ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတစ်ပတ်မှာတော့ ဝါးနှီးထိုးပြီး ခြင်းတောင်းတိ ရက်လုပ်ရောင်းချရေအဘိုးတစ်ယောက်အကြောင်းကို တင်ပြပီးချင်ပါရေ။ သူကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကယ်ဆယ်ရေးကွက်မှာနီထိုင်ရေ အသက် (၇၈) နှစ်အရွယ် ဦးရွှေဘိုင်း ဖြစ်ပါရေ။ သူစွာ ဇာကြောင့် ဒေအလုပ်ကို လုပ်ကိုင်နီရစွာလဲ၊ တစ်ရက်ဝင်ငွေဇာလောက်ရလဲ၊ ဇာပိုင်ပုံစံမျိုးရက်လုပ်ရလဲ စတာတိကို မေးမြန်းတင်ဆက်ပီးဖို့ ဖြစ်ပါရေ။

အရွယ်သုံးပါးထဲက နောက်ဆုံးအရွယ်ကို ရောက်ရှိနီယာဖြစ်ကေလေ့ မိသားစုအခြေအနေကြောင့် သူစွာ အနားမယူဘဲ လက်ရှိအချိန်ထိ ရုန်းကန်လုပ်ကိုင်နီရဆဲ ဖြစ်ပါရေ။

“အရင်က စစ်တွေ၊ နာဇီရွာမှာနီခရေ။ ဇာတိကလည်း စစ်တွေယာ။ စစ်တွေမှာ ကုလားနဲ့ပြဿနာဖြစ်တုန်းကပင် လုပ်လာစွာပေါ့။ ဒေဖက်ကို ပြောင်းလာတည်းက လုပ်စွာ။ နာဇီရွာမှာနီတုန်းကလည်း ဒေအလုပ်ပဲ။ ယင်းမှာလည်း ဒေအလုပ်။ ဒေကိုရောက်တော့လည်း ဒေအလုပ်ပေါ့။ ဒေပိုင်လုပ်လာစွာ နှစ်ပေါင်း ၄ ဆယ်၊ ၅ ဆယ်လောက်ရှိယာ။”

သူရေ စစ်တွေမြို့ဇာတိဖြစ်ပြီးကေ အရင်ကတော့ နာဇီရွာရပ်ကွက်မှာ နီထိုင်ခသူဖြစ်ပါရေ။ ၂၀၁၂ ခုနှစ် ရခိုင်-မူဆလင် အဓိကရုန်းဖြစ် ပြီးနောက်ပိုင်းမှာတော့ စစ်တွေမြို့က ဒေသခံတစ်ချို့ကို ဆတ်ရိုးကျကယ်ဆယ်ရေးရပ်ကွက်ကို ပြောင်းရွှေ့ရာမှာ သူရို့မိသားစုလည်း အပါအဝင်ဖြစ်ပါရေ။

ဒေအလုပ်က အလွန်တရာသေးငယ်ရေ လက်မှုပညာချေတစ်ခုဆိုကေလေ့ အလွန်တရာအချိန်ပီးအားစိုက်လုပ်ကိုင်ရရေ လုပ်ငန်းတစ်ခုပါ။ ခြင်းတောင်းငယ်ချေတစ်လုံး ဖြစ်လာဖို့အတွက်လည်း အဆင့်ဆင့်ပြုလုပ်ရစွာက သာမန်လူတိအတွက်ကတော့ လွယ်ကူရေ ကိစ္စတစ်ခု မဟုတ်ပါ။

“ဒေချင့်လုပ်ဖို့အတွက်ကတော့ တခုလေ့ထွေထွေထူးထူး မလိုလေ။ ဝါးလိုရေ။ ကြိမ်လိုရေ။ ကွပ်ဖို့အတွက်။ ကြိမ်မရလို့ ကြိုးနဲ့ ကွပ်နီရရေ။ အခုက။ လားလို့ရောင်းကေ ၃ ထောင်၊ ၂ ထောင် ယလောက်ပဲရရေ။ လုပ်ရစွာက ၄၊ ၅ ရက်။ ဝါးဝယ်ရရေ။ နှီးထိုးရရေ။ ဈီးကို လားပြီးရောင်းရရေ။”

ခြင်းတောင်းရက်လုပ်ဖို့အတွက် အဓိကကုန်ကြမ်းကတော့ ဝါးဖြစ်ပါရေ။ နောက်ပြီးကေ ခြင်းတောင်းကို ခိုင်ခံ့အောင်ပြုလုပ်ဖို့အတွက် အနားကိုကွပ်ဖို့ ကြိမ်ကလည်း လိုပါရေ။ အခုအချိန်မှာတော့ ကြိမ်တိရှားပါးလာစွာကြောင့် ပလတ်စတစ်ကြိုးတစ်မျိုးကို အစားထိုး အသုံးပြုနီရရေလို့ ဆိုပါရေ။

ရက်လုပ်ပြီး ရလာရေအချောထည် ခြင်းတောင်းတိကိုတော့ စစ်တွေမြို့မဈေးကိုလားပြီး ဈီးဆိုင်တိက တစ်ဆင့်ရောင်းချစွာမျိုးရှိရေပိုင် ဟင်းသည်၊ ငါးသည်တိကို တိုက်ရိုက်လားရောင်းစွာမျိုးလည်း ရှိပါရေ။

“ဈီးကြီးမှာလားရောင်းရေ။ ဆိုင်မှာသွင်းရေ။ ခြင်းတောင်းတိကို ဝယ်ရေဆိုင်ရှိရေ။ ယင်းက လက်မခံယာ။ များနီဆိုလို့ရှိကေတော့ ဈီးမှာလားရောင်းရေ။ ဟင်းတန်းတိမှာ ဟင်းရောင်းရေ မိန်းမတိဝယ်ကတ်တယ်။ ဝယ်ထားစွာတွေ များနေကတ်ယာဆိုကေတော့ ရောင်းမကောင်းယာ။ ဒေကောင်တိက အချိန်နည်းနည်းနဲ့ ပျက်စီးစွာက မဟုတ်လေ။ ၂ လ၊ ၃ လကြာလောက်မှ ပျက်ရေ။ ယင်းခါကျမှ ဝယ်ကတ်တေ။ ကုန်ကေမှာကတ်တယ်။ ၁၀၊ ၉ လုံးလောက်ယူခဆိုတော့ လားပီးလိုက်တယ်။”

အချိန်ကုန် အားစိုက်ပြီး လုပ်ရရေ အလုပ်ဖြစ်သလောက် လူပင်ပန်းခံရကျိုးကတော့ မနပ်ပါ။ ဇာကြောင့်လဲဆိုကေ ဝါးတစ်လုံးက ခြင်းတောင်းငယ် ၃ လုံးလောက်ရရေဆိုကေလေ့ လုပ်ရင်းနဲ့ ပျက်စီးတတ်စွာကြောင့် ဝေးပစ်လိုက်ရခါတိလည်း အမြဲလိုလို ကြုံရလေ့ရှိပါရေ။ ဒေအကြောင်းကိုလည်း အဘိုးဦးရွှေဘိုင်းက အခုပိုင် ပြောပြပါရေ။

“ဝါးတစ်စွပ် (၁၀လုံး) ကို ၃ ထောင် ကျရေလေ။ ဝါးတေိကတော့ ကိုယ့်အိမ်ရှေ့မှာလာရောင်းရေ။ ဝါးတစ်လုံးက ခြံ ၃ လုံးလောက်ရရေ။ ရပ်စောက်တောင်းတစ်မျိုးရက်တယ်။ ဟင်းရောင်းရေ ခြံတစ်မျိုးရက်တယ်။ ဝါးဖိုးနဲ့က မကိုက်။ ဒေပိုင်အလုပ်မရှိလို့ရာလုပ်နီရစွာ။ ခြံတစ်လုံးလုပ်ကေ သုံးခြံဖိုးလောက်ကို ဝေးပစ်လိုက်ရရေ။ ဝါးတစ်လုံးက။ ခြံတစ်လုံးကို ၂၅၀၀၊ ၂၀၀၀၊ တစ်ခါတစ်ခါဆိုကေ ၁၅၀၀ ရာနဲ့လည်း ရောင်းလိုက်ရရေပေါ့။ တောင်းဆိုကေ ၁၅၀၀၊ ခြံဆိုရင် ၂၀၀၀ ပေါ့ ယပိုင်ရာင်းရေ။ အမြတ်က မရှိလေ။ ဇာက မြတ်ရဖို့လဲ။ ၁ ထောင်၊ ၉ ရာ လောက်မြတ်လိမ့်မယ်။ ၁ ထောင်၊ ၂ ထောင်လောက်မြတ်လိမ့်မယ်။” 

ခြင်းတောင်းရက်လုပ်တေအခါမှာ ပြတ်ရှလွယ်ရေ အရာနှစ်ခုဖြစ်တေ ဓါးနဲ့ ဝါးမျက်တိစွာ ဦးရွှေဘန်းနဲ့ နေ့စဉ်ထိတွေ့နီရရေ အရာတိ ဖြစ်တေအလျောက် ပြတ်ရှဒဏ်ရာတိကို မကြာမကြာ ခံစားရစွာလည်း ရှိပါရေ။

“အေပိုင်လုပ်ဖို့အတွက်ကတော့ ကြိမ်လိုရေ။ ကြိမ်နဲ့ဝါး။ ပြီးကေ ဓါးလိုရေ။ အနားကွပ်စူးလိုရေ။ လက်ဝင်စွာကတော့ ပြောနိန်ဖို့မလိုပါ။တစ်ခါတစ်လေဆိုကေ ထမင်းမစားနိုင်ပါ။ လက်တွေဆာရေ။ ဓားရှ၊ ဝါးရှနဲ့ ”

အဘိုးကြီး ဦးရွှေဘိုင်းမှာတော့ သူနဲ့ သက်ရွယ်တူ ချစ်ရရေ ဇနီးအဘောင်ကြီးလည်း ရှိပါသိမ့်ရေ။ အမှန်တော့ သူရို့နှစ်ယောက်ဆိုစွာ အို ကံဆိုးရေလို့ ပြောရပါဖို့။ ယကေလည်း လက်ရှိမှာတော့ သမီးတစ်ဦးက ပြုစုစောက်ရှောက်ထားရေလို့ ဆိုပါရေ။

“သား၊ သမီးမှာလည်း သား၊ သမီးစားဖို့ ကျောင်းတက်ဖို့ ကြိုးစားနိန်ရပါရေ။ မိဘတိကို ဖေသာပီးဖို့က မရနိုင်လို့ပါ။ သမီးနဲ့နိန်စွာ။ သမီးတစ်ယောက်ရှိပါရေ။ အိမ်ရှင်လည်း မရှိပါဗျာယ်။ သမီးမှာရထားရေ မြေးချတိနဲ့ နိန်စွာပါ။ အဘောင်မကတော့ တစ်ခုလည်းမလုပ်နိုင်ပါဗျာယ်။ သူကလည်း ၇၈ နှစ်လောက်ရှိနိန်ပါဗျာယ်။” 

သူတတ်ထားရေ အေသက်မွီးဝမ်းကြောင်း အလုပ်ကတော့ သူ့အတွက် အသုံးဝင်ရေလို့ ဆိုရကေလည်း မိသားစုအတွက် စားဝတ်နေ ရေး ဖူလုံအောင်တော့ မပြုလုပ်ပီးနိုင်ပါ။ ယင်းကြောင့် အဘိုးကတော့ အေအလုပ်ချေကို သူအားရေအချိန် နိန်ကောင်းရေအချိန်မှာ ဆီးဖိုး၊ ဝါးခတိ ကာမိဖို့လားဆိုရေ အတွေးချေနဲ့ ဆက်လုပ်နိန်ရစွာ ဖြစ်ပါရေ။

“အေဂုက သမီးလုပ်ပီးနိန်လို့ စားနိန်ရရေ။ အေချင့်လုပ်လို့က မစားရ။ ၁၀၊ ၉ ရက်မှာ ၁၀၊ ၉ လုံးရောင်းရလို့က စားက မစားရပါယေ။ ကျန်းမာရေးကတော့ ကောင်းရေ။ အဘောင်ကလည်း ကောင်းပါရေ။ ယကေလေ့ အဘိုးက ခါးနာနိန်ပါရေ။ လားလို့လာလို့ ကကောင်းမရပါဗျာယ်။ အ ရင်နဲ့ မတူပါ။ အယင်ကဆိုလုပ်နိုင်လားနိုင်ပါရေ။ ရေဂုက အယင်ကပိုင်မျိုး ကျဘန်းလားလုပ်နိန်လို့က မရပါဗျာယ်။  ထိုင်လို့ယာလုပ်နိန်ရစွာပါ။ ”

တစ်ခါတစ်လီကျကေလည်း အသက်ကြီးလာစွာနဲ့အမျှ အိုမင်းရင့်ရော်မှု၏ ခါးသီးမှုတိကိုလည်း ကြုံရစွာပါဗျာယ်။

“ကျန်းမာရေးကတော့ ကောင်းရေ။ ယကေလည်း ခါးအီးခါးနာက များရေ။ အထိုင်များကေ ခါးတိနာရေ။ မလားနိုင်။ မထနိုင်ပါ။ ”

 ယကေလည်းအဘိုးကြီး ဦးရွှေဘိုင်းကတော့ သူ့ချစ်ဇနီးနဲ့အတူ အေအရွယ်မှာ လုပ်သင့်လုပ်ထိုက်ရေအရာကိုလည်း မိဖျောက်မထားတတ်ပါ။

“ကျောင်းလားရေ။ မိုးရာသီဆိုကေ ဦးပုသ်စောင့်ရေ။ အဘောင်နဲ့ ၂ ယောက်အတူလားကတ်တေ။ အခက်ခဲကတော့ ကကောင်းမရှိပါ။ သူရို့ကလည်း (သမီး) တတ်နိုင်သလောက်လုပ်ကျွေးပါရေ။ အေအရွယ်မှာတော့ အခက်ခဲက ကကောင်းမရှိ။” အသက် ၈၀ နားကပ်နိန်ရေ အဘိုးကြီး ဦးရွှေဘိုင်းကတော့ တစ်ခြားဘဝကို မကူးပြောင်းမှီအချိန်ထိတော့ သူ့ဇွဲ၊ လုံ့လကို အလျှော့ပီးဖို့  မဟုတ်ပါ။

 432 total views,  1 views today