မင်္ဂလာပါ မြန်မာဘာသာအစီစဉ် ပရိသတ်များ ခင်ဗျား . ..
.
ရိုးမရေဒီယိုမဂ္ဂဇင်း မတ်လ တတိယ သီတင်းပတ်မှာ ထုတ်လွှင့်မယ့် အစီစဉ်ကို မိတ်ဆက်ပေးချင်ပါတယ်။
.
ဒီတစ်ပတ် သတင်းအစီစဉ်ထဲမှာတော့ –

အစိုးရဖက်က ၄၀ ရာခိုင်နှုန်းနဲ့ လူငယ်အင်အား ၆၀ ရာခိုင်နှုန်းပါဝင်ဆောင်ရွက်မယ့် လူငယ်ရေးရာကော်မတီကို ရခိုင်ပြည်နယ် စစ်တွေ ခရိုင်မှာ ဖွဲ့စည်းလိုက်ပါတယ်။
နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မယ့် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာဖို့အတွက် လူငယ်တွေက အဓိကအခန်း ကဏ္ဍကနေပြီး ပူးပေါင်းကြိုးပမ်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းတာလို့ ဦးဆောင်ပါဝင်သူများဆီက သိရပါတယ်။
.
ဆိုတဲ့အကြောင်းနှင့်
.
သတင်းဆောင်းပါးအစီစဉ်ဘက်မှာတော့
.
သက္ကရာဇ် တစ်ခုစီရဲ့ ဆယ့်နှစ်လ ရာသီတစ်ခုချင်းမှာ ရှေးခေတ်အဆက်ဆက်က ရခိုင်လူမျိုးတွေ ဗုဒ္ဓဘုရားရှင်ကို ပူဇော်လိုတဲ့ သဘောနဲ့ ကျင်းပပူဇော်ခဲ့ကြတဲ့ ရိုးရာပွဲတော်တွေများစွာ ရှိပါတယ်။ တပေါင်းလရာသီမှာတော့ လပြည့်နေ့မှာ ရိုးရာဓလေ့ကို ထိန်းသိမ်းတဲ့အနေနဲ့ မဖြစ်မနေ ပြုလုပ်ကျင်းပလေ့ရှိတဲ့ ရခိုင့်ဓလေ့ရိုးရာပွဲတော်တစ်ခုရှိနေပါတယ်။ အဲဒီအကြောင်းကို ယခု သီတင်းပတ်မှာ တင်ပြပေးချင်ပါတယ်။

ဒါကတော့ “သဲပုံစေတီပွဲ” လို့ လူသိများပြီး “သျှစ်သောင်းမြှောက်ပွဲ” လို့ ခေါ်ဝေါ်တဲ့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်ကို အာရုံပြုပြီး ပူဇော်လေ့ရှိတဲ့ ပွဲတော်ပါ။ တပေါင်းလပြည့်နေ့ရောက်တိုင်းမှာ ရခိုင်ပြည်နယ်ထဲက စစ်တွေနဲ့ သံတွဲတို့လို ပင်လယ်ကမ်းခြေတည်ရှိတဲ့ ဒေသတွေမှာ များသောအားဖြင့် ကျင်းပကြတာလည်း ဖြစ်ပါတယ်။
ဓညဝတီခေတ်ကစပြီး ရခိုင်ဘုရင်စန္ဒသူရိယရဲ့ ပင့်ဖိတ်မှုကြောင့် ဗုဒ္ဒဘုရားရှင်ကိုယ်တော်တိုင်က ရခိုင်ပြည် (နယ်) ကို ကြွရောက်လာတဲ့ အခါ ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးတချို့က ကိုယ်တိုင် ဖူးမြော်ခွင့်ရကြသလို ဝေးလံတဲ့ ဒေသတွေမှာ နေထိုင်သူတစ်ချို့ဟာ ဗုဒ္ဓကို ရည်စူးပြီး နီးစပ်ရာ ကမ်းစပ်သောင်ပြင်တွေမှာ သဲနဲ့ စေတီဆောက်လုပ်ပူဇော်ရာကနေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
.
စတဲ့အကြောင်းအရာများကို ယခု ထုတ်လွှင့်ချက်မှာ အပြည့်အစုံ နားဆင်ရမှာဖြစ်ပါတယ် ခင်ဗျား။

 518 total views,  1 views today