ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

မတ် ၂၁ ရက်။

သက္ကရာဇ်တစ်ခုစီ၏ ဆယ့်နှစ်လရာသီတစ်ခုချင်းစီမှာ ရှိခေတ်အဆက်ဆက်က ရခိုင်လူမျိုးတိ ဗုဒ္ဓဘုရားရှင်ကို ပူဇော်လိုရေသဘောနဲ့ ကျင်းပပူဇော်ခကတ်တေ ရိုးရာပွဲတော်တိ အများကြီးရှိပါရေ။ တပေါင်းလရာသီမှာတော့ လပြည့်နိမှာ ရိုးရာဓလေ့ကို ထိန်းသိမ်းရေအနီနဲ့ မဖြစ်မနီ ပြုလုပ်ကျင်းပလေ့ရှိရေ ရခိုင့်ဓလေ့ရိုးရာပွဲတော် တစ်ခုရှိနီပါရေ။ ဒေအကြောင်းကို အခုသတင်းပတ်မှာ တင်ပြပီးချင်ပါရေ။

ဒေချင့်ကတော့ကေ“သဲပုံစေတီပွဲ” လို့ လူသိများပြီးကေ “သျှစ်သောင်းမြှောက်ပွဲ” လို့ခေါ်ဝေါ်ရေ ဗုဒ္ဓဘုရားရှင်ကိုယ်တော်ကို အာရုံပြု ပူဇော်လေ့ရှိရေ ပွဲတော်ပါ။ တပေါင်းလပြည့်နိရောက်တိုင်း ရခိုင်ပြည်နယ်ထဲက စစ်တွေနဲ့ သံတွဲရို့ပိုင် ပင်လယ်ကမ်းခြေတည်ရှိရေ ဒေသတိမှာ များသောအားဖြင့် ကျင်းပကတ်စွာလေ့ဖြစ်ပါရေ။

ဓညဝတီခေတ်ကစပြီးကေ ရခိုင်ဘုရင်စန္ဒသူရိယ၏ ပင့်ဖိတ်မှုကြောင့် ဗုဒ္ဒဘုရားရှင်ကိုယ်တော်တိုင်က ရခိုင်ပြည် (နယ်) ကို ကြွရောက်လာရေအခါ ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးတချို့က ကိုယ်တိုင်ဖူးမြော်ခွင့်ရကတ်တေပိုင် ဝီးလံရေဒေသတိမှာ နီထိုင်သူတစ်ချို့စွာ ဗုဒ္ဓကို ရည်စူးပြီးကေ နီးစပ်ရာ ကမ်းစပ်သောင်ပြင်တိမှာ သဲနဲ့စေတီဆောက်လုပ်ပူဇော်ရာကနီ ပေါ်ပေါက်လာခစွာ ဖြစ်ရေလို့ ရခိုင့်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတိ့ကို ဖော်ထုတ်နီရေ သာကီမဏ္ဍိုင်ရက္ခိုင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးကျော်ဇံမောင်က ပြောပြပါရေ။

“ဓညဝတီခေတ်ကစပြီးကေ ရခိုင်ဘုရင်စန္ဒသူရိယပင့်ဖိတ်လို့ ဗုဒ္ဒဘုရားရှင် ရခိုင်ပြည်နယ်ကို ကြွရောက်လာခါကပင် ရခိုင်ပြည်သူ၊ ပြည် သားတစ်မျိုးလုံးစွာ ဗုဒ္ဒဘာသာဝင် အစစ်ဖြစ်ကတ်ပါရေ။ ယင်းတွက်နဲ့လေ့ နီရာတိုင်းမှာ စေတီပုထိုးတိတည်ရေ။ တချို့နီရာဒေသတိနဲ့ ဝီးလံရေ သောင်တိ၊ သဲပြင်တိမှာသဲပုံစေတီတည်ရေ အလေ့အထရှိကတ်ပါရေ။”

ဒေပိုင်သဲပုံစေတီပွဲတိ ပြုလုပ်ကျင်းပ ပူဇော်ခြင်းကြောင့် ပြည်နယ်အတွင်းဘေးအန္တရာယ်ခပ်သိမ်းကင်းဝီးခြင်း၊ မိုးလီဝါသမှန်ကုန်ခြင်းတိအပြင် ကျရောက်လာနိုင်ရေ အန္တရာယ်တိစွာလေ့ ပြယ်ပျောက်လားနိုင်ရေလို့ မှတ်ယူကတ်ပါရေ။

“ဒေပိုင်လုပ်ခြင်းအားဖြင့် ရခိုင်ပြည်(နယ်)မှာဘေးရန်ခပ်သိမ်းကင်းဝီးရေ။ မိုးလီဝါသမှန်ကန်စီပါရေ။ အန္တရာယ်မျိုးစုံဖြစ်ပေါ်လာသမျှတိကိုပူဇော်ပွဲလုပ်ခြင်းအားဖြင့် ရခိုင်ပြည်သူ၊ ပြည်သားရို့စွာ အန္တရာယ်မကျရောက်နိုင်ပါ။”လို့လေ့ဦးကျော်ဇံမောင်ကပြုလုပ်ပူဇော်ထားရေသဲပုံပုထိုးအနီးမှာရပ်ပနာမှတ်ယူကတ်ပုံတိကိုပြောပြပါရေ။

ဘုရားရှင်ပေါ်ပေါက်လာပြီးရေနောက်ပိုင်းသဲပုံစေတီတည်ရေအလေ့အထစွာအခိုင်အမာဖြစ်လာပြီးရခိုင်ဘုရင်မင်းတိအဆက်ဆက် ဓညဝတီ၊ ဝေသာလီစရေခေတ်တိမှာစတူဘာဆိုရေ (၃ ပေနီးနီးရှိတဲ့) စေတီချေတိကိုကျောက်လုံးတိမှာ တည်ပြီးကေ ကိုးကွယ်ခကတ်ပါရေ။ တစ်ဖက်အိမ်နီးချင်း အိန္ဒိယနိုင်ငံက ဗိသုကာလက်ရာတိ ရခိုင်ပြည်နယ်အတွင်းထွန်းကားလာခပြီးနောက်ပိုင်းမှာတော့ ထုဆစ်စေတီတိကိုတည်ထားကိုးကွယ်ရေဓလေ့စွာပိုပြီးကေတွင်ကျယ်လာခစွာပါ။

လေးမြို့နဲ့ မြောက်ဦးခေတ်တိကိုရောက်လာရေအခါ ရခိုင်လူမျိုးရို့၏အထွဋ်အမြတ်ဖြစ်တေ သျှစ်သောင်းဘုရားကိုအကြောင်းပြုပြီးကေ သျှစ်သောင်းမြှောက်ပွဲဆိုပြီးကေရခိုင့်ဗိသုကာပညာရှင်တွေကနာမေပီးခကတ်စွာဖြစ်ပါရေ။

“အိန္ဒိယနိုင်ငံနဲ့ ရခိုင်နဲ့ကတဆက်တည်းဖြစ်နီရေအတွက် ယင်းနိုင်ငံမှာပရိယတ္တိစာပီသင်ကြားနီရေရခိုင်ကပုဂ္ဂိုလ်တိရှိရေ။ ဗာရာဏသီမှာပေါ့။ ယင်းဖက်ကအတတ်ပညာတိရလာပြီးကေရခိုင်မှာထုဆန်စေတီတိဖြစ်ပေါ်လာရေ။ ယင်းထုဆန်စေတီတိ ဖြစ်ပေါ်လာကေလေ့တပေါင်းလပြည့်နေ့ဆိုစွာအလွန်တရာနိထူးနိမြတ်ဖြစ်တေ။ ၁၂ လရာသီမှာဆိုကေလေ့တပေါင်းပွဲစွာသဲပုံဇာတီပွဲလို့ ရှိပါရေ။ လေးမြို့နဲ့ မြောက်ဦးခေတ်တိကိုရောက်လာရေခါ ရခိုင်တိမှာသျှစ်သောင်းဘုရားစွာအထွဋ်အမြတ်ဖြစ်တေ။ “သျှစ်သောင်းရှိကေရခိုင်ရှိရဖို့” ဆိုပြီးတော့ ရခိုင်၏ အထူးအထွဋ်သျှစ်သောင်းဘုရားကိုတည်ရေအတွက်ဂုဏ်ပြုပြီးကေ “သျှစ်သောင်းမြှောက်ပွဲ” ဆိုပြီးကေရှိကပညာရှင်တိကနာမေပီးရေ။”

ဒေချင့်ကတော့ သာကီမဏ္ဍိုင်ရက္ခိုင့်ယဉ်ကျေးမှုအဖွဲ့ရဲ့ နာယကတစ်ဦးဖြစ်တေအသက် (၇၀) ကျော်အရွယ် ဦးမောင်သိန်းထွန်းက ပြန်ပြောင်းပြောပြချက်ပါ။

ယင်းနောက်ပိုင်းရခိုင်ပြည် (နယ်) ဘိုးတော်မောင်ဝိုင်းလက်အောက်ကိုရောက်ရှိနီချိန် မြို့ဝန်ခေတ်၊ ယင်းကတဆင့် အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီအစိုးရခေတ်၊ ပြည်သူ့ကောင်စီခေတ်၊ ၁၉၈၈ ကာလနောက်ပြီးကေနဝတခေတ်စရေကာလတိမှာရခိုင်လူမျိုးရို့၏ ဘာသာရေး၊ သာသနာရေး၊ ယဉ်ကျေးမှုစရေကဏ္ဍတိစွာကျင်းပခွင့်ရတလှည့် မရတလှည့်နဲ့ ကျင်လည်နီခပါရေ။

“ခေတ်ပြောင်းလာရေခါနဝတခေတ်ရောက်လာရေ။ စစ်အာဏာသိမ်းထားရေအတွက် တဆင့်စီ၊ တဆင့်စီဖြစ်လာရခါဒေချင့်ကိုလုပ်ရဖို့စွာကကောင်းအခက်အခဲဖြစ်လာရေ။ စာအုပ်လေ့မထုတ်ရ။ မှတ်ပုံတင်ရစွာတိ။ ယင်းပိုင်ဖြစ်လာရေခါလူတိကမလုပ်ဝံ့။ လုပ်ရကောင်းမှန်းလေ့မသိတော့ဘူး။ လူကြီးတိကလေ့တရွှိရွှိနဲ့ ကြီးလာခါအတိုက်အခံလေ့မလုပ်နိုင်ကတ်ယာ။ မမိယလျော့နဲ့ ဖြစ်လားကတ်တေ။”

ဒေဂုဒီမိုကရေစီခေတ်ရောက်လာပြန်ကေလေ့ ယင်းဓလေ့တိစွာပျောက်ကွယ်လုနီးနီးဖြစ်နီခပြီးကေ ၂၀၁၃ ခုနှစ်လောက်ကမှ စတင်ပြီးကေသာကီမဏ္ဍိုင် ရက္ခိုင့်ယဉ်ကျေးမှုအဖွဲ့ကဦးဆောင်ပြီးကေတတွင်ကျကျယ်ကျင်းပလာခဲ့စွာဖြစ်ပါရေ။

ရခိုင်ရိုးရာဝတ်စုံတိဝတ်ဆင်၊ အမျိုးသားတိကရှိကနီစည်တီး၊ အမျိုးသမီးတိက ကြက်လျှာတံ၊ တံခွန်ကိုက္ကား၊ မလေးဂွတိနဲ့ (ဗုဒ္ဒဘုရားအားပူဇော်ရာတွင် လိုအပ်သည့် ပစ္စည်းများ) ထမ်းရွက်ပနာညညီညညာနဲ့စီတန်းလှည့်လည်ပြီးကေကမ်းခြေဖက်ကိုဦးတည်လားကြပါရေ။

“၂၀၁၃ ခုနှစ်ကစပြီးကေသဲပုံစေတီပွဲကိုတပေါင်းလပြည့်နိတိုင်းလုပ်တေ။ အခက်ခဲမရှိ။ စည်တီးလို့ သွားတယ်။ အမျိုးသမီးတတန်းစီ ပြီးကြာလျှာတံတိ၊ တံခွန်ကိုက္ကားမလေးဂွတိနဲ့ စည်တီးပြီးကေတန်းစီးလားပြီးကတ်တေ။လမ်းတပိုင်းကကားစီးရေ။ ပွိုင့်ကိုရောက်ကေပျပျော်ပပါးတီးလို့၊ မှုတ်လို့၊ ကလို့၊ ခုန်လို့ယင်းပိုင်လုပ်လာစွာအခုဆိုကေ ၇ နှစ်မြောက်ဗျာလ်။”

ဗုဒ္ဒဘုရားရှင်ပြည်တော်ဝင်ရေတပေါင်းလပြည့်နိရောက်တိုင်းနိခင်းဖက် ဖြားရီကျချိန်မှာသဲကိုလွယ်လင့်တကူရနိုင်ရေအတွက်ယင်းပိုင် အချိန်မျိုးမှာကမ်းခြေကိုအရောက်လာကတ်ပြီးကေထုချွန်ပုံ၊ သျှစ်သောင်းဘုရားပုံ၊ ထုက္ကန်သိမ် အစရှိရေဗုဒ္ဒရုပ်ပွားတော်ပုံတိကိုအစုအဖွဲ့လိုက်သော်လည်း၊ မိသားစုအလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းစီသော်လည်းကောင်း ပြုလုပ်ပြီးရဟန်းသင်္ဃာတိကိုပင့်ဖိတ်၊ ရစက်ချ၊ အမျှဝေ၊ ငါးပါးသီလခံယူကတ်တေပိုင်ဆီးမီး၊ ပပေါက်ပန်း၊ သာသနာ့အလံစရေ လှူဖွယ်ဝတ္ထုတိကိုလေ့သဲပုံစေတီတိမှာဆက်ကပ်ပူဇော်ကတ်ပါသိရေ။

“၁၂ နာရီကျော်လောက်ဆိုကေဖြားရီကျလို့သောင်ထွန်းလာရေ။ယင်းအချိန်မှာသဲကိုလွယ်လင့်တကူရရေ။ သူတလူ။ ငါတမားနဲ့ မမချေ၊ ယောက်ျားချေတိဝိုင်းပြီးကေပပျော်ပပါးလုပ်ကတ်တေ။ အားလုံးပြီးရေခါ လှည့်ပတ်ပြီးကေပန်းတိ၊ ဆီမီးတိနဲ့ပူဇော်ရေ။ တချို့ဆိုကေကျွေးမွေးကတ်တေ။ ဘုန်းကြီး၊ ရဟန်းတိကိုပင့်ပြီးကေငါးပါးသီလခံရေ။ ဒေပိုင်ပြုလုပ်ရရေကုသိုလ်ကောင်းမှုအတွက် နိဗ္ဗာန်ရောက်ရပါလို၏။ ဆရာတော်ဘုရားရို့ကချပေးရေအတိုင်းလိုက်ဆိုပြီးလုပ်ရရေဓလေ့ရှိရေ။ ရစက်ချ၊ တရားနာရတယ်။”လို့ ဦးမောင်သိန်းထွန်းကအဆင့်ဆင့်လုပ်ပုံတိကိုပြောပြပါရေ။

သဲပုံစေတီတိဆောက်လုပ်ပူဇော်ပြီးရေအခါညနီပိုင်းဒီရေတက်လာချိန်ကိုစောင့်ဆိုင်းကတ်ပြီးစေတီစွာတက်လာရေဖြားရီနဲ့ တတူမျှောပါလားခါမှ သူတို့၏ကောင်းမှုကုသိုလ်တိအထမြောက်ရေလို့ ယူဆကတ်ပါရေ။

“သဲပုံစေတီတည်ပွဲလုပ်ရခြင်းသမိုင်းကသဲပုံစေတီကိုတည်ရေ။ ဒေစေတီစွာဖြားရီအတက်အကျနဲ့ပေါ့။ ဖြားတက်လာပြီးကေဒေသဲပုံစေတီစွာရီမှာမျှောပြီးကေပါလားဖို့။ ဆိုလိုစွာကအနိစ္စ၊ အနတ္တ၊ ဒုက္ခ၊ ဖြစ်ပျက်သဘောမျိုးပေါ့။ သင်္ခါရသဘောတရား။ အသူမဆိုမမြဲခြင်း၏အနိဌာရုံပေါ့။ လူဆိုကေလေ့မမြဲ။ စေတီပုထိုးဆိုကေလေ့မမြဲ။ ယင်းမမြဲရေသဘောတရားတိကိုဗုဒ္ဒဘာသာဝင်အရတယောက်နဲ့ တယောက်နားလည်မှုရှိအောင်၊ ဘာသာရေးအသိအမှတ်ရှိအောင်လုပ်ခြင်းဖြစ်ပါရေ။ ပြီးအောင်စောင့်ဖို့ဆရာရို့ကဖြားရီတက်လာလို့ စေတီပုထိုးတိအားလုံးပြိုပျက်လားယာဆိုခါမှဆရာရို့ကုသိုလ်စွာအောင်မြင်ရေ။”လို့ ဦးကျော်ဇံမောင်ကသူရို့ပြု လုပ်ထားတဲ့ စေတီပုထိုးတိကိုလက်ပြပြီးကေပြောပါရေ။

စောင့်ဆိုင်းနီကတ်တေအတိုင်းပြုလုပ်ပူဇော်ထားကတ်တေသဲပုံစေတီတိတပါင်းလပြည့်ည၏ဖြားရီနဲ့အတူမျှောပါလားချိန်မှာတော့ကေဦးကျော်ဇံမောင်နဲ့ ဦးမောင်သိန်းထွန်းရို့အပါအဝင် ပူဇော်သူတိကတော့ ကျရောက်လာဖို့ဘေးအန္တရာယ်တိပျက်ပြယ်သွားဗျာလ်ဆိုရေစိတ်ချမ်းမြေ့မှုနဲ့အတူအိမ်ပြန်ကတ်ပါဗျာလ်။

 902 total views,  1 views today