Arakan Yoma |

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့တွင် နိုင်ငံတော်ဓာတ်အားလိုင်းက ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း အထိမ်းအမှတ်နဲ့ အခမ်းအနားတစ်ရပ်ကို မတ်လ ၃၁ ရက်နိက ယင်းမြို့ရှိ မြို့တော်ခန်းမရှေ့မှာ ကျင်းပခပါရေ။

ယင်းပိုင် လျှပ်စစ်မီးရရှိယာဖြစ်တေအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စရေကဏ္ဍတိမှာ အယင်ကထက်ပိုမို ကောင်းမွန်လာဖို့ဖြစ်ပြီး ပြည်သူတိမျှော်လင့်ထားရေ ဆန္ဒပြည့်ဝယာဖြစ်ဆေအတွက်လည်း ဝမ်းမြောက်ကြောင်းနဲ့ ရရှိလာရေ အခွင့်အရေးတိကို ဒေသဖွံ့ဖြိုး ရေးအတွက် ကောင်းမွန်စွာအသုံးချသင့်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အခမ်းအနားမှာ ပြောကြားခပါရေ။

လက်ရှိမှာ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုမှာ ၁၆ ခုကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးထားနိုင်ယာဖြစ်ပြီးကေ မီးမရဘဲ ကျန်ရှိနီမာန်အောင်မြို့နယ်မာလည်း ဆိုလာစနစ်နဲ့ မီးပေးဖို့စီစဉ်ထားကြောင်း ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေးဦးစီးဌာနက ပြောဆိုထားပါရေ။

အခမ်းအနားကိုရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့တကွ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တိ၊ ခရိုင်နဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာတိ၊ ဒေသခံ ပြည်သူတိ တက်ရောက်ခကတ်ပါရေ။

အဆိုပါ လျှပ်စစ်မီးရရှိရေ အထိန်းအမှတ်ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်မှုတိပြုလုပ်ပြီးနောက် ဦးညီပုက လက်ပန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှာ အသုံပြုဖို့ ကွန်ပျူတာနဲ့ ပရင်တာစက်တစ်စုံအတွက် ငွေကျပ် ၈ သိန်းနဲ့ ကျေးရွာတွင်း လမ်းတိမှာ Box Culvert တိတည်ဆောက်နိုင်ဖို့ ငွေကျပ် ၁၅ သိန်းလှူဒါန်းခကြောင်းလည်း  သိရပါရေ။

 443 total views,  1 views today