ထူး | Arakan Yoma

အမိ၊ အဖတိပီးထားရေ နာမည်အရင်းက တင်တင်အေးဆိုကေလေ့ အချေခါကပင် အမြဲတမ်းပြုံးနီတ တ်တေသူမ၏ အမူယာချေကြောင့် “မပြုံး”လို့ နာမေတွင်ပါလတ်ပါရေ။

 “ကျနော့်နာမည်အရင်းက တင်တင်အေးပါ။ ယကေလေ့ ကျနော့်ကို တင်တင်အေးလို့ သိရေလူတစ်ယောက်လေ့ မရှိပါ။ ဇာဖြစ်လို့လဲဆိုကေ ကျနော်က အချေခါကပင် ပြုံးနီတတ်တေလူဖြစ်လို့ပါ။ ကျနော့်အဖက စစ်သားဖြစ်လို့ တိုင်းနဲ့ပြည်နယ် အားလုံးကို လားနီရရေ။ ယင်းခါကျကေ ဇာလောက်ပင် စိတ်တိုနီပတ်ဆီ အမြဲတမ်းပြုံးထားရေအတွက် ကျနော်စွာ တစ်ယောက်နဲ့လည်း ပြဿနာမရှိ။”

သူ့ကိုသူ “ကျနော်၊ ကျနော်” နဲ့ ပြောတတ်တေ ဒေါ်တင်တင်အေးစွာ အမိ ကရင်တိုင်းသူနဲ့ အဖ ရခိုင်တိုင်းရင်းသားရို့၏ မွီးချင်း ၆ ယောက်ထဲက သမီးတစ်ဦးဖြစ်ပါရေ။ သူ့အဖစွာ စစ်သားတစ်ဦးဖြစ်တေအတွက်ကြောင့် ဖခင်ပြောင်းရွှေ့ရေနေရာတိုင်းကို သူရို့ မိသားစုစွာလည်း ထပ်ကြပ်မကွာ လိုက်နီခရပါရေ။

ဖခင်သေနတ်ထိမှန်ပြီးကေ တပ်ထဲကထွက်လာခချိန်မှာတော့ သူမရို့မိသားစု အခြေချဖို့အရပ်စွာ ရခိုင်ပြည်နယ် စစ်တွေမြို့ဖြစ်လာခ ပါရေ။

 “ကျနော်အကြော်ကြော်ရရေအကြောင်းအရင်းက ကျနော့်မိဘ အဆင်မပြေလို့။ ကျနော်ရို့က ကိုယ်တတ်တေပညာနဲ့ အလုပ်လုပ်စွာပါ။ ဇာဖြစ်လို့လဲဆိုကေ ကျနော့်မိဘတိက မုန့်မျိုးစုံလုပ်တတ်တေ။ ယကေလေ့ အဓိကကျစွာက အကြော်ကြော်ခြင်းအားဖြင့် ဆီလည်းသုံးရရေ။ ဆန်လည်း သုံးရရေ။ ငြုပ်သီးခြောက်၊ ကြက်သွန်ကအစ အခြေခံပစ္စည်းအားလုံးသုံးရရေ။ အခြားမုန့်ကို ကျနော်ရွေးချယ် လိုက်လို့ရှိကေ မုန့်ကအဆင်ပြေဖို့ မဟုတ်။ ကျနော်ရို့လုပ်တေ ဆန်က အကောင်းကိုရွေးရေ။ ကျနော်ရို့က ပေါ်ဆန်းမွှေးပဲသုံးရေ။ ကောက်ညှင်းဆန်ကို အသုံးပြုခြင်းအားဖြင့် အိမ်မှာအခြားမုန့်ကို လုပ်စားလို့ရရေ။ ဆီထမင်းပဲထိုးထိုး၊ ကောက်ညှင်းပဲရွှေကျီပဲထိုးထိုး ဇာမုန့်ကိုမဆိုဖြစ်နိုင်ရေ။ ငြုပ်သီးခြောက်ကို သုံးလိုက်ခြင်းအားဖြင့် ကျနော့်အိမ်မှာ ငြုပ်သီးခြောက်ကို သူများဆီက ဝယ်စားစရာ မလို။ ကြက်သွန်နီကိုသုံးလိုက်ခြင်းဖြင့်လည်း ကျနော်ရို့အတွက် အသုံးကျရေ။ အဖြူ၊ ဂျင်းဇာပစ္စည်းမဆိုလေ အခြားပစ္စည်းတိကိုလည်း ကျနော်ရို့က အကြော်လုပ်လိုက်ခြင်းအားဖြင့် အသုံးဝင်ရေ။”

ဖခင်တပ်ကထွက်ပြီးနောက်ပိုင်း ကရင်တိုင်းရင်းသူဖြစ်တေ သူမ၏ မိခင်စွာ တတ်ထားရေ ပညာတိနဲ့ မုန့်မျိုးစုံပြုလုပ်ရောင်းချလာခပါရေ။ ဒေပိုင် ပြုလုပ်ရောင်းချရာမှာ ယင်းခါက အသက် ၁၉ နှစ်ရာရှိသိရေ မပြုံးစွာ လုပ်ငန်းအတွက် အခရာကျသူတစ်ဦးအဖြစ်ပါဝင်လာခပါရေ။

သူမဦးစီးဦးဆောင်လုပ်ရရေ အချိန်တိကို ရောက်လာရေခါ သူရေ သူ့အတွက် အဆင်ပြေနိုင်မယ့် သူမကျွမ်းကျင်တဲ့ အကြော်စုံ ရောင်းချဖို့ စိတ်ပိုင်းဖြတ်ခစွာဖြစ်ပါရေ။ လုပ်ရင်းကိုင်ရင်းနဲ့ ဆယ်တန်းစာမေပွဲကို ဝင်ရောက်ဖြေဆိရေုခါ အကြိမ်ကြိမ်ကျခရေလို့ ဆိုပါရေ။ ယကေလေ့ သူ လက်မလျှော့ခပါ။ ယင်းကြောင့် မြန်မာစာအထူးပြုကို မာစတာနဲ့ ကျောင်းပြီးခပါရေ။

 “အခုကျနော် အကြော်ရောင်းနေလည်း အော်သူက ဘွဲ့ရပြီးသား။ မာစတာပြီးပြီးသား။ ယင်းစကားကို အမြဲတမ်းတွေ့နေတယ်လေ။ ဟုတ်တယ်မလား။ ကျနော်ရာ တကယ်လို့သာ ဆယ်တန်းကိုဆယ်နှစ်ဖြေပြီးကေ ကိုယ်ကိုကိုယ် စိတ်ဓာတ်ကို အောက်ဆုံးထိကို ဆင်းလားဖို့ ဆိုလို့ရှိရင်ကေ ကျနော်က အောင်ခဖို့မဟုတ်။ ယင်းခက ပြန်ဖတ်ခဲ့ရတော့ အရမ်းပင်ပန်းတယ်။ သူငယ်ချင်းတွေက အကုန်လုံး ဘွဲ့ရလာတဲ့အချိန်မှာ နင်ဘာနဲ့ပြီးလဲလို့ မေးတဲ့မေးခွန်းကို ကျနော်ပြန်မဖြေနိုင်ဘူး။ ဘာလို့ဆို B နဲ့ အောင်ထားသူသည် A မဟုတ်ဘူး။ A သည်သာ တက္ကသိုလ်တက်ခွင့်ရမယ့် အခွင့်အရေးလေ။ B နဲ့ အောင်ထားသူဟာ တက်ခွင့်မရ။ တန်းလန်းကြီးပေါ့။ ယင်းတန်းလန်းကြိုးစကိုပဲ ကျနော်က ပြန်ဆွဲပြီးပြန်တက်ခဲ့ရသူပါ။ ယင်းကြောင့် ဇာသူမျိုးမဆို ပညာတတ်တာကို ပိုပြီးတော့ ရွေးချယ်စေချင်ရေ။”

သူရေ ဒေပိုင်မာစတာနဲ့ ကျောင်းပြီးဘွဲ့ရခပါလျှက်နဲ့ ဇာကြောင့်နဲ့များ လက်ရှိအချိန်ထိ အကြော်ရောင်းစားပြီးကေ သက်မွီးဝမ်း ကြောင်းပြုနီခရစွာပါလဲ။ သူရေ သူ့ဘဝကို အနစ်နာခံပြီးကေ မောင်နှမတိရဲ့ ဆန္ဒကို ဖြည့်ဆည်းပီးခစွာကြောင့်ပါ။ 

 “ကျနော်အစိုးရအလုပ်ကို ဝင်လုပ်ခသိရေ။ ၄ ခေါက်တောင်မှ ဇာပိုင်ပြောရဖို့လဲ။ ကျနော်တစ်ယောက်တည်းပဲ တတ်မယ်။ ကျနော့် နောက်က မောင်နှစ်မတစ်ယောက်လေ့ တတ်ဖို့ မဟုတ်။ ကျနော့်မောင်အငယ်ဆုံးဆိုလို့ရှိကေ အခုဆိုကေ လက်ထောက်ညွှန်ကြား ရေးမှူး မောင်တောမှာ ခရိုင်မှူးအကြီးဆုံးလေ။ သူရို့တိတတ်ဖို့အတွက်ကို ကျနော်က နောက်ဆုတ်ခံပေးလိုက်စွာ။ တကယ်လို့ ကျ နော်သာ အစိုးရဝန်ထမ်းဘဝနဲ့ နေလို့ရှိကေ ကျနော်တစ်ယောက်ပဲ ကောင်းစားဖို့ နောက်မောင်နှမတွေက တစ်ယောက်မှကောင်းစားမှာ မဟုတ်။ အခုဆိုလို့ရှိကေ အစိုးရအလုပ်ကို လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကျနော်တို့ဟာ ကိုယ့်ကိုကိုယ်အဆင်ပြေရေလို့ ပြောစွာ မဟုတ်။ အခြေခံလောက်ကိုတော့ ကျနော်ရို့က ပုံမှန်အနေအထားအရ နေနိုင်လားဗျာလ်။”

မိသားစုတိအပေါ် အနစ်နာခံရုံမကလို့ အကြော်ကြော်လှော်ရောင်းချရေအခါမှာလည်း သူမရဲ့ စားသုံးသူတိအပေါ်ထားရေ စေတနာ၊ မေတ္တာတေိစွာ ပြည့်လွှမ်းနီပါရေ။ အခုဆိုကေ သူမကြော်ရောင်းရေ အကြော်တိစွာ စစ်တွေမြို့မှာ ရောင်းအားကောင်းရေ အစားအစာတိထဲကတစ်ခုအဖြစ်တောင် နေရာယူထားဗျာလ် ဖြစ်ပါရေ။

 “ကျနော်က မိုးအစောကြီးရောင်းတဲ့မုန့်ကို ညနေပိုင်းမှဆန်မှုန့်ကြိတ်တယ်။ နေ့လည်ခင်းရောင်းတဲ့မုန့်ကို ၁၀ နာရီခွဲမှ ကြိုတ်တယ်။ မုန့်က လုပ်တဲ့အချိန် ၂ နာရီပဲကြာတယ်။ ၂ နာရီကြားချလို့လုပ်တယ်။ ဆိုတော့ ကျနော့်မုန့်က အချဉ်လုံးဝမဖောက်။ စားရေသူတွေ ကျရင် ရင်ပြည့်မှာတို့ အချေတိအတွက်ပေါ့။ ကျနော့်မုန့်ကများသောအားဖြင့် အချေတိစားစွာ။ ဆန်မှုန့်ကိုလည်း ကိုယ့်စွာကိုယ်ကြိတ်တယ်။ သူများကို မကြိတ်ခိုင်း။ ပြီးကေ ကျနော်ရို့မုန့်က လတ်လတ်ဆတ်ဆတ်ပဲ။ အကျန်မုန့် မရှိဘူး။ အကျန်မသုံးပေါ့။ အချေတိ ရင်ပြည့်နိုင်လောက်တေ ပစ္စည်းမျိုးမလုပ်။”

ယင်းပိုင် သူမ၏ စေတနာ၊ မေတ္တာနဲ့ အနစ်နာခံမှုတိစွာလည်း သူမအပေါ်မှာ အခုရောင်ပြန်ဟပ်နီပါဗျာလ်။ ယင်းကြောင့် သူမရေ လက်ရှိမှာ မချမ်းသာကေလည်းသင့် ထိုင်သင့်ရေ အခြေအနေတစ်ခုမှာ နီနိုင်ဗျာလ် လည်း ဖြစ်ပါရေ။

 “သူရို့ကို စေတနာထားတော့ ကျနော့်ကိုစေတနာပြန်ပြီးတော့ အကျိုးပြုစွာပါ။ သူရို့ကိုလည်း ကောင်းကောင်းလေးလုပ်ပေးလိုက်တယ်။ သူရို့ပေးရရေ ဖဲသာတန်ဖိုးကိုလည်း ကျနော်က တန်ဖိုးရှိရှိနဲ့အသုံးချသလို သူတို့ကိုလည်း တန်ဖိုးရှိရှိကောင်းကောင်းမွန်မွန် ပြန်လုပ်ပေးလိုက်စွာပါ။ သူဖဲသာပီးလိုက်ပြီးကေ မကောင်းတစ်ကောင်းဆိုစွာမျိုး မဖြစ်ရလေအောင်ပေါ့။”

နောက်ပြီးကေ အခက်ခဲတိရှိလာရေ အခါတိုင်းမှာလေ့ နောက်ဆုပ်တတ်တေထဲမှာတော့ ဒေါ်ပြုံးက မပါပြန်ပါ။

 “အခက်ခဲကတော့ လူတိုင်းကြုံရေ။ တစ်ခါတစ်ရံမှာ ပစ္စည်းကြောင့်သော်လည်းကောင်း၊ လူကြောင့်သော်လည်းကောင်း လူဆိုတာက အတည့်ကြည့်တာရှိရေ။ အစောင်းကြည့်စွာရှိရေ။ ကျနော်က မိန်းမဆိုတော့ အငယ်ပိုင်းမှာလည်း အငယ်ပိုင်းပြဿနာပေါ့။ ယကေကျနော်ရို့က လူတိကို မကြောက်တတ်။ ကိုယ်မှန်ကေ တစ်ယောက်ကိုလေ့ ကြောက်စရာမလို။ ဒေပိုင်အချိန်ဆို ရခိုင်မှာဘူးသီး ရှားရေ။ ရန်ကုန်မှာလို့ရှိကေ ရှုံးပြီးသား ယကေလေ့ အရှုံးကိုတော့ ရင်ဆိုင်လိုက်တယ်။ ကိုယ်မြတ်တယ်အချိန်က ပြုံးနီကေလေ့ ရှုံးရေအခါ မဲ့လို့ မရလေ။”

အောင်မြင်မှုဆိုစွာ ဘဝတစ်ကွေ့မှာ လူတစ်ဦးချင်းစီက သတ်မှတ်ထားကတ်တေ အတိုင်းအတာတစ်ခုရာ ဖြစ်တယ် မဟုတ်ပါလား။ ဆိုကေ ဒေါ်ပြုံးကကော အောင်မြင်မှုဆိုရေအရာကြီးကို ဇာပိုင်သတ်မှတ်ထားပါလေ။

 “ပညာတတ်စွာ ကိုယ်ပိုင်အရည်အချင်း။ ဖေသာချမ်းသာစွာ ကိုယ်ပိုင်အရည်အချင်းမဟုတ်ဘူး။ မိဘက Section တရားသူကြီးပင် ဖြစ်နီပါတ်ဆီ။ ပညာတတ်ထားရေလူတစ်ယောက်က ဇာနရာမဆိုဝင်ဆံ့နိုင်ရေ။ အသူနဲ့ပဲပြောပြော ပြောနိုင် ဆိုနိုင်ရေ။ အင်အားရှိရေ။ အကြော်ရောင်းနေကေလေ့ ဂုဏ်ငယ်စရာမလို။ ကိုယ့်အလုပ်ကိုကိုယ်လုပ်စွာ။ သူများကိုနှိမ့်ချစွာလည်း မဟုတ်။  အမှန်အတိုင်းပဲနီလိုက် ဇာခါမဆို ကိုယ့်ဘဝစွာ အောင်မြင်နီဖို့။ အခုကျနော်စွာ ၆ နိုင်ငံလည်ဖူးရေ။ နိုင်ငံခြားကို ၆ နိုင်ငံ ရောက်ဖူးရေမိန်းမ အကြော်ရောင်းနေကေလည်း ဂုဏ်ငယ်စရာ မဟုတ်။ ဒေချင့်စွာ အကျွန့်၏ အောင်မြင်မှုဗျာလ်။”

ယင်းခါက မပြုံးစွာ အခုဆိုကေ အသက် (၅၆) နှစ်အရွယ်ရောက်ပြီးကေ ဒေါ်ပြုံးလို့ ပြောင်းခေါ်ချိန်ရောက်နီပါဗျာလ်။ သူမရေ အစိုးရလုပ်ငန်း ကို မရွေးချယ်ခကေလေ့ အစိုးရဝန်ထမ်းတိပိုင်ဗျလ် သူ့ဘဝမှာ ပင်စင်ဆိရေုအရာကြီးကို အသက် (၆၀) ပြည့်ရေအခါမှာ ခံစားဖို့ရအောင်အတွက် ပြင်ဆင်ထားပါသိရေ။

Target က ၆၀ ဗျာလ်။ ဝန်ထမ်းတစ်ယောက်က ၆၀ မှာ ပင်စင်စားသလို ကျနော်ရို့လည်း ၆၀ မှာ ပင်စင်စားမယ်။ တော်ဗျာလ်။ ဝန်ထမ်းတစ် ယောက်ရရေ ပင်စင်ကို ကျနော်ရအောင်စုထားဖို့။ သူရဖို့ ဖေသာရဲ့တန်ဖိုးရလောက်အောင် ကျနော်လည်း စုထားရေ။”

နောက်ဆုံးအနီနဲ့ တစ်ခြားလူတိအတွက် သူမ၏ လက်ကိုင်တုတ်အဖြစ် ကိုင်စွဲထားရေ စကားလက်ဆောင်ချေတစ်ခွန်း ပီးးလိုက်ပါရေ။

 “သူပြုံးပြကေ ကိုယ်ပြုံးပြဖို့ ဝန်မလီးပါ။ ကျနော်တစ်ခုတော့ မှာလိုက်ပါရစီ။ လူတိုင်းလူတိုင်းသည် အရာရာအောင်မြင်ဖို့အတွက် အပြုံးကိုဆောင်ထားပါ။ ယင်းကြောင့် ကျနော့်နာမည်က မပြုံးပါ။”

 472 total views,  3 views today