ရိုးမရေဒီယိုမဂ္ဂဇင်း

ဇူလိုင် ၃၁ ရက်။ ။ ရှားပါးမျိုးစိတ်များဖြစ်တဲ့ ငါးမန်းနှင့် ငါးလိပ်ကျောက်များကို ထိန်းသိမ်းနိုင်ဖို့ ငါးဖမ်းဆီးသူများအနေနှင့် ပိုက်များတွင် ဖမ်းမိပါက ပြန်လွှတ်ပေးဖို့၊ မဖမ်းဆီးကြဖို့ မူဘောင်တစ်ခုကို စတင်ရေးဆွဲနေပြီလို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

မူဘောင် ရေးဆွဲနိုင်ဖို့ ဇူလိုင်လ ၁၇ ရက်နေ့ကနေ ဇူလိုင်လ ၁၈ ရက်နေ့အထိ ငါးမန်း ငါးလိပ်ကျောက် ရေရှည်ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းကော်မတီ အစည်းအဝေးတရပ်ကို ပြုလုပ်ခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ သတ္တဝါနှင့် အပင်ထိန်းသိမ်းရေးအဖွဲ့၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့၊ ရန်ကုန်တက္ကသိုလ်နှင့် အခြား တက္ကသိုလ်များ၊ အရှေ့တောင်အာရှ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့က ပူးပေါင်း ရေးဆွဲခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 573 total views,  2 views today