ရိုးမရေဒီယိုမဂ္ဂဇင်း

စက်တင်ဘာလ ၁၄ ရက်။ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တိ့မှာ ဘွဲ့ရ၊ ဆယ်တန်းအောင်၊ ကိုးတန်းအောင် မူဆလင် လူငယ်တိ့ကို နေ့စားလပေး သင်ကြားရေးကူ ဆရာ/ဆရာမများအဖြစ် ခန့်အပ်နိုင်ဖို့ အခြေခံပညာ ဦးစီးဌာနက စီစဉ်ဆောင်ရွက်လျှက် ရှိပါရေ။

ယင်း ပညာရေးဝန်ထမ်း ခန့်အပ်ဖို့ မူဆလင်လူငယ်တိ့ကို မောင်တောခရိုင်ပညာရေးမှူးရုံးက စာရင်းကောက်ယူနီပနာ ဇာအချက်အလက်တိ့နန့် စိစစ်ရွီးချယ်ခန့်အပ်ဖို့ကို မသိရှိရသိ့လို့ မောင်တောခရိုင် ပညာရေးမှူးရုံးက ပြောပါရေ။

“ဇာတွက် ခုပိုင် စီစဉ်လဲတော့မသိ။ ဒေချင့်က ပညာရေးဝန်ကြီးဌာနက တဆင့် ညွှန်ကြားရေးမှူးရုံး အဆင့်ဆင့် ညွှန်ကြားထားစွာဖြစ်လို့။ လောလောဆယ်ကတော့ သူရို့က စာရင်းတောင်းထားရေ။ ခု စာရင်းကောက်နီရေ။ ပြည်နယ်ရုံးကို ၁၅ ရက်နိ့ စာရင်းပီးရဖို့။ ရည်ညွှန်းစာက လူငယ်တိ့ကို ခန့်အပ်ဖို့လောက်ပါ အကြမ်းပေါ့။ ဇာအချက်တိ့နန့် စိစစ်ခန့်အပ်ဖို့ ဆိုစွာကိုတော့ မသိပါ။” လို့ မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်က ပြောပါရေ။

စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်စာရင်းကောက်ယူထားချက်အရ မောင်တောမြို့နယ်မှာယ ဘွဲ့ရ မူဆလင်လူငယ် ၁၀၀ ကျော်ရှိပနာ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တိ့မှာ ဆက်လက် ကောက်ယူနေဆဲဖြစ်ပါရေ။ စာရင်းရလာဒ်ကို စက်တင်ဘာလ ၁၅ ရက်နေ့ ပြည်နယ်ပညာရေးမှူးရုံးကို ပို့ပီးရဖို့ပါ။

ပညာရေးဝန်ထမ်းအဖြစ် ခန့်အပ်ခံရရေ မူဆလင် လူငယ်တိ့စွာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့ နယ် မူဆလင်ကျေးရွာတိ့ရှိ စာသင်ကျောင်းများမှာ တာဝန်ထမ်းဆောင်ရဖို့ ဖြစ်ပနာ မောင်တောခရိုင်မှာ မူဆလင် ကျောင်းသား၊ ကျောင်းသူတိ့ကို ပညာသင်ကြားနီရေ စာသင်ကျောင်းပေါင်း ၈၀ ကျော်ရှိကြောင်း သိရပါရေ။

ပြီးခရေ ၂၀၁၂ ခုနှစ်က ဖြစ်ပေါ်ခရေ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်ရေ ပဋိပက္ခဖြစ်ပြီး နောက်ပိုင်း မူဆလင် လူငယ်တိ့မှာ အလုပ်အကိုင်နှင့် ပညာသင်ကြားရေး အခွင့်အလမ်းတိ့ ဆုံးရှုံးခရပါရေ။ ယင်းနောက် (၆) နှစ်ခန့်လောက် အကြာ မူဆလင် လူငယ်တိ့အတွက် အလုပ်ကိုင်အခွင့်လမ်းတစ်ခုကို ခုပိုင် စီစဉ်လာစွာပါ။

ယင်းအပြင် အစ္စလာမ်ဘာသာဝင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတိ့အတွက် ရန်ကုန်အဝေးသင် တက္ကသိုလ် သီးခြားအဝေးသင် ဌာနခွဲတစ်ခုကို အခုနှစ် ပညာသင်နှစ် မောင်တောမြို့နယ်မှာ ဖွင့်လှစ်လားဖို့ ဖြစ်ပါရေ။

 424 total views,  1 views today