Arakan Yoma

နှစ်စိုင် ကျင်းပနီကျဖြစ်တေ ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ အခမ်းအနားတစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမမှာ ဧပြီလ ၁၇ ရက်နိ မိုးထပိုင်းက ကျင်းပပြုလုပ်ခပါရေ။

အဆိုပါပွဲကို စစ်တွေမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပခြင်းဖြစ်ပြီးကေ ပူဇာစ ပူဇ​နေယျာနံ ပူ​ဇော်​ထိုက်​သူကို ပူ​ဇော်​ခြင်းဆိုရေ မင်္ဂလာတရား​တော်​နဲ့အညီ မြန်မာ့နှစ်​ဆန်းတစ်​ရက်​နိမှာ သက်​ကြီးဘိုးဘွားတိကို ပူ​ဇော်​ခြင်း​ကြောင့်​ ကုသိုလ်​ဒါနပွားများနိုင်​​စီဖို့ ရည်​ရွယ်​ဗျာလ် ကျင်းပခြင်းလေ့ ဖြစ်ပါရေ။

“နှစ်ဆန်းတစ်ရက်နိ အခါကြီးရက်ကြီးမှာ ကျနော်ရို့မှာ မင်္ဂလာရှိရေဆိုရေနိမှာ သက်ကြီးရွယ်အိုကိုပူဇော်ခြင်းစွာ မင်္ဂလာတစ်ပါးဆိုရေ ပူဇာစ ပူဇ​နေယျာနံ ပူ​ဇော်​ထိုက်​သူကို ပူ​ဇော်​ခြင်းလို့ဆို​ရေ ကုသိုလ်ကို ရည်ရွယ်ပါရေ။”လို့ ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးဖြစ်တေ ကိုနိုင်ထူးက ပြောပါရေ။

စစ်တွေမြို့ထက်မှာ သက်ကြီးရွယ်အို ၁၀၉၄ ဦးရှိပြီးကေ တစ်ဦးစီကို ပြည်နယ်အစိုးရအဖွဲ့က ငွေ ၁ သောင်းကျပ်နဲ့ ယင်းအဖွဲ့က ၃၅၀၀၀ ကျပ်စီရို့အပါအဝင် ပြင်ပအလှူရှင်များ၏ လှူဒါန်းမှုလည်း ပါဝင်ကြောင်း သိရပါရေ။

အခု ပြုလုပ်တေ ယင်းအခမ်းအနားမှာ ၅၅ ကြိမ်မြောက်ရှိဗျာလ်ဖြစ်ပြီး  ကေ သင်္ကြန်ပွဲတော်အပြီး မြန်မာ့နှစ်ဆန်းတရက်နိ ရောက်တိုင်း စစ်တွေမြို့မှာ ကျင်းပလေ့ရှိပါရေ။

 446 total views,  1 views today