Arakan Yoma |

အစိုးရဖက်က ၄၀ ရာခိုင်နှုန်းနဲ့ လူငယ်အင်အား ၆၀ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်လားဖို့ဖြစ်တေ လူငယ်ရေးရာကော်မတီကို ရခိုင်ပြည်နယ် စစ်တွေခရိုင်မှာ ဖွဲ့စည်းလိုက်ပါရေ။

နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရေ ဖွံ့ဖြိုးတိုးတက်တေ ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာဖို့အတွက် လူငယ်တိက အဓိက အခန်း ကဏ္ဍကနီပြီးကေ ပူးပေါင်းကြိုးပမ်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးမတ်လ ၁၂ ရက်နိက ဖွဲ့စည်းလိုက်စွာလေ့ဖြစ်ပါရေ။

“လူငယ်နဲ့ မူးယစ်ဆေးဝါးကပေါ်လစီထဲမှာပါပါရေ။ လက်ရှိအနီအထားကို ကြည့်ဖို့ဆိုကေ ကကောင်းကြောက်ဖို့ကောင်းရေ အနီအထားဖြစ်ပါရေ။ လူသားတစ်ရပ်လုံးကို ခြိမ်းခြောက်နီရေ အနီအထားဖြစ်တေ။ လူငယ်နဲ့ မူးယစ်ဆီးဝါးကို ဇာပိုင်လုပ်ဖို့လဲဆိုကေ ကျနော်ရို့စဉ်းစားထားပါရေ။ ကျန်းမာရေးပါရေ။ ပညာရေးပါရေ။ ပညာရေးနဲ့ မူးယစ်ဆေးဝါးဇာပိုင်ဆက်စပ်တေ။ ကျန်းမာရေးနဲ့က ဇာပိုင် ဆက်စပ်တေ ဆိုစွာကို Department တိပါးကနည်းပညာ၊ တခြားလိုအပ်ချက်တိနဲ့ ဆောင်ရွက် လားနိုင်ဖို့ကို ကျနော်ရို့ ဒေကော်မတီထဲမှာ ဒေပိုင်မျိုးဌာနတိကိုပါဝင်ဇီစွာဖြစ်ပါရေ။”

ဒေချင့်ကတော့ကေရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ကိုစောကလျာထွန်းကရှင်းပြခစွာပါ။

မူးယစ်ဆီးဝါး တိုက်ဖျက်ရေးအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစရေအချက်တိအပြင် လူငယ်တိနဲ့ ပတ်သတ်တေမူဝါဒအနီနဲ့ ၁၅ ချက် သတ်မှတ်ထားရေလို့ သိရပါရေ။

နောက်ပြီးကေ ဒေအဖွဲ့စွာ ပြည်ထောင်စုအနီနဲ့ ဖွဲ့စည်းထားရေအဖွဲ့ဖြစ်တေအတွက် ရပ်ကျေးနဲ့ မြို့နယ်ကနီ တိုင်းဒေသကြီးအဆင့် အထိ ကော်မတီတိပါဝင်ဖို့ ဖြစ်တေပိုင် တိုင်းရင်းသားမျိုးနွယ်စုတိနဲ့ LGBT ရို့ကလေ့ ပါဝင်လားဖို့ ဖြစ်တေလို့ ဆိုပါရေ။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဝန်ကြီးဌာနရို့ကတော့ကေ ယင်းကော်မတီမှာ အဓိက ပါဝင်ဆောင်ရွက်လားကတ်ဖို့ အစိုးရဌာနတိဖြစ်ပါရေ။

ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနစစ်တွေခရိုင်ဦးစီးအရာရှိဒေါ်စန်းစန်းအောင်က “အကျွန်ရို့ဌာနက အဓိကလုပ်ငန်း တာဝန်က ပြန်ကြားပီးဖို့၊ ပညာပီးဖို့၊ ဖျော်ဖြေပီးဖို့ဆိုရေကဏ္ဍမှာ လူငယ်ရေးရာကော်မတီ၏ မူဝါဒအလျောက် ပေါင်းစပ်လာရေ ဇာလုပ်ငန်းကို မဆို အကျွန်ရို့ဖက်က ကူညီပီးလားပါဖို့။ အဓိကအားဖြင့်ကတော့ကေ လူငယ်ထုတစ်ရပ်လုံးကို ခြိမ်းခြောက်နီရေ မူးယစ်ဆီးဝါး၊ စာပီကဏ္ဍတိ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတိ၊ အသိပညာပီးလုပ်ငန်းတိမှာအဓိကပါဝင်လားဖို့ ဖြစ်ပါရေ။”လို့ ပြောပါရေ။

ရခိုင်ပြည်နယ် အတွင်းမှာတော့ကေ ပြည်နယ်အဆင့် ကော်မတီနဲ့ သံတွဲခရိုင်၊ စစ်တွေခရိုင်ရို့မှာရာ ဖွဲ့စည်းရသိပြီးကေ ဆက်လက် ဖွဲ့စည်းလားဖို့ ကြိုးပမ်းနီကတ်တယ်လို့ ပြည်နယ်အဆင့် တာဝန်ရှိသူတိကဆိုပါရေ။

မူးယစ်ဆီးဝါး သုံးစွဲလာကတ်တေအတွက် မူးယစ်အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့နဲ့ လူငယ်ထုအနီနဲ့ စာပီမှာမွေ့လျော်ဖို့ ကြိုးပမ်းလားဖို့လို့လေ့ ကော်မတီ တာဝန်ရှိသူတိက ပြောဆိုကတ်ပါရေ။

 401 total views,  1 views today