ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့စည်းတိနဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင်တိ စုစည်းပနာ အကြောင်းအရာအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုတစ်ခုကို စစ်တွေမြို့ ခိုင်သဇင်ခန်းမမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ ၃ ရက် တာ ပြုလုပ်ခဲ့ပါရေ။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုတိ ပြုလုပ်လာရေအခါ ရခိုင်ပြည်နယ်ထဲက လူထုတိ၏ သဘောဆန္ဒတိနဲ့ ဆွေးနွေးခွင့် ရရှိထားရေ အချက် အလက်တိအပေါ် အခြေခံထားရေ အရပ်ဖက်အဖွဲ့အစည်းတိ၏ အမြင်တိကို တင်ပြနိုင်ဖို့ ရည်ရွယ်စွာလို့ ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ရေ ရခိုင် ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းတိ ငြိမ်းချမ်းရေးကော်မတီဝင် ကိုညိုမင်းခိုင်က ပြောပါရေ။

“အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေအခါမှာ အရပ်ဖက်အဖွဲ့အစည်းတိက ဘုံသဘောတူညီချက်ကို ကျန်ရေ ရခိုင် အင်အားစုတိနဲ့ စုစည်းနိုင်ဖို့ဆိုရေ အဓိက ရည်ရွယ်ချက်လည်း ပါရေ။ နောက်ပြီးကေ ရခိုင်အရပ်ဖက်အဖွဲ့စည်းတိ ကျနော်ရို့ ဆွေးနွေးခွင့် ရှိရေ အပိုင်းတိ့မှာ ဇာပိုင် မြင်နေရေ။ ဇာပိုင် ရှိနေရေ။ လူထုက ဘဇောင် ဆန္ဒရှိရေ။ ရှိရေဆိုစွာကို အကြောင်း အရာအလိုက် အမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲတိ ပြုလုပ်လာရေအခါ ကျနော်ရို့ တင်ပြနိုင်အောင် စုစည်းရေဆိုရေ ရည်ရွယ်ချက် ဖြစ်ပါရေ။”

ယင်းဆွေးနွေးပွဲမှာ ဖက်ဒရယ်ဆိုင်ရာ မူဝါဒ၊ မြေယာဆိုင်ရာ အခြေခံမူဝါဒနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေခံမူဝါဒ စရေ အချက်(၃)ချက် ကို အဓိက ဆွေးနွေးနီကတ်စွာလည်း ဖြစ်ပါရေ။ ယေလေ့သင့် ယင်းအချက်တိကို ဆွေးနွေးရေအခါမှာတောင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခွင့် မရသေးလို့ ဆိုပါရေ။ ငြိမ်းချမ်းရေးလမ်းစဉ်ကို အကောင်ထည်ဖော်ဖို့ဆိုကေ ငြိမ်းချမ်းရေးဖြစ်စဉ်တိမှာ ပြည်သူတိကို အများကြီးပါဖို့ လိုအပ်ရေပိုင် လက်ရှိဖြစ်ပွားနေရေ စစ်ပွဲတိကိုလည်း  ရပ်တန့်ဖို့ လိုအပ်ရေလို့ ကိုညိုမင်းခိုင်က သူ့ ယူဆချက်ကို အခုပိုင် ပြောပါရေ။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုစွာကတော့ ငြိမ်းချမ်းချင်ရေလူတိ အဓိကပါဝင်ပနာ လူထုနဲ့ ကျနော်ရို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင် ထည်ဖော်ရေ အပိုင်းပေါ့။ ဆိုတော့ တိုက်ပွဲတိ ရှိနီစွာက ငြိမ်းချမ်းရေးရှိနီစွာ မဟုတ်လို့ ယူဆရမှာဖို့ပေါ့။ ကျနော်ရို့က ဒေတိုက်ပွဲတိမှာ ပါဝင် ရေအဖွဲ့တိကို ရပ်တန့်စီချင်ရေ။ ဇာဖြစ်လို့လဲဆိုကေ ဒေသခံတိလည်း အခက်ခဲရှိရေ။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အကောင်ထည် ဖော်ဖို့ဆိုကေတော့ ဒေစစ်ပွဲတိ ရပ်ကို ရပ်တန့်ရဖို့လို့ မြင်ပါရေ။”

ဒေဆွေးနွေးပွဲကို ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်က ဦးဆောင်ကျင်းပစွာ ဖြစ်ပနာ ဒေတစ်ကြိမ်နဲ့ ဆိုကေ တတိယ အကြိမ်မြောက် ရှိဗျာလ်လို့ သိရပါရေ။

ဆွေးနွေးပွဲကိုတော့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီဝင်တိ အပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးပုန်ဘွေ၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP မှ ထိပ်ပိုင်းခေါင်းဆောင် အချို့နဲ့ ရခိုင်အမျိုးသားပါတီဗဟိုကော်မတီဝင်တိ တက်ရောက်ခကတ်ရေပိုင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတိနဲ့ တစ်မြို့နယ်ချင်းစီက ကိုယ်စား လှယ်တိကလည်း တက်ရောက်ဆွေးနွေးခစွာ ဖြစ်ပါရေ။

 498 total views,  1 views today