ရိုးမရေဒီယိုမဂ္ဂဇင်း

စက်တင်ဘာ ၁၉။ ။ ရခိုင်ပြည်နယ်အတွင်းက တောင်သူလယ်သမားတိ့ အဓိက လိုအပ်ချက်တိ့ဖြစ်တေ လယ်ထွန်စက်နန့် သီးနှံအမြန် ရိတ်သိမ်းစက်တိ့ကို ထောက်ပံ့ပီးအပ်ဖို့ အိန္ဒိယနိုင်ငံက ကူညီဖို့ ဖြစ်ပါရေ။

ယင်းအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေး မွေးမြူရေး သစ်တောနန့် သတ္တုတွင်းဝန်ကြီးဌာနနန့် အိန္ဒိယနိုင်ငံသံရုံးကြား နားလည်မှု စာချွန်လွှာတစ်ရပ်ကို စက်တင်ဘာ ၁၂ ရက်နိ့မှာ လက်မှတ်ရီးထိုးပနာ သဘောတူခကတ်စွာလေ့ ဖြစ်ပါရေ။

သံရုံး ရည်ရွယ်ချက်ကတော့ အခုပိုင် အကူအညီပီးလိုက်ရရေအတွက် ပြည်နယ်အတွင်း စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ မျှော်လင့်ပနာ ဆော့ဖ်ဝဲ ကဏ္ဍတိ့မှာလည်း အလုပ်အကိုင် အခွင့်အလမ်းတိ့ ရရှိလာဖို့၊ ပြည်နယ်အတွင်းက လူငယ်တိ့ ကွန်ပျူတာ နည်းပညာတတ်မြောက်မှုနှုန်း မြင့်မားလာစီဖို့ရို့ ဖြစ်ကြောင်း ကြေညာချက်ထဲ ထည့်သွင်းဖော်ပြခပါရေ။

ယင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ ရှိရေ တောင်သူလယ်သမားများသမဂ္ဂ၏ အဓိက လိုအပ်ချက်အဖြစ် ဖော်ပြထားရေ လယ်ထွန်စက် ၁၅ စီးနန့် သီးနှံအမြန်ရိတ်သိမ်းယာဉ် ၁၅ စီးရို့ကို ပံ့ပိုးပီးဖို့ စီစဉ်ခရေလို့ ဆိုပါရေ။

ယင်းအပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာနအနေနန့်လည်း သံရုံးနန့် သီးခြား နားလည်မှု စာချွန်လွှာတစ်ခုကို လက်မှတ် ရီးထိုးခပါသိ့ရေ။ ယင်း စာချွန်လွှာမှာလဲ သံရုံးကနိ စစ်တွေ ကွန်ပျူတာ တက္ကသိုလ်ကို ကွန်ပြူတာ အလုံး ၄၀ အပါအဝင် အခြား ဆက်စပ်ပစ္စည်းတိ့ ပီးအပ်လားဖို့လို့ ဆိုပါရေ။

အိန္ဒိယအစိုးရစွာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီစဉ်အတွက် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်းကို ကူညီထောက်ပံ့ပီးနိုင်ဖို့ နှစ်နိုင်ငံကြား သီးခြား သဘောတူညီခကတ်ပနာ ယင်း သဘောတူညီချက်အရ ရှေ့ပြေးစီမံကိန်းတစ်ရပ်ကို ဖော်ဆောင်ရဖို့ ဖြစ်ပါရေ။

ယင်းချင့်ကတော့ အသင့်နီထိုင်နိုင်ရေ နီအိမ်အလုံး ၃၅၀ ကို ပြည်နယ်မြောက်ပိုင်းအတွင်းက နီရပ်စွန့်ခွာနီကတ်ရရေလူတိ့အတွက်ပါ။

ဒေပိုင် သဘောတူညီချက်တိ့ကို ရီးထိုးခကတ်တေ လက်မှတ်ထိုးအခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုနန့် စိုက်ပျိုးရေး မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်လွင်၊ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာရို့က သက်ဆိုင်ရာ ဝန်ကြီးဌာနတိ့ ကိုယ်စား တက်ရောက်ခစွာ ဖြစ်ပနာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံဆိုင်ရာ သံရုံးဘက်ကတော့ သံအမတ်ကြီး H.E. Shri Vikram Misri က တက်ရောက်ခပါရေ။

 436 total views,  1 views today