ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတစ်ပါတ်မှာတော့ လူသူကင်းဝီးရေ ကျောက်ဆောင်တစ်ခုမှာ တောရဆောက်တည်ပြီးကေ ဘဝကို တစ်ကိုယ်တည်း ဖြတ်သန်းလာရေ တောရသံဃာတော် တစ်ပါးအကြောင်းကို တင်ဆက်ပီးချင်ပါရေ။ သူစွာ ယင်းပိုင်နီလာခစွာ အခုဆိုကေ ၁၇ နှစ်တာ  ကြာမြင့် နီဗျာလ်လေ့ ဖြစ်ပါရေ။

ဇနီး၊ သား၊ သမီးတိနဲ့အတူ ပျော်ရွှင်စရာကောင်းရေ မိသားစုဘဝကို ပိုင်ဆိုင်ထားပြီးချိန်ကျခမှ စိတ်အလို ရှေးရီစက်ကြောင့် မိသားစုဘဝ ကို စွန့်လွှတ်ပြီးကေ သာသနာ့ဘောင်ထဲကို ဝင်ရောက်ဗျာလ် လူသူကင်းမဲ့ရေ ကျောက်ဆောင်တစ်ခုမှာ ဘဝကို တစ်ကိုယ်တည်း ဖြတ်သန်းပြီးကေ တရားအားထုတ်နီစွာပါ။

သူရေ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အနောက်ဖရုံကာကျွန်းက ဂြင်းချောင်းလို့ခေါ်ရေ ကျေးရွာအနားမှာတည်ရှိရေ ကျောက်ဆောင် မှာ နီထိုင်စွာ ဖြစ်ပါရေ။ ဘွဲ့နာမကတော့ကေ အရှင်သုဘောဂဖြစ်ပါရေ။ ယင်းကျောက်ဆောင်မှာ ဗုဒ္ဒဘုရားဆင်းတုတော်ရှိသလို နတ်နဲ့ သက်ဆိုင်ရေ ရုပ်တုတော်တိလေ့ တည်ရှိပါရေ။ သူကတော့ကေ ယင်းမှာရှိရေ ဘုရားတိကို စောင့်ရှောက်နီရေ သဘောနဲ့ နီထိုင်နီစွာပါ။

“အရင်ဘဝက အကြောင်းပါလို့ရာ ဆိုရဖို့ယာလေ။ လူ့ဘဝနဲ့ နီလို့မရ။ မနေချင်။ ဘုန်းကြီးလုပ်ချင်ရေ။ အိမ်တိမှာတောင် အနှောင်ယှက်ပီးဖြစ်ခရေ။ မိသားစုကလေ့ အစကတော့ကေ ခွင့်မပြုခကတ်။ အရင်ကလေ့ ဝင်ဖို့ပြင်ရေ။ ညီဘုန်းကြီး၊ အကိုဘုန်းကြီးတိနဲ့ လိုက်လားဖို့လို့လေ။ ယကေလေ့ ဒကာမ(ဇနီးဖြစ်ခဲ့သူ)က မျက်ရည်ကျလို့ မြင်ခရေလတ် ညီဘုန်းကြီးက ဆိုကေ ဘုန်းကြီးကို မခေါ်ယာလတ်။ ယင်းနှစ်ကနီ မလိုက်လိုက်ရလို့ ရူးစွာ ၃ နှစ်ကြာလားရေ။ ယင်းအချိန်ကျမှ ဒကာမနဲ့ သားသမီးတိ ခွင့်ပြုလို့ ဒေကိုလာပြီးကေ ဆွမ်းကပ်ရဟန်းခံလိုက်စွာ။”

လက်ရှိမှာတော့ကေ အသက် ၆၄ နှစ်ရှိနီယာဖြစ်တေပိုင် သာသနာဝါတော်ကလေ့ ၁၇ နှစ်ရှိနီယာ ဖြစ်ပါရေ။ မျိုးရိုးကလေ့ ဘုန်းကြီး မျိုးရိုးလို့ ဆိုရပါဖို့။ သူ၏ညီတော်နဲ့ အစ်ကိုတော်တိကလေ့ ဘုန်းကြီးတိယာ ဖြစ်ပါရေ။ သာသနာဘောင်ထဲကို ဝင်စမှာတော့ကေ ညီတော်နဲ့ အစ်ကိုတော် သံဃာတိနဲ့တတူ ကျင့်ကြံနီထိုင်ခကတ်ကေလေ့ နောက်ပိုင်းမှာတော့ကေ သူရို့တစ်ခြား တစ်နေရာစီကို ကြွလားကတ်စွာကြောင့် တစ်ကိုယ်တည်း ကျန်နီခရပါရေ။

အပေါင်းအဖော်တိ ရှိခစဉ်က အနီးအနားက ကျေးရွာတိကို လားရောက် ဆွမ်းခံထွက်လေ့ရှိကေလေ့ တစ်ကိုယ်တည်းဖြစ်လားချိန်မှာ တော့ ဆွမ်းခံလေ့ မထွက်ဖြစ်လိုက်ပါယာ။

“အရင်က စေတီပုထိုးတိတည်ခါက ညီဘုန်းကြီး၊ အစ်ကိုဘုန်းကြီး လူတိအများကြီးရှိရေ အချိန်က ဆွမ်းခံရေ။ ဆွမ်းတစ်ခုယာ သက်သက်လွတ်ဖြစ်လို့။ ဦးပဉ္ဇဇင်းတစ်ပါးတည်းနီခါကပင် ဆွမ်းမခံဖြစ်လိုက်ယာ။ တနင်္ဂနွီဖြစ်ဖြစ် စာသင်ကျောင်းက ကျောင်းသားချေတစ်ယောက်ကိုခေါ်ပြီးကေ ရွာကိုတစ်ပတ်ပတ်လိုက်ပြီးကေ ဆွမ်းစိမ်းဆန်ရရေ။ ယကေ ကိုယ့်စွာကိုယ်ချက်သုံးရေ။”

ဆွမ်းသုံးရေ နီရာမှာလည်း တစ်ထပ်ရာသုံးလေ့ ရှိပါရေ။ ဒေအကြောင်းကိုလေ့ အရှင်သုဘောဂက “အာရုဏ်မှာတော့ကေ မသုံးဖြစ်။ အာရုဏ်ဆိုတော့ မာမီးဖြစ်ဖြစ်၊ လ္ဘက်ရည်ဖြစ်ဖြစ်သုံးလိုက်တယ်။ တစ်ထပ်ရာ သုံးဖြစ်ပါရေ။” လို့ အခုပိုင် မိန့်ပါရေ။

၎င်းနီထိုင်ရေ နီရာစွာ လူသူကင်းမဲ့စွာကြောင့် ကျောင်းမှာလာနီရေ ကပ္ပိယတိ၊ ကိုရင်တိနဲ့ ဘုန်းကြီးကျောင်းသားတိကတော့ တည်မြဲလေ့ မရှိကတ်ပါ။

“ကျောင်းသားတိ၊ ကိုရင်တိထားလို့က အိမ်ခြေ ၄၊ ၅ ရာကိုးကွယ်ရေ ကျောင်းတိမှာတောင် ကိုရင်တိဘာတိ မရှိ။ အရင်ကတော့ ဝင်ကတ်တေ။ လခွဲ၊ တစ်လဆိုကေ ထွက်သွားကတ်တယ်။ ခုလေ့ ဒေမှာနီဖို့ တစ်ပါးလေ့ မရှိယေ။”

သူစွာ ဝါတော်အရရော အသက်အရွယ်အရပါ ကြီးမြင့်နီယာဖြစ်ကေလေ့ တစ်ခြားလူကို အားကိုးတတ်တေလူတစ်ယောက်တော့ကေ မဟုတ်ပါ။ သူသီတင်းသုံးနီရေ နီရာမှာ တရားကျင့်၊ သီလဆောက်တည်ရုံတောင် မကလို့ သီးပင်၊ စားပင်တိကိုလေ့ လက်လှမ်းမှီ သလောက် စိုက်ပျိုးထားရေပိုင် ဘုရားဆင်းတုတော်တိ၊ စေတီပုထိုးတိကိုလေ့ အလှူငွေ ရကေရရေပိုင် ကိုယ်ကာယအားနဲ့ သွန်းလုပ် လေ့ ရှိတတ်ပါသိရေ။

နောက်ပြီးကေ ကျန်းမာရေးချို့တဲ့သူတစ်ယောက်လေ့ မဟုတ်ပါ။ တစ်ခါတစ်ရံမှာ အနီးအနားကျေးရွာတိက အရေးပေါ်ကျန်းမာရေး အခြေအနေတိကိုတောင် သွားရောက်ကူညီတတ်ပါသိရေ။

“ကိုယ်ရေးကိုယ်တာ အခက်ခဲတော့ ကောင်းမရှိ။ မိသားစု၊ ဒကာ၊ ဒကာမတိ အရေးကိစ္စတိကိုတော့ကေ ညတွင်းချိန်တိမှာ သွားရောက်ကူညီစွာတိ တော့ကေရှိရေပေါ့။ ကိုယ်အတွက်တော့က အခက်ခဲမရှိ။”

ယကေလေ့ တစ်ခါကတော့ကေ တစ်ပါးတည်းနီစိုင်မှာဗျာလ် ကျန်းမာရေးအခြေအနေဆိုးဆိုးဝါးတစ်ခုကို ကြုံခရရေ အကြောင်းကိုလေ့ ဆရာတော်က “အရင်က တစ်ခါဖြစ်ခါ သူရို့တိလာယူပြီးသင့်ကေ ဆေးရုံပို့ကတတ်တယ်။ နှစ်ပေါင်းတစ်ဆယ်ကျော်လောက်ရှိယာ။ ယင်းခါကနီ မဖြစ်ယာ။ သီးတင်းလေ့ကျွတ်ဖို့ယာ အလုပ်ကလေ့ မျာလားရေ။ စက်ကညှော်နံ့နံ။ သီတင်းကျွတ်နဲ့ ဘုရား၊ စေတီတိကလေ့ ရောင်တော်မဖွင့်ရသိမ့်။ သီတင်းကျွတ်အမှီဆိုပြီးကေ လုပ်လိုက်စွာ ဖျားပြီးကေ အအီးမိ ဖြစ်လားရေ။” 

အနီးအနားကျေးရွာတိကတော့ကေ သီတင်းကျွတ်နဲ့ သင်္ကြန်တိပိုင် နိကြီးရက်ကြီးတိမှာတော့ကေ ယင်းကျောက်ဆောင်ကို လာရောက် ပြီးကေ သီလဆောက်တည်လေ့ ရှိကတ်တေပိုင် နွီရာသီပိုင် ပွင့်လင်းရာသီတိကို ရောက်ပြန်ကေလေ့ ဘုရားဖူးအဖြစ်ကော အီးချမ်းရေ နီရာဖြစ်စွာကြောင့်ပါ ဧည့်သည်တိ လာရောက်တတ်ကတ်ပါရေ။ တစ်ခါတစ်ခါဆိုကေ နိုင်ငံခြားသားတိကလေ့ လာရောက်ကတ်တယ်လို့ ဆရာတော်ရဲ့ မိန့်ကြားချက်အရ သိရပါရေ။ ယကေလေ့ လူသိများရေ နီရာတစ်ခုတော့ကေ မဟုတ်ပါ။

“ကိုယ်ကတစ်ပါးတည်းနီကေလေ့ အီးဆေးရာ။ တစ်ပါးတည်းနီလို့ပျော်ရေလေ။ နီသားကျနီယာလေ။ တစ်ပါးတည်းနီလို့ အခက်ခဲမရှိ။ ပုတီးစိပ်တေအခါ စိပ်တယ်။ အချိန်ရကေ ကျန်းမာနီကေ တရားထိုင်ရေ။ ယင်းပိုင်နီရေပေါ့။ အားကေအားရေအလျောက်။”

သံဃာတော်တိအပါအဝင် လူသားတိက တစ်ကိုယ်တည်းနီထိုင်လို့ ဖြစ်တေလူရှားပါးပါရေ။ ယကေလေ့ အရှင်သုဘောဂကတော့ တစ် ကိုယ်တည်း တရားအားထုတ်တေဘဝမှာ မွီ့ပျော်နီဗျာလ်ဖြစ်တေပိုင် ရှေးရီစက်တိကြောင့် အခုပိုင် ဖြစ်ခွင့်ရစွာကိုလေ့ ဂုဏ်ယူနီသူ လည်း ဖြစ်ပါရေ။ သူ၏မိသားစုတိစွာ သူသီတင်းသုံးရေ ကျောက်ဆောင်ကနီ ချောင်းကူးမြောင်းကူးလားရစွာ ဖြစ်ပါရေ။ အရေးကြုံကေ မိသားစုပါးကို လားလာနိုင်ဖို့ ဆရာတော်က ဇာတိပြင်ဆင်ထားပါလေ။

“လောင်းချေတစ်စင်းရှိရေ။ ကုန်းကြောင်းကတော့ လားစွာနည်းရေ။ လောင်းချေနဲ့က သက်သာရေလေ။ လှော် တက်ကချေတစ်စင်းတော့ အမြဲတမ်းကိုင်ထားရေ။ အခုလေ့ရှိရေ။ အရေးပေါ်ပေါ့။”

မြစ်ချောင်းတိရှိရေပိုင် တောတောင်တိလေ့ရှိပြီးကေ ဘုရားပုထိုးတိရှိရေပိုင် သုဿန်တိလေ့ ယင်းကျောက်ဆောင်တိကို ဝန်းရံလျှက်ရှိ ပါရေ။ ဆရာတော်ကို တစ်ခါတစ်မှာ ဝိဥာဏ်တိ (တနည်းအားဖြင့် မိစ္ဆာ)ကလေ့ ပြကတ်ပါသိရေ။

“အခြားပုဂ္ဂိုလ်တိကလေ့ လာနီကတ်တယ်။ ယင်းပုဂ္ဂိုလ်တိ အသံပီးရေ။ ခေါင်းရင်းက ခြေရင်းကလေ။ ဦးဇင်းကို တော့ တစ်ခုအသံလေ့ မပီးကတ်ပါ။ အရင်ကတော့ကေ အိပ်မက်တစ်ခုပေးထားရေ။ အိပ်မက်မှာ ဒေကအစောင့်အရှောက်ပုဂ္ဂိုလ်တိ ထင်ရေ။ စစ်ဗိုလ်ကြီးပိုင် အရုပ်ကနီ လူခန္ဓာကိုယ်နှစ်ခု လောက်ရှိရေ။ အသားတိလေ့ မဲတူးပြီးတော့ကေ ယင်းပုဂ္ဂိုလ်တစ်ပါးရှိစွာပြရေ။”

၎င်းလက်ရှိ တောရဆောက်တည်နီရေ ကျောက်ဆောင်စွာ အရင်က ပင်လယ်ထဲမှာ ရှိခကြောင်း အမှတ်အသားတိရှိရေလို့ ဆိုပါရေ။ ယင်းအပြင် ယင်းနီရာအောက်ဖက်မှာ ရီပြင်နဲ့ ဒီရေတောတိရှိစွာကြောင့် မျိုးစုံသောငှက်တိနဲ့ လှေသမားတိ၊ တံငါသည်တိ၏ မြင်ကွင်း တိကို တွေ့မြင်နိုင်ရေပိုင် အနီးအနားမှာ တော၊ တောင်တွေရှိစွာကြောင့်လေ့ တောတောင်တိ၏ သဘာဝကို ခံစားနိုင်ပါရေ။ ကျောက်  ဆောင်တိထက်မှာ တည်ဆောက်ထားရေ အမျိုးမျိုသော စေတီ၊ ဘုရားတိကို ဖူးတွိနိုင်ဖို့ဖြစ်ပြီးကေ ကျောက်စာတစ်ချို့ကိုလေ့ မြင်တွေ့ နိုင်ပါရေ။

ယင်းကြောင့်လေ့ အရှင်သုဘောဂက လာရောက်လည်ပတ်ကတ်ဖို့ ဖိတ်ခေါ်လိုက်ပါသိရေ။

“ဒေအနီးတဝိုက်မှာ ဒေနီရာက သဘာဝအကျဆုံးလေ။ မြင်ရေအတိုင်းယာ။ ယင်းကြောင့် ဒေနရာကို ပြည်တွင်း ကဖြစ်ဖြစ်၊ ပြည်ပကဖြစ်ဖြစ်၊ ခရီးသည်တိ လာရောက်ပြီးကေ လေ့လာစီချင်ရေ။ ဒေလောက်လှပရေ သဘာဝတိကို ဦးဇင်းက မြင်စီချင် ရေ။ ဒေပိုင်လာကတ်ဖို့အတွက်လေ့ ဦးဇင်းက သာယာအောင်လုပ်ထားရေ။ သစ်ပင်တိ စိုက်ပျိုးထားရေ။ နီဖို့ထိုင်ဖို့ကောင်းအောင်။ သူရို့ တိအားလုံးကို လာစီချင်ရေ။”

သူတောရဆောက်တည် သီလကျင့်ကြံနီရေ ကျောက်ဆောင်ကို အသူရို့ကပင် လာလာ။ မလာလာ။ အရှင်သုဘောဂကတော့ကေ ဘုရား၊ ပုထိုးတိကို အမြဲတစေစောင့်ရှောက်ပြီးကေ ဆက်လက်ရှိနီဖို့သိ ဖြစ်ပါရေ။

 566 total views,  1 views today