Arakan Yoma

နှစ်စဉ်ကျင်းပနေကျဖြစ်သည့် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ အခမ်းအနားတစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမမှာ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲကို စစ်တွေမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပခြင်းဖြစ်ပြီး ပူဇာစ ပူဇ​နေယျာနံ ပူ​ဇော်​ထိုက်​သူကို ပူ​ဇော်​ခြင်း ဟုဆိုသည့် မင်္ဂလာတရား​တော်​နှင့်အညီ မြန်မာ့နှစ်​ဆန်းတစ်​ရက်​နေ့တွင် သက်​ကြီးဘိုးဘွားများ အား ပူ​ဇော်​ခြင်း​ကြောင့်​ ကုသိုလ်​ဒါနပွားများနိုင်​​စေရန်​ ရည်​ရွယ်​၍ ကျင်းပခြင်းဖြစ်သည်။

“နှစ်ဆန်းတစ်ရက်နေ့ အခါကြီးရက်ကြီးမှာ ကျနော်တို့မှာမင်္ဂလာရှိတယ်ဆိုတဲ့နေ့မှာ သက်ကြီးရွယ်အိုကိုပူဇော်ခြင်းဟာ မင်္ဂလာ တစ်ပါးဆိုတဲ့ ပူဇာစ ပူဇ​နေယျာနံ ပူ​ဇော်​ထိုက်​သူကိုပူ​ဇော်​ခြင်းလို့ဆို​တဲ့ ကုသိုလ်ကို ရည်ရွယ်တာပေါ့။”ဟု ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုနိုင်ထူးက ပြောသည်။

စစ်တွေမြို့ပေါ်တွင် သက်ကြီးရွယ်အို ၁၀၉၄ ဦးရှိပြီး တစ်ဦးစီကို ပြည်နယ်အစိုးရအဖွဲ့မှ ငွေ ၁ သောင်းကျပ်နှင့် အဆိုပါ အဖွဲ့မှ ၃၅၀၀၀ ကျပ်စီတို့အပါအဝင် ပြင်ပအလှူရှင်များ၏ လှူဒါန်းမှုလည်း ပါဝင်ကြောင်း သိရသည်။

ယခု ပြုလုပ်သည့် အဆိုပါ အခမ်းအနားမှာ ၅၅ ကြိမ်မြောက်ရှိပြီဖြစ်ပြီး  သင်္ကြန်ပွဲတော်အပြီး မြန်မာ့နှစ်ဆန်းတရက်နေ့ ရောက်တိုင်း စစ်တွေမြို့တွင် ကျင်းပလေ့ရှိသည်။

 619 total views,  1 views today