Arakan Yoma |

အိန္ဒိယ-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရည်ရွယ်ပြီးတော့ အိန္ဒိယနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွက် ကွန်ပျူတာတွေနဲ့ လယ်ယာ သုံး ပစ္စည်းတစ်ချို့ကို စစ်တွေမြို့မှာဖော်ဆောင်ထားတဲ့ အိန္ဒိယဆိပ်ကမ်းမှာ ဇွန်လ ၁၃ ရက်နေ့က အခမ်းအနားတစ်ရပ်ပြုလုပ်ပြီး လှူ ဒါန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်ထဲက လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ ကွန်ပျူတာအလုံး ၄၀၊ စပါးရိတ်သိမ်းခြွေလှေစက်အလုံး ၁၅ လုံးနဲ့ ထွန်စက် ၁၅ လုံးတို့ကို လှူဒါန်းခဲ့တာဖြစ်ပြီး အရင်နှစ်တွေကလည်း အခုလိုပဲ လယ်ယာသုံးပစ္စည်းတွေ၊ နည်းပညာသုံးကိရိယာများ လှူဒါန်းမှူ တွေရှိခဲ့ပါတယ်။

အခုလိုလှူဒါန်းရတာဟာ အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံကြား ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ဖြစ်လာဖို့၊ လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေရရှိဖို့နဲ့ ရခိုင်ပြည်နယ်အတွက် ကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်တာလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr.Saurabh Kumar အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr.Saurabh Kumar နဲ့ နှစ်ဖက်တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်ဆိုပြီးအရင်ကလည်း အခုလို ပစ္စည်းတွေသာမက ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ချင်းပြည်နယ် ပလက်ဝနဲ့ အိန္ဒိယနိုင်ငံတွေအထိ သွားလာကူးသန်းနိုင်ဖို့ ကုလားတန်မြစ်ကြောင်းစီမံကိန်း အတွက်အသုံးပြုနိုင်ဖို့ သင်္ဘောတွေကိုလည်း လှူဒါန်းလျှက်ရှိပါတယ်။

အဲဒီကုလားတန်မြစ်ကြောင်း စီမံကိန်းကို ဒီကနှစ် ၂၀၁၉ ခုနှစ်မှာတင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ရှိနေကြောင်းလည်း သိရပါတယ်။

 506 total views,  1 views today