ရိုးမရေဒီယိုမဂ္ဂဇင်း

နွီရာသီရောက်တိုင်း ရီရှားပါးမှုတိ ဖြစ်ပေါ်လေ့ရှိရေ ရခိုင်ပြည်နယ်အတွင်းက လက်လှမ်းမီရေ ကျေးရွာနဲ့ မြို့ပေါ်ဒေသတိကို ရီလိုက်လံလှူဒါန်းလျှက်ရှိကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ပြောပါရေ။

ဧပြီလ ၄ ရက်နိက စတင်ပြီး လက်ရှိအချိန်ထိ လှူဒါန်းလျှက်ရှိရာ ရခိုင်ပြည်နယ်အတွင်းက ရီရှားပါးမှု မဖြစ်ပေါ်သိရေ ကျောက်ဖြူခရိုင်တစ်ခုကအပ ကျန်ခရိုင် ၄ ခုရှိ မြို့ပေါ်နဲ့ ကျေးရွာတိကို ရီဂါလံစုစုပေါင်း ၄၂၀၀၀ ကျော် လှူဒါန်းထားပြီး ဖြစ်ကြောင်း သိရပါရေ။

ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသော်ဒါက “ကျနော်ရို့က တစ်ပတ်တစ်ခါလှူစွာကို သောကြာနိကျကေ ၁၉ ရက်နိ အထိက စစ်တွေခရိုင်မှာ ၂၇၅၀၀ ဂါလံ၊ မြောက်ဦးခရိုင်မှာ ဂါလံ ၆၀၀၀၊ မောင်တော ခရိုင်မှာ ဂါလံ ၅၆၀၀၊ သံတွဲခရိုင်မှာ ၃၆၀၀ စုစုပေါင်း ၄၂၄၀၀ ဂါလံ ၄ ရက်နိကနီ ၁၉ ရက်နိအထိ လှူထားစွာ။ ဒေနိလည်း တောက်လျှောက်လှူနီပါရေ။ မောင်တော၊ စစ်တွေရို့ သောကြာနေ့ ရောက်တိုင်း တစ်ပတ်တစ်ခါ စာရင်းချုပ်ပြီး ဌာနချုပ်ကို ပို့ပီးပါရေ။ အစိုးရအဖွဲ့လည်းပို့ရေ။”လို့ ပြောပါရေ။

မီးသတ်ဦးစီးဌာန အနီနဲ့ လက်ရှိလှူဒါန်းနြီခင်းစွာ မီးသတ်ကားနဲ့ လားရောက်လို့ အဆင်ပြေရေ ဒေသတိကိုရာ လားရောက်နီစွာဖြစ်ပြီးကေ သူရို့အနီနဲ့ လက်လှမ်းမမှီနိုင်ရေ ဒေသတိကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူထားကြောင်း ဆိုပါရေ။

ယင်းအပြင် ဒေသခံပြည်သူတိ နီထိုင်ရေ ရပ်ကွက်၊ ကျေးရွာတိအတွင်း ရီရှားပါးမှုဖြစ်ပေါ်ကေလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတိကတဆင့် တိုင်ကြားနိုင်ရေပိုင် သက်ဆိုင်ရာ မီးသတ် ဦးစီးဌာနကိုလည်း ဆက်သွယ် တိုင်တန်းနိုင်ကြောင်း ဦးသော်ဒါက ဆက်ပြောပါရေ။

“ရပါရေ။ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတိဘားက တစ်ဆင့်အကြောင်းကြားကတ်စွာပါ ကျနော်ရို့ဘားကို။ အုပ်ချုပ်ရေးမှူးတိကလည်း မြို့နယ်အုပ် ချုပ်ရေးမှူးတိကို ပြောရေ။ မြို့နယ်အုပ်ချုပ်ရေးမှူးတိကလည်း ကျနော်ရို့ဘားကို လှမ်းပြောရေ။ ကျနော်ရို့ဘားကို တိုက်ရိုက်အကြောင်းကြားလည်းရပါရေ။ ကားလားလို့ရရေ နေရာတိကိုက လှူလို့ရပါရေ။”

မီးသတ်ဦးစီးဌာနအနီနဲ့ ယင်းပိုင် လှူဒါန်းကူညီမှုတိ လုပ်ဆောင်ရေခါ အဓိကအားဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး စည်ပင်သာရေးနဲ့ ကျေးလက်ဦးစီးဌာနရို့နဲ့လည်း လိုအပ်ကေ လိုအပ်တေပိုင် ပူးပေါင်းဆောင်ရွက်လျှက်ရှိ ကြောင်း သိရပါရေ။

 555 total views,  1 views today