ဟောင်းကပစ္စည်းတွေကတော့ နောက်မှာကျန်နေခဲ့ရပါတယ်။ ဒါ ပေမဲ့ တစ်ချို့ကတော့ ခေတ်ဟောင်းက ပစ္စည်းတွေကိုပဲ ယခုပစ္စုပန်အထိ အသုံးပြုကြတာရှိသလို တစ်ချို့ကတော့ အမှတ်တရအဖြစ်နဲ့ သိမ်းဆည်းထားတတ်ကြပါတယ်။

အဲဒီလို အလေ့အကျင့်တွေဟာ နောက်လာနောင်သားတွေအဖို့ အရင်အချိန်တွေက ဒီလိုပစ္စည်းတွေကို အသုံးပြုခဲ့ကြတယ်ဆိုတာတွေကို အသိပေးပြောပြနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သလို တစ်ချို့အတွက်လည်း စိတ်ဝင်စားစရာဖြစ်နေတတ်ပါတယ်။

အသက် ၇၆ နှစ်ရှိနေပြီဖြစ်တဲ့ ဘိုးဘိုး ဦးစစ်သာအောင်ကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့တရားရုံးမှာ အလုပ်လုပ်တဲ့ အလွတ်တန်း လျှောက်လွှာစာရေးတစ်ဦးပါ။ သူအဲဒီမှာ စလုပ်တုန်းကဆိုရရင် ရုံးတိုင်းလိုလိုမှာ လက်နှိပ်စက်တွေကိုယ်စီရှိကြပြီး ကွန်ပျူတာဆိုတာ မြန်မာနိုင်ငံမှာ ပေါ်မလာသေးဘူးလို့ ဆိုပါတယ်။

“ဘိုးဘိုး အခုလုပ်နေတာကတော့ လျှောက်လွှာစာရေးပေါ့။ အသက်ကတော့ ၇၆ နှစ်ရှိပြီ။ တရားရုံးမှာ တစ်နှစ်တစ်ခါ လိုင်စင်ခံရတယ်။ နှစ်စေ့လို့ ဆက်လုပ်မယ်ဆိုရင် ဆက်လုပ်လိုင်စင်ခံရတယ်။ မလုပ်တော့ဘူး ဆိုရင်လည်း ကိုယ့်ဟာကိုယ်ရပ်လိုက်လို့ ရတယ်။ သဘော က တရားရုံးလုပ်ငန်းတွေကို အကူညီပေးရတာပေါ့။ ပြီးတော့ အဲဒီမှာ အာမခံမယ့် လုပ်ငန်းလေးတွေရှိတယ်။ တရားရုံးကိစ္စတွေပေါ့လေ။ အဲဒါလေးတွေကို ဘိုးဘိုးက လုပ်ပေးရတာ။”

ဒီလုပ်ငန်းဟာ တစ်နှစ်ပြီးတစ်နှစ် လိုင်စင်ခံပြီးလုပ်ရတဲ့ လုပ်ငန်းဆိုပေမယ့်လည်း ၁၉၈၈ ခုအရေးအခင်းဖြစ်ပြီးနောက်ပိုင်းကတည်းကနေ စတင်လုပ်ကိုင်လာတာဖြစ်ပြီး အခုဆိုရင် ဆယ်စုနှစ် ၃ ခုကျော်ရှိနေပါပြီ။ ဒီလုပ်ငန်းကို သက်မွေးဝမ်းကြောင်းအဖြစ်ရွေးချယ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ တတ်ထားတဲ့ပညာကို အသုံးချလိုတာကတစ်ကြောင်း စားဝတ်နေရေးကတစ်ကြောင်း ပါဝင်ပါတယ်။

“လခလည်း ရတာမဟုတ်ဘူးလေ။ ဒါပေမယ့် ကိုယ့်လုပ်ငန်းနဲ့ကိုယ်ပေါ့။ သဘောက စားဝတ်နေရေးအတွက်ပေါ့။ ကိုယ့်ဘဝနဲ့ကိုယ်။ အဲ ဒီလိုလုပ်နေတာ ၈၈ အရေးအခင်းနောက်ပိုင်းကတည်းကနေ ဘိုးဘိုး အဲဒီတရားရုံးမှာ လိုင်စင်လေးတစ်ခုခံပြီးတော့ လုပ်နေတာ။ လုပ် ငန်းစဉ်ကတော့ အဲဒါပဲ။”

ဘိုးဘိုးဦးစစ်သာအောင်တို့ ငယ်ငယ်တုန်းကခေတ်ဟာ ကျွန်တော်တို့ ခေတ်လောက်တော့ မတိုးတက်ပေမဲ့ သူတို့ခေတ်ဟာလည်း ကျွန် တော်တို့ ခေတ်လိုပါပဲ။ လူငယ်တွေဖြစ်တာကြောင့် လိုအပ်တဲ့သင်တန်းတွေ လိုက်တက်ခဲ့ကြရတာပါ။

“တော်တော်ကြာနေပြီ။ အိုးတန်းရပ်ကွက်မှာ ဆရာဦးမောင်စောလှ ဆိုတာရှိတယ်။ သူ့ဆီမှာသင်တာ။ အဲဒီက အောင်လက်မှတ်ရခဲ့တာ။ ၂ လလောက်သင်ခဲ့ရတယ်။ အနှေးအမြန်။ ထပမတော့ တစ်လုံးချင်းတစ်လုံးချင်း ရိုက်ရတယ်ပေါ့။ နောက်ပိုင်းကျတော့ အမြန်အတွက် လည်း သင်တန်းတက်ရတယ်။”

အဲဒီလို လိုအပ်တဲ့ပညာတွေကို လိုက်သင်ခဲ့တာကြောင့် လိုအပ်တဲ့အချိန်မှာ အသုံးချခွင့်ရခဲ့တာလို့ ဆိုရမှာပါ။ ဒါပေမယ့် ဒီအလုပ်ကိုရဖို့ လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ ဒီအကြောင်းကိုလည်း ဘိုးဘိုးဦးစစ်သာအောင်က အခုလိုပဲ မှတ်မှတ်ရရနဲ့ ပြန်ပြောပြပါတယ်။

“အခက်ခဲကတော့ ဆရာဆီမှာသင်ရတယ်လေ။ မသင်လို့ မရဘူး။ ဘိုးဘိုးတို့က တရားရုံးလုပ်ငန်းတွေကို နား လည်တာမှ မဟုတ်တာ။ ဆရာဆီမှာ ၃၊ ၄ နှစ်လောက် သင်ရတယ်။ အဲဒီအခါ ဆရာက ရော့မင်းဒီလောက်ယူ။ ဒီလောက်ပေး အဲဒီလို ဆရာက ခိုင်းတာကို လုပ်ရ တယ်။ ဆရာက သင်ပြီးမှ တတ်တာကို မဟုတ်ရင် ဘယ်လိုတတ်မှာလဲ။ ဆရာကတော့ သေသွားတာ ကြာပြီ ပေါ့။ ၈၈ အရေးအခင်း နောက်ပိုင်းကတည်းကနေ။”

နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်လာချိန်မှာတော့ သူကခေတ်နဲ့အညီ လိုက်လျောညီထွေအောင် ကွန်ပျူတာကို လေ့လာသင်ယူဖို့ ကြိုးစားခဲ့ပေ မယ့် အခါနှောင်းသွားခဲ့ပါပြီ။ ဒါကြောင့်လည်း သူရဲ့လက်စွဲတော်လို့ ဆိုရလောက်တဲ့ လက်နှိပ်စက်ဟောင်းနဲ့ပဲ ခရီးဆက်ဖြစ်ခဲ့ပါတော့တ ယ်။

“အဲဒီလက်နှိပ်စက်ကတော့ ကြာပြီပေါ့။ အဲဒီလုပ်နှိပ်စက်လေးနဲ့ လုပ်လာတာ။ ကွန်ပျူတာ သင်မယ့်အချိန်ကလည်း မရှိတော့ဘူး။ သင် လည်း မသင်လိုက်တော့ဘူး။ လက်နှိပ်စက်ဟောင်းလေးနဲ့ ပဲလုပ်လိုက်တယ်။ တရားရုံးက ဘိုးဘိုးဆီကပေးတာတွေကို တရားရုံးမှာတင် ပေးရတယ်ပေါ့။ အဲဒီအချိန်က ရုံးတိုင်းရုံးတိုင်းမှာတော့ လက်နှိပ်စက်ရှိကြတယ်လေ။ အဲဒီအချိန်က ကွန်ပျူတာက မပေါ်သေးဘူး။ ဘိုး ဘိုး ဒီလောက်အရွယ်မှာ ကွန်ပျူတာ သင်မယ်ဆိုတာကလည်း လွယ်တဲ့အလုပ် မဟုတ်တော့ဘူးလေ။ အသက်လည်းကြီးသွားပြီ။ လက် နှိပ်စက်ကတော့ အရင်ကနေ သုံးလာတာကို အခုကွန်ပျူတာတိုးတက်တဲ့ခေတ်မှာ ရုံးတွေအမှာ အမြန်လိုတယ်။ ပြီးတော့ စနစ်တ ကျ ဖြစ်အောင်ဆိုပြီးတော့ သူတို့က သုံးကြတာလေ။ ကွန်ပျူတာကိုတော့။ ရုံးတိုင်းရုံးတိုင်းမှာ ရှိနေတာကို။ ဘိုးဘိုးတို့မှာက ကွန်ပျူတာ လည်း သင်ဖို့မရတော့ဘူး။ ကိုယ်ပိုင် ဝယ်ဖို့ကလည်း အခက်ခဲရှိတော့ လက်နှိပ်စက်အဟောင်းလေးနဲ့ အဲဒီလိုပဲ လုပ်နေရတာ။”

လက်ရှိ သူတရားရုံးမှာ အဓိကတာဝန်ယူရတဲ့အပိုင်းကတော့ တရားရုံးနဲ့ တရားရုံးကို လာရောက်တဲ့သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီ လုပ်ဆောင်ပေးဖို့ပါပဲ။

“ကျမ်းကျိန်တဲ့ ပုံစံမျိုးတွေရှိတယ်။ အိမ်ထောင်စုလို့ မဟုတ်။ အခက်ခဲကျလာလို့ ကိုယ့်ဟာကိုယ် ကျမ်းကျိန်မယ်။ ကိုယ့်ဟာကိုယ် လက် မှတ်ထိုးမယ်။ အဲဒီလို အကြောင်းအရာတွေကို မေးပြီးတော့ ဘိုးဘိုးကလုပ်ပေးတာတွေရှိတယ်။ ဝါသနာပါတယ်လို့လည်း မဟုတ်ဘူးပေါ့။ ကိုယ့်မှာ စားဖို့၊ သောက်ဖို့၊ နေဖို့အတွက်လုပ်နေရတာ။ လျှော့လို့လည်းလုပ်ရတယ်။ အသက်လည်းကြီးလာတော့ဘုရားကျောင်းကန်တွေ မှာ လှူတယ်။ ဆွမ်း၊ ပန်းကျွေးတယ်ပေါ့။ အဆင်ပြေတယ်လို့လည်း မဟုတ်ဘူး။ စားသောက်ဖို့ ဈေးဖိုးလောက်ကတော့ရတာပေါ့။ ရတာ လေးကို လှူတယ်။ တန်းတယ်။ ကျောင်းကန်သွားတယ်။”

ဘိုးဘိုး ဦးစစ်သာအောင်မှာတော့ သူနဲ့အသက်ရွယ်တူ ဇနီးတစ်ဦးလည်း သေမတူရှင်မကွာ နေထိုင်လျှက်ရှိပါတယ်။ သူတို့နှစ်ဦးမှာ ရှား ရှားပါးပါး သား ၂ ဦးသာရှိပါတယ်။ သားတွေကိုလည်း သူတို့မျက်စိအောက်က အပျောက်ခံသူတွေ မဟုတ်သလို သူတို့လုပ်နိုင်သမျှ အ ရွယ်ထိတော့ ဘယ်သူ့ကိုမှ အားကိုးတတ်သူတွေ မဟုတ်ပြန်ပါဘူး။

“သားက ၂ ယောက်ရှိတယ်။ သူတို့မှာ ကိုယ့်မော်တော်ကားလေးနဲ့ကိုယ် ရှာစားကြတယ်လေ။ ဘိုးဘိုးကတော့ သားတွေကို တစ်ခြံတည်း မှာထားတယ်။ ဟိုဖက်ကတစ်ယောက်၊ ဒီဖက်ကတစ်ယောက်။ သူတို့မှာလည်း သူတို့လုပ်ငန်းလေးနဲ့ သူတို့ပေါ့လေ။ မြေးကတော့ အကုန် လုံး ၇ ယောက်ရှိတယ်။ အငယ်သားမှာ သား၊ သမီး ၄ ယောက်။ အကြီးလူမှာ သားယောက်ျားချည်း ၃ ယောက်ရှိတယ်။ သူတို့မှာလည်း သူတို့ နည်းနဲ့သူတို့။ ဘိုးဘိုးမှာလည်း ဘိုးဘိုးတို့ လင်မယားနှစ်ယောက် ကိုယ့်ဟာနဲ့ကိုယ်။”

အသက် ၈၀ နားကပ်နေပြီဖြစ်တဲ့ ဘိုးဘိုး ဦးစစ်သာအောင်ကတော့ ဒီနှစ်ကုန်ရင် လက်နှိပ်စက်နဲ့ ဖြတ်သန်းလာရတဲ့ ဘဝကို စွန့်လွှတ်ပြီး သေရာကိုပါမယ့် တရားဘာဝနာဖက်ကိုသာ အားထုတ်တော့မယ်လို့ ဆိုပါတယ်။ ဘဝမှာ အသွားရှိရင် အပြန်အပြန်ရှိတယ်ဆိုတဲ့ စကား ပုံလေးကလိုတော့ သူအလုပ်နားချိန်မှာ သား၊ သမီးတွေကိုပဲ မှီခိုတော့မယ်လို့ ဆိုပါတယ်။

“ရှေ့နေတွေလို လိုင်စင်ခံရတယ်။ တစ်နှစ်ဆိုရင် တစ်ခါစီလိုင်စင်ခံရတယ်။ လိုင်စင်ပေးရင် လုပ်လို့ရတယ်။ ဒီနှစ်ကုန်ရင် ဒီဇင်ဘာလမှာ လိုင်စင်ခံရတယ်။ ဘိုးဘိုးကတော့ ဒါပြီးရင် မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ အသက်ကြီးလာတယ်မလား။ ဒီဇင်ဘာမှာ ဘိုးဘိုးက လိုင်စင်မတင်တော့ဘူး။ ကိုယ်တို့မှာ ရှိတဲ့ဟာနဲ့ပဲ လင်မယားနှစ်ယောက် စားသောက်တော့မယ်။ အဲဒီနောက်ပိုင်းမှာတော့ သားတွေကိုပဲ အားကိုးရတော့မယ်လေ။ သူတို့ကလည်း အထောက်အကူပြုကြလိမ့်မယ်လို့ မျှော်လင့်တယ်။ ကိုယ်ကလည်း အကူညီပေးထားတာတွေ လည်း ရှိတယ်လေ။ အထောက်ကူပြုလိမ့်မယ်။”

 586 total views,  1 views today