ထူး | Arakan Yoma

ဒေတစ်ပတ်မှာတော့ အိန္ဒိယမျိုးနွယ်စုတစ်ခုဖြစ်ပြီးကေ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အချို့မှာ ဖြန့်ကြဲနီထိုင်လျှက်ရှိရေ ဟိန္ဒူဘာသာဝင်တိထဲက ဘာသာရေးခေါင်းဆောင်တစ်ဦးအကြောင်းကို တင်ပြချင်ပါရေ။ သူစွာ ရခိုင်ပြည်နယ် အတိုင်းအတာမှာဆိုကေ သြဇာအရှိဆုံးဟိန္ဒူဘာသာရေးခေါင်းဆောင် တစ်ဦးလေ့ ဖြစ်ပါရေ။

ပြည်နယ်အတွင်းမှာ ဟိန္ဒူဘာသာဝင် ထောင်နဲ့ချီ နီထိုင်ကတ်ကေလေ့သူတို့ဘာသာဝင်တ၏ိ ထုံးတမ်းအရ ဘုန်းကြီးလုပ်တေ အရေအတွက်စွာ လက်ချိုးရီလို့ရရေ အရေအတွက်ရာ ရှိနိုင်ပါရေ။ ယင်းအထဲ သူလေ့ပါဝင်နီပါရေ။ သူရေ ရခိုင်ပြည်နယ် စစ်တွေမြို့ ၊ အောင်မင်္ဂလာရပ်ကွက်၊ မင်းဘာကြီးလမ်းမှာရှိရေ “သျှရီသျှရီ” ဒေါ်ရှောပူဇာဘာရီ “စန္ဒီမယ်တော်” ဟိန္ဒူကျောင်းရဲ့ ခေါင်းဆောင် ကီသျှနာဂျာကာရာဝတီ ဖြစ်ပြီးကေ ရခိုင်အမည်အားဖြင့် ဦးအောင်ရွှေလို့ ခေါ်တွင်ပါရေ။

 “ကျနော့်အဖဆုံးရေခါ ညီအကို၊ မောင်နှမ ၁၀ ယောက်ကျန်ခရေ။ ၁၀ ယောက်မှာ အငယ်ဆုံးဖြစ်တေအတွက် အဖက မသေခင်ဆိုထားတယ်။ ကျောင်းမှာ ပွဲလားလုပ်ပြီးကေ ဘုရား၊ တရားနဲ့ နီဖို့အတွက် ဒေဘုန်းကြီးကို မစွန့်လွှတ်ကေ့။ တစ်သက်လုံး ဒေအလုပ်ကို လုပ်ရမယ်။ အဖ၏ ကတိကြောင့် ဒေဘုန်းကြီးအလုပ်ကို လုပ်နီစွာ။”

ဒေလောကထဲကို စဝင်စဉ်မှာ သူစွာ အသက် ၁၂ အရွယ်ရာ ရှိပါသိရေ။ ယင်းအချိန်မှာ သူမွီးဖွားရာ ရန်ကုန်မြို့၊ ကမာရွတ်လှိုင်မြို့က ဟိန္ဒူဘုရားရှိခိုးကျောင်းမှာ နီခပြီးကေ ယင်းကတဆင့် ဗိုလ်အောင်ကျော်လမ်း၊ ဝန်ကြီးများရုံးရှေ့က စန္ဒီမယ်တော်ကြီးကျောင်း၊ နောက် သံလွင်မြို့၊ တကောင်းလမ်းက ကာလီမယ်တော်ကြီးကျောင်းတိမှာ နီခပါရေ။

ယင်းအထဲနီမှ ရခိုင်ပြည်နယ် မောင်တောမြို့ကို ရောက်ရှိလာပြီးကေ စစ်တွေမြို့က စန္ဒီမယ်တော် ဟိန္ဒူဘုရားရှိခိုးကျောင်းရဲ့ ကျောင်းထိုင် အဖြစ် ရွေးချယ်ခံခရစွာ ဖြစ်ပါရေ။ လက်ရှိမှာ ၄၅ ဝါ ရရှိထားပြီးကေ အသက်က ၅၅ နှစ်ရှိနီပါယာ။ ဓလေ့ထုံးတမ်းတိအရ ဘုန်းတော်ကြီးတိုင်းစွာ ဟိန္ဒူဘာသာဝင်တိ ဖြစ်ကတ်ကေလေ့  ဟိန္ဒူဘာသာဝင်တိုင်းရေ ဘုန်းတော်ကြီးလုပ်လို့ မရပါ။ မျိုးရိုးကလေ့ ဘုန်းတော်ကြီး မျိုးရိုးဖြစ်နီဖို့ လိုအပ်ပါရေ။

 “ဟိန္ဒူတိုင်း ဘုန်းကြီးလုပ်လို့မရ။ အမိ၊ အဘ၊ ဘိုးစဉ်ဘောင်ဆက်ကနီ မွေးဖွားလာရေ သား၊ သမီးတိကတော့ ဘုန်းကြီးလုပ်လို့ရယာ။ အမိလေ့ ဘုန်းကြီးသမီး၊ အဖလေ့ ဘုန်းကြီးသား ဖြစ်ရမယ်။ မွီးဖွားလာရေ သား၊ သမီးစွာ ဘုန်းကြီးလုပ်လို့ ရရေ။ လူတိုင်းလုပ်လို့ မရ။”

ဟိန္ဒူဘာသာဝင်တိမှာ ဘုန်းတော်ကြီးတိရေ ဘာသာရေးကိစ္စနဲ့ ပတ်သတ်လို့ အရာရာတိုင်းကို လုပ်ကိုင်ခွင့် ရရှိထားကတ်ကေလေ့ နိုင်ငံရေးကို ဝင်ရောက်စွပ်ဖက်လုပ်ကိုင်ခွင့် မရှိပါ။ ယင်းကြာင့် နိုင်ငံရေးနဲ့ သက်ဆိုင်ရေ အမှုကိစ္စတိကို ဘုန်းတော်ကြီးတိကနီတစ်ဆင့် ဂေါပကတိလက်ထဲကို အာဏာအပြည့်အဝလွှဲထားလေ့ ရှိပါရေ။

 “ကျနော်တို့မှာကျကေ ဟိန္ဒူဘာသာရေးဘုန်းကြီးမှာ ဘုန်းကြီးက ဘာသာရေးကိစ္စနဲ့ အစစအရာရာမှာ လုပ်ရရေ။ ကိုင်ရရေ။ နိုင်ငံရေးကို လုပ်လို့မရ။ ယင်းကြာင့် ဂေါပကအဖွဲ့ကို အာဏာအပြည့်အဝပေးထားရေလေ။ ဘုန်းကြီးက တစ်ဆင့်။”

နောက်ပြီးကေ ဟိန္ဒူဘုန်းတော်ကြီးတိုင်းဟာ တစ်ခြားဘုန်းတော်ကြီးမျိုးဆက်တိရဲ့ သမီးတော်တိနဲ့ လက်ထပ်ခွင့် ရှိပါတယ်။ ယင်းပိုင်မျိုးဆက်တိက မွီးဖွားလာရေ သူတိစွာ ဘုန်းတော်ကြီးဖြစ်ခွင့် ရှိပါရေ။ ဘုန်းတော်ကြီးဖြစ်ပါလျှက်နဲ့ ယင်းပိုင်မျိုးရိုးမဟုတ်တေ တစ်ခြားတစ်ယောက်ကို လက်ထပ်တေဆိုကေ မွီးလာရေ သား၊ သမီးရို့ရေ ဘုန်းတော်ကြီး မျိုးရိုးမစစ်လိုက်ပါယာ။

 “ဘုန်းကြီးက အိမ်ထောင်တော့ ပြုရရေ။ မွီးလာရေ သား၊ သမီးကလေ့ ဘုန်းကြီးလုပ်ရရေလေ။ ယကေလေ့ ဘုန်းကြီးကနီပြီးကေ တစ်ခြားဟိန္ဒူမတစ်ယောက်ကို အိမ်ထောင်ပြုမယ်ဆိုလို့ရှိကေ မွီးလာရေ သား၊ သမီးတိစွာာ ဘုန်းကြီးအစစ် မဟုတ်ယာ။”

ဆွမ်းသုံးရေ နီရာမှာလေ့ ဘုန်းကြီးတိမှာ အိမ်ရှင်မတိ ချက်ပြုတ်တေ အစားအစာတိကိုရာ သုံးဆောင်ခွင့်ရှိပြီးကေ အိမ်ရှင်မ မနာမကျန်းရေအခါမှာ ဘုန်းတော်ကြီး ကိုယ်တိုင်ချက်ပြုတ်ရပါရေ။ ဘုန်းကြီးကိုယ်တိုင်ကလည်း ချက်ပြုတ်ဖို့ အခက်အခဲရှိရေဆိုကေ ဟိန္ဒူဘာသာဝင် အမျိုးသမီးတစ်ဦးကို ဘုန်းကြီးတိ၏ ကျင့်ဝတ်တိကို သင်ပြပြီးကေ တရားချပီးရရေလို့ ဆိုပါရေ။

 “ကျင့်ဝတ်ကို လိုက်နာမယ်ဆိုရင် တကာမကြီးက ချက်ပြုတ်စွာကို ဘုန်းကြီးစားသောက်လို့ရရေ။ ဘုန်းကြီးမှာ ဂါထာသိနီရမယ်။ ကျင့်ဝတ်ကို တကာမကြီးကို နားချမယ်။ ပြီးစွာနဲ့ ချက်ပြုတ်လို့ရယာ။ ကျနော်ရို့ ဘိုးစဉ်ဘောင်ဆက်ကနီပြီကေး အဘိုးအဘွားတိက နီပြီးတော့ ဟိန္ဒူမှာ ကိုယ့်စွာကိုယ် ချက်စွာ၊ စားစွာ၊ လုပ်စွာ၊ ကိုင်စွာမှာ ဆေးစွာမှာ အသား၊ ငါး၊ ဟိုချင့်၊ ဒေချင့် အားလုံးကိုကျတော့ တကာ၊ တကာမကြီးတိ ချက်ပြုတ်ဖို့ဆိုကေ ဟိန္ဒူတိမှာ ဘုန်းကြီးတိ ကျနော့် ဘုန်းကြီးကျင့်ဝတ်နဲ့ နိယာမဆိုစွာ ဇာပိုင်လဲဆိုကေ ဘုန်းကြီး စားစွာ၊ သောက်စွာ၊ ဘောစဉ် အစစအရာရာအားလုံး အသီးအနှံကျတော့ကေ ဝယ်ပြီး တကာ၊ တကာမတွေ လာလို့ လှူရေ။ ချက်ပြုတ် တေအခါ ကိုယ့်စွာကိုယ် ချက်ပြုစားရရေ။”

ဟိန္ဒူဘာသာနဲ့ ဗုဒ္ဒဘာသာစွာ ကိုးကွယ်ပုံချင်း၊ ဓလေ့စရိုက်တိချင်း ကွဲပြားကေလေ့ ယူဆပုံ၊ ယုံကြည်ပုံတော့ ကောင်းမကွားခြားပါ။

 “ဦးဥတ္တမပြောထားရေ။ ကိုယ့်စာကိုကိုယ် အရင်တတ်မြောက်အောင်သင်။ ကိုယ့်ဟိန္ဒူဘာသာမှာရှိတဲ့ တစ်လင်၊ တစ်မယားစနစ်ပေါ့။ တစ်ခြားဘာသာကို ယူမယ်ဆိုရင် ကိုယ့်ဟိန္ဒူဘာသာရေး လုပ်ထုံးလုပ်နည်းကို နားလည်မှာ မဟုတ်ဘူး။ သိမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ဘာသာကို ယူရမယ်ဆိုတာ ရှိပါရေ။”

ဟိန္ဒူဘာသာဝင်တိရေ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေနဲ့ မောင်တောမြို့နယ်တိမှာ များသောအားဖြင့် နီထိုင်လေ့ရှိပြီးကေ ဘူးသီးတောင်မှာ အနည်းငယ်ရှိပါရေ။ သူရို့အများစုမှာ အောက်ခြီလက်လုပ်လက်စားတိ ဖြစ်ပြီးကေ ပညာရေး၊ ကျန်းမာရေး စသဖြင့် အားနည်းရေ လူမျိုးနွယ်စုတစ်ခုလေ့ ဖြစ်ပါရေ။

ရခိုင်ပြည်နယ်ထဲက ဟိန္ဒူဘာသာဝင်တိစွာ အရေအတွက်အားဖြင့် ကျန်ဘာသာဝင်တိနဲ့ နှိုင်းစာကေ သိသာစွာ နည်းပါးနီရေဆိုကေလေ့ တကယ်တမ်းကျကေ ကမ္ဘာကြီးမှာ ကျွန်တော်ရို့ လူသားတိနိစဉ် ကိုးကွယ်ဆည်းကပ်ယုံကြည်နီကတ်ပြီးကေ သက်ဝင်သူတိအတွက် ဘာသာတရားများစွာ ရှိကတ်တေထဲ ဟိန္ဒူဘာသာစွာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးနဲ့ သမိုင်းအရှည်ကြာဆုံး ဘာသာတရားတစ်ခုဖြစ်ပါရေ။

ယင်းဘာသာရဲ့ ကျမ်းစာတိစွာ ဘီစီ ၃၀၀၀ ဝန်းကျင်လောက်ကပင် လူတိရဲ့ ကိုးကွယ်မှုကဏ္ဍမှာ နေရာယူခပြီးဖြစ်တေလို့လေ့ သမိုင်းအထောက်ထားတိမှာ ဖော်ပြချက်တိအရ သိရပါရေ။

အထူးသဖြင့်တော့ကေ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးဘာသာတရားတစ်ခုလည်းဖြစ်ပြီးကေ ကိုးကွယ်ယုံကြည်သူတိကတော့ ထာဝရ တည်မြနီရေ ဘာသာတရားလို့ ခံယူကတ်ပါရေ။

 “အမြဲတမ်း ပုဂ္ဂိုလ်တိ မယ်တော်ကြီးတေိပါးမှာ ဆုတောင်းမေတ္တာပို့ပါရေ။ အားလုံး ကျန်းမာချမ်းသာပါစီ။ တိုင်းရေးပြည်ရေး အေးချမ်းဖို့။ ဒေချင့်ကို အမြဲဂါရဝပြုပါရေ။ ကျနော် က မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့ပေါ်မှာ အနှစ်သုံးဆယ်လောက်ရှိပါပြီ။ ဘုန်းကြီးလုပ်နီစွာ။ ဒေမှာ(စစ်တွေ)စိတ်ချမ်းသာသလောက် တစ်ခြားနေရာမှာ စိတ်မချမ်းသာရ။”

ဟိန္ဒူဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တေ ကီသျှနာဂျာကာရာဝတီ (ခ) ဦးအောင်ရွှေကတော့ကေ မသီမချင်း ဒေသာသနာ့ဘောင်ထဲမှာပဲ နီလားဖို့ယာ ဖြစ်ပါရေ။

 “ဘုန်းကြီးကကျတော့ မသေမချင်း ဘာသာရေးကို လုပ်ရဖို့။ တာဝန်အရပေါ့။ စွန့်လွှတ်ဖို့ကျတော့ကေ စိတ်ထဲမှာတောင် မရှိ။”

ဟိန္ဒူဘာသာဝင် ဘုန်းတော်ကြီးတွေမှာ ဘုရားကျောင်းရှိပေမဲ့ မိသားစုနီအိမ်နဲ့ နီထိုင်ရပြီးကေ မွေးဖွားလာရေ သား၊ သမီးတွေကိုလေ့ ယောက်ျားဖြစ်ကေ ဘုန်းတော်ကြီး သိက္ခာနဲ့ ညီအောင်၊ မိန်းကလေးဆိုရင် သီလရှင်ကျင့်ဝတ်တိနဲ့ညီအောင် သွန်သင်ပေးရရေလို့လည်း ဆိုပါရေ။ နောက်ပိုင်း ဖခင်ဖြစ်သူကွယ်လွန်တဲ့အခါ သားဖြစ်သူတိက ကြီးစဉ်ငယ်လိုက် အမွီဆက်ခံအုပ်ထိန်းရပါရေ။

 “ကိုရင်ဆိုစွာက သား၊ သမီးတိပဲ။ ကျနော့်မှာ သုံးပါးရှိရေ။ ဘုန်းကြီးပါဆို လေးပါးပေါ့။ အမျိုးသမီးတိကျတော့ ကေ မယ်တော့်ပါးကိုလာပြီး ပွဲလုပ်လို့ရရေ။ ဘုန်းကြီးလုပ်လို့ မရဘူး။ သီလရှင်ပိုင် နီရေ။ ကျင့်ဝတ်ကို စောင့်ထိန်းရရေ။ ကျနော့် အဖဆုံးလား ရေ။ အခု ကျနော်လုပ်နီရရေ။ ကျနော်ပြီးစွာနဲ့ နောက်ပိုင်း သားတိလာမယ်။ အုပ်ထိန်းရမယ်။ လုပ်ရမယ်။”

 444 total views,  2 views today