Arakan Yoma

ရခိုင့်တပ်တော် အေအေနဲ့ မြန်မာ့တပ်မတော်ရို့၏ နှစ်ဖက်တိုက်ပွဲများကြောင့် နီရပ်စွန့်ခွာနီကတ်ရရေ စစ်ဘေးရှောင် ဒုက္ခသည်တိကို နိုင်ငံတကာ အဖွဲ့တိအပါအဝင် အရပ်ဖက်အဖွဲ့တိကို ကူညီခွင့်ပီးဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို မတ်လ ၂ ရက်နေ့က ကျင်းပရေ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခပါရေ။

လက်ရှိအခြေအနေထိ တိုက်ပွဲတိရပ်တန့်နိုင်ခြေ မရှိသိရေအတွက် စစ်ရှောင်ဦးရေမှာလေ့ ထပ်မံတိုးလာနိုင်ခြင်းကြောင့် နိုင်ငံတကာအဖွဲ့တိ၏ ကူညီမှုပါကာမှရာ အတိုင်းအတာတစ်ခုအထိ ပြည့်စုံနိုင်ဖို့လို့ ယူဆစွာကြောင့် ပြည်နယ်အစိုးရက တားဆီးမှုတိ မလုပ်ဘဲ လမ်းဖွင့်ပေီးဖို့ တင်သွင်းရခြင်းဖြစ်ကြောင်း အဆိုရှင် ပေါက်တောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါရေ။

“တစ်ကမ္ဘာလုံးက ရွာပိုင်ဖြစ်နီစွာမှာ ဒေပိုင် NGO တိ၊ INGO တိ ကူညီပေးနိုင်ရေကိစ္စကို ဖြတ်ယာဆိုလို့ဆိုကေ တစ်ကမ္ဘာလုံးရဲ့ ပြင်ပကို ရောက်အောင် ကိုယ့်နိုင်ငံကို ဆွဲထုတ်လိုက်တေ သဘောသက်ရောက်နေီပါရေ။ အစိုးရက မိဘဘာလေ။ လာကူညီရေလူကို ခွင့်ပြုပေးကေ ဇာဖြစ်လေ။ ဇာတိစိုးရိမ်စရာလိုလေ။ ဇာမဟုတ်စွာ လုပ်နီကတ်လို့လဲ။ ဇာဘဲဖြစ်ဖြစ် နိုင်ငံတကာ အိုင်အမ်ဂျီအိုတိကို မပိတ်သင့်ပါ။ ခွင့်ပြုပီးသင့်ရေ။”

ဇန်နဝါရီလ ၁၀ ရက်နိကစပြီးကေ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရို့ကအပ ကျန်ရှိနီ နိုင်ငံတကာအဖွဲ့တိ တိုက်ပွဲဒေသကို မလားရောက်ဖို့ ညွှန်ကြားစာထုတ်ခပြီးကေ အကူညီပေးနီရေ ဒေသခံလူမှုအဖွဲ့အစည်းတ်ကိုလည်း ပိတ်ပင်မှုတိ ပြုလုပ်ခပါရေ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက နီရပ်စွန့်ခွာလာရရေ စစ်ဘေးရှောင်တိစွာ ဘက်ပေါင်းစုံမှာ အခက်အခဲတိနဲ့ ကြုံနီရရေ အချိန်မှာ မိဘအနီအထားမှာရှိရေ အစိုးရက မိမိကိုယ်တိုင်လေ့ မကူညီနိုင်ဘဲ သူများကူညီစွာကို လေ့ ပိတ်ပင်တားဆီးခြင်းစွာ မဖြစ်သင့်လို့ ယင်းအဆိုကို ထောက်ခံခရေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသာထွန်းအောင်က ပြောသည်။

“အခုလက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနီရေ စစ်ပွဲတိကြောင့် နီရပ်စွန့်ခွာလာရရေ စစ်ဘေးရှောင်တိစွာ ဘက်ပေါင်းစုံမှာ အခက်အခဲတိ ရှိနီစွာကို မိဘအနီအထားမှာရှိရေ အစိုးရက မိမိကိုယ်တိုင်လေ့ ပြည့်စုံအောင် ကူညီထောက်ပံ့ပီးနိုင်ရေ အနေအထားမှာမရှိ။ သူများကူညီစွာကိုလေ့ ပိတ်ပင်ရေဆိုတော့ မဟော်သဓာသားတရားစီရင်ခန်းနဲ့ နှိုင်းယှဉ်ကြည့်လိုက်ဖို့ ဆိုလို့ရှိကေ မိဘဖြစ်တေ အစိုးရစွာ ဇာအနေအထားမှာ ရောက်လားဖို့လဲဆိုစွာကို ကြွရောက်လာသူအားလုံး စဉ်းစားလို့ရာ ကြည့်ကတ်ပါဖိ။”

ယင်သအဆိုကို ဆက်လက်ဆွေးနွေးဖို့သင့်၊ မသင့် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူရာ ကန့်ကွက်သူမရှိရေအတွက် လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ထားပါရေ။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတိကြောင့် စစ်ဘေးရှောင် ၃ သောင်းကျောက်လောက်ရှိနီပြီးကေ သောက်သုံးရီ အပါအဝင် စားနပ်ရိက္ခာတိ ပြတ်တောက်နိုင်ရေ အနေအထားကြုံနေရခြင်းကြောင့်လည်း နိုင်ငံတကာအဖွဲ့တိကို ကူညီခွင့်ပေးဖို့ လိုအပ်ကြောင်း ဦးအောင်ကျော်ထွီးက ပြောဆိုပါရေ။

 383 total views,  1 views today