ရိုးမရေဒီယိုမဂ္ဂဇင်း

အောက်တိုဘာ ၃၁။ ။ ဒုက္ခသည်ကယ်ဆယ်ရေးစခန်း (ကမ့်) အား ပိတ်သိမ်းပြီးခကေ လွတ်လပ်စွာ လားလာခွင့်ရဖို့ စစ်တိမြို့က သက္ကေပြင်ဒုက္ခသည်စခန်းမှာ နီထိုင်သူတိ့က လိုလားနီကတ်ပါရေ။

ရခိုင်ပြည်နယ်မှာ ကမ့် စုစုပေါင်း ၁၈ ခု ရှိနီပြီးကေ အိမ်ထောင်စု ၂၀၅၁၆ စု၊ လူဦးရေနန့်ဆိုကေ ၁၁၀၀၁၅ ဦး ရှိနီပနာ ယင်းကမ့်တိ့အားလုံးကို ပိတ်သိမ်းနိုင်ဖို့ နိုင်ငံတော်အစိုးရနန့် နိုင်ငံတက အဖွဲ့အစည်းရို့ ပူးပေါင်း ဆောင်ရွက်လာနီစွာလ့ ဖြစ်ပါရေ။

သက္ကေပြင်ဒုက္ခသည်စခန်းတည်ဟိ့ရာ စစ်တိမှာ ကမ့် ၁၂ ခု ရှိနီပြီးကေ ယင်းထဲက ယင်းစခန်းကို ပိတ်သိမ်းဖို့ အစိုးရက စီစဉ်လာမှုအပေါ် ဒုက္ခသည်တိ့က ဖွင့်ဟလာစွာ ဖြစ်ပါရေ။

“စခန်းပိတ်လိုက်လို့ လေးငါးခြောက်လလောက်ဆိုကေ ရိက္ခာကို ပိတ်ဖို့။ ကိုယ့်စွာကို ကိုယ်လုပ်စားရဖို့ယာ။ ယင်းအချိန်ကျကေ တစ်ခုကိုလေ့ လားလို့မရယာ။ ဂကောင်း ကျကျပ်တတည်း လားရဖို့။ အဓိကတော့ စခန်းကိုမပိတ်ခင် လလွတ်လလပ် လားလာခွင့်ရကေ ပိုကောင်းဖို့” ဟု လူဦးရေ ၆၀၀၀ ကျော်ခန့် နီကတ်ထိုင်ကတ်တေ သက္ကေပြင် စခန်းမှ ဦးရွှေလှ(ခ)အာဒူရော်ဟိမ်းက ပြောပါရေ။

“အရင်နီခရေ နီရာကို ပြန်လိုချင်ရေ။ ခရီးလားလာခွင့်ကိုလည်း လိုချင်ရေ။” လို့ စခန်းမှာ နီထိုင်သူ နောက်ထပ်တစ်ယောက်ဖြစ်တေ ဦးလေဒူးက ပြောပါရေ။

သက္ကေပြင်စခန်းကို ပိတ်သိမ်းဖို့ အစိုးရက အခုနှစ် ဇန်နဝါရီလက စပနာ စီစဉ်နီစွာ ဖြစ်ပါရေ။

စခန်းအတွင်း နီထိုင်သူတိ့ကို အကြောင်းကြားထားပြီးဗျာလ်ဖြစ်တေပိုင် အပြီးတိုင် ပိတ်သိမ်းနိုင်ဖို့အတွက်နေထိုင်သူ ဒုက္ခသည်တိ့နှင့် အစိုးရကြား ညှိနှိုင်းနေရဆဲဖြစ်သည်။

ဒုက္ခသည်တိ့က ၎င်းရို့အနေဖြင့် လွတ်လပ်စွာ လားလာနေထိုင်ခွင့်ရရှိဖို့ကိုသာ မျှော်လင့်နေကြပါရေ။ အစိုးရအနေဖြင့် လက်ရှိ သက္ကေပြင်စခန်းအနီးတစ်ဝိုက်မှာသာ ပြန်လည်နေရာချထားပေးမည်ဟု ပြောဆိုထားပါရေ။

ယင်းစခန်းသည် ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်တိ့ကြောင့် စတင်ပေါ်ပေါက်လာခြင်းဖြစ်ပနာ ယခုဆိုလျှင် ၆ နှစ်ကျော်ခဗျာလ်ဖြစ်ပါရေ။

လက်ရှိအချိန်မှာ စခန်းတွင်းနေထိုင်သူတိ့အား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(World Food Program- WFP) မှ စားနပ်ရိက္ခာတိ့ ထောက်ပံ့ထားပါရေ။

မစ္စတာ ကိုဖီအာနန် ဦးဆောင်ရေ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့၏ အကြံပြုချက်တိ့ထဲမှာ ပါရှိသော  IDPs စခန်းတိ့ကို ပိတ်သိမ်းပြီးနောက် နိုင်ငံသားဖြစ်ခွင့်ရှိသူတိ့ကို လွတ်လပ်စွာ လားလာခွင့်ပီးရန် ဆိုရေအချက်ကို အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါရေ။

 492 total views,  1 views today