ကိုအောင်၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတပတ်မှာတော့ ငပလီကမ်းခြေမှာ ခရုခွံချေတိ့ကို လက်ဆောင်ပစ္စည်း အလှပချေတိ့ ဖန်တီးရင်း ၀တ္ထုချေတိ့ ရီးနီရေ ငပလီသူ စာရေးဆရာမတစ်ယောက် အကြောင်း တင်ဆက်ပီးချင်ပါရေ။

ငပလီကမ်းခြေဆိုစွာ ရခိုင်ပြည်နယ်တောင်ပိုင်းက လှပရေ ကမ္ဘာကျော် ကမ်းခြေတစ်ခုပါ။ ကမ်းခြေကို လာရောက်ကတ်တေ လူတိုင်းက ကမ်းခြေက ခရုနန့် အလှဆင်ထားရေ အမှတ်တရ လက်ဆောင်ပစ္စည်းချေတိ့ကို သတိထားမိကတ်ဖို့ပါ။

ယင်းကမ်းခြေက အများပြည်သူ အပန်းဖြေရေ ဧရိယာက ဆိုင်တန်းချေတိ့မှာ ငပလီအမှတ်တရ ပစ္စည်းဆိုင်ချေ တစ်ဆိုင်ထဲ ကိုယ်တိုင်လုပ်တေ အလှဆင် ခရုပစ္စည်းချေတိ့ကို ရောင်းယင်းနန့် ဘဝသရုပ်ဖော်စာတိ့ ရီးသားနီရေ စာရေးဆရာမတစ်ယောက်ရှိပါရေ။ သူ့ ဘဝ၊ သူ့စာပေနန့် သူ့ ကမ်းခြေအကြောင်း တင်ဆက်ပီးလားဖို့ ဖြစ်ပါရေ။

သံတွဲမြို့နယ်ထဲက လက်ပံစု ရွာချေမှာ မွီးဖွားပနာ ငပလီကမ်းခြေ မဇင်ကျေးရွာမှာ ကြီးပြင်းလာခရေ စာရေးဆရာမ မေလှိုင်းဖြူက အငယ်ကတည်းကနီ စာပီကို ဝါသနာကြီးသူတစ်ယောက် ဖြစ်ခပါရေ။ ယင်းအချိန် မြို့နန့် အလှမ်းဝေးနီတုန်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းသေးတဲ့ အချိန်က စာဖတ်ဝါသနာပါရေ မမချေတစ်ယောက်အတွက် ဖတ်ခရရေ ရုပ်ပုံတိပါရေ စာအုပ်တိ့ မဂ္ဂဇင်းတိ့တော့ မဟုတ်ခပါ။

ဆရာမ မေလှိုင်းဖြူက “ အငယ်ချေကပင် စာဖတ်ဝါသနာပါရေလေ။ တစ်ခြား အချေတိ့ ကဇတ်နီကေတောင်မှ စာအုပ်တစ်အုပ်နန့် ထောင့်ချေတစ်ထောင့်မှာ၊ စာရွက်အစုတ်ချေတွီ့ကေတောင်မှ ကောက်ကောက်ဖတ်တယ်။ အကြော်ထုတ်လာရေ စာရွက်ချေဆိုလေ့ ဖတ်တယ်။ စာဖတ်စွာကို တဗျင်း စိတ်ဝင်စားရေ။ စာဖတ်နီရရေ စိတ်ချမ်းသာရေ” လို့ ပြောပါရေ။

မဇင်ရွာမှာ ပြောင်းလာပနာ ငပလီကမ်းခြေကို အမှီပြုပနာ မိသားစု စီးပွားရပ်တည်လာနိုင်ရေအခါမှာတော့ ငပလီရွာက စာအုပ်အငှားဆိုင်ချေမှာ ဖောက်သည်လုပ်ရင်း နှစ်သက်ရေ စာအုပ်တိ့လဲ ဝယ်ယူ ကလောင်သွီးနိုင်ခစွာပါ။

“ငပလီမှာ စာအုပ်ဆိုင်ရှိရေ။ အကျွန်က မဇင်က နှစ်မိုင်ကျော်ဝီးရေ။ ယင်းနှစ်မိုင်ကို စက်သီးနန့် စာအုပ်လာငှားရေ။ ယင်းမှာ ကေသီစာပေဆိုစွာ ရှိရေ။ ကိုယ်ကတော့ စာအုပ်ဆိုင် ဖောက်သည်ကြီး။ စာအုပ်အသစ် ရောက်တယ်ဆိုကေ ကိုယ့်အတွက် ချန်ထားပီးရေ။ ကိုယ်က တစ်ခါငှားကေ ငါးရက်၊ လေးရက်၊ ယင်းပိုင်ယူစွာကို။ ဇာလောက်ပဲ ဈီးကြီးကြီး၊ ကျန်ရေနီရာမှာ အသုံးလျော့ပနာ ဒေ စာအုပ်တိ့ကိုရာ အဓိက ဝယ်စုတယ်။ ဝယ်ဖတ်တေ။ ယင်းပိုင်ဗျာလ် နှစ်နှစ်ကာကာနန့် စာပီအလုပ်တိ့၊ စာရီးစာဖတ်တိ့ လုပ်ခရေ” လို့ သူက ဆက်ပြောပါရေ။

အငှားဆိုင်က စာအုပ်တိ့ ငှားဖတ်ရင်း၊ စိတ်ဝင်စားစရာဝတ္တုတို ပြိုင်ပွဲတိ့မှာ ဝင်ပြိုင်ရင်းနန့် မိန်းမပျိုတစ်ယောက်ကတော့ စာပေနယ်ထဲကို ခြီလှမ်းစမိခပါဗျာလ်။

“စာအုပ်တိ့ကို ဆိုင်ကနီ လစဉ်ထုတ်တိ့ ငှားဖတ်ရင်းနန့် ရယ်စရာ မဂ္ဂဇင်းမှာ ပြိုင်ပွဲချေတိ့ ခေါ်စွာတွီ့ရေ။ ဟာသဝတ္တုတိုပြိုင်ပွဲဆိုပနာ တွီ့ရေအခါကျတော့ ယင်းဝတ္တုတိ့ ဖတ်ရင်းဖတ်ရင်းနန့် အေပိုင်မျိုးဆို ငါလဲ ရီးနိုင်ရေ။ ငါလဲ စမ်းကြည့်ရဖို့ ဆိုပနာ ယင်းချင့်မှာ ပထမဆုံး ရီးပနာ ပြိုင်ပွဲဝင်လိုက်စွာ။” လို့ ဆရာမ မေလှိုင်းဖြူက ဆိုပါရေ။ “ယင်းမှာ ပထမဆုရရေ။ ၁၉၉၇ မှာ ယင်း ပထမဆု ရရေ ဝတ္တုနန့်ပဲ စာပေနယ်ကို ရောက်လာရေ”

အမှန်တော့ သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှာ ပထမဆုံး ရီးသားယှဉ်ပြိုင်ဖြစ်ခရေ ဝတ္ထုတိုချေကတော့ ရယ်စရာမဖြစ်ခရေ ဝတ္တုတိုချေတစ်ပုဒ်ပါ။ ပန်းကြာငုံ၏ မနက်ဖြန်လို့ အမည်ပီးထားရေ ဝတ္တုတိုချေတစ်ပုဒ်စွာ အတူတူ ကြီးပြင်းခရေ သူငယ်ချင်းမမသျှေတစ်ယောက်၏ သနားစရာ ဘဝအကြောင်း ဖြစ်နီခပါရေ။ ဆယ်နှစ်ကျော်အရွယ် မမသျှေ တစ်ယောက်က မိဘတိ့ အုန်းရည်ဆိုင်မှာ နီထိုင်ရင်း အုန်းရည်စွဲ၊ အရက်စွဲပနာ ဆင်းရဲဒုက္ခဖြစ်လားရေ အကြောင်းပါ။ ယင်းဝတ္တုအတွက် ရခရေ စာမူခ ဆုငွေ ငါးရာဆိုကေလေ့ ဂရုဏာသက်ဖို့ကောင်းရေ အဖြစ်အပျက်ကတော့ အဂုအချိန်ထိ မှတ်မှတ်ရရ ရှိနီတုန်းလို့ ဆိုပါရေ။

“ယင်းခေတ်က ငါးရာဆိုကေလေ့ အများဗျာလ်။ စာအုပ်တစ်အုပ်နန့် ဆုငွေ ငါးရာနန့်။ ဆုငွေ ငါးရာချေကို ကိုင်ပနာ သူ့ကို အကျွန်လားပီးရေ။ လားကေ သူနန့် လမ်းမှာတွီ့ရေအခါ စက်သီးထက်က ခုန်ဆင်းပနာ သူငယ်ချင်း နင့်အကြောင်း ရီးရေ ဝတ္ထုက ဆုရရေ။ ယင်းအတွက်နန့် နင့်ကို ငါ ဒေဖေ့သာ ပီးဖို့လာစွာ။ နင်စားချင်စွာ ဝယ်စား ဆိုခါ။ အေး သူငယ်ချင်း ဝမ်းသာရေ ..  ဝမ်းသာရေ ဆိုပနာ ယင်းဖေ့သာ ယူလားပြီးကေ ငါ ညဇာအတွက် ဖူလုံလားယာမနား ဆိုရေ။ ပြီးကေ အကျွန်ပီးလိုက်တေ စာမူခနန့် လားပနာ သူ အုန်းရည်အရက် သောက်တယ်လေ။ ယင်းအကြောင်းက မှတ်မှတ်သားသားပါ။”

သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှာ ပြိုင်ပွဲဝင်မိခလို့ ဆုရခရေ နောက်ပိုင်း ယမုံဇင်နာမည်နန့် သောင်းပြောင်းထွေလာ ရီစရာ၊ သောကြာ၊ ပျော်ပျော်ရွှင်ရွှင်၊ ရယ်စရာရသစုံမဂ္ဂဇင်းတိ့မှာ ရီးရင်း ပြိုင်ပွဲတိ့မှာ ဝင်ပြိုင်ရင်း လက်တွေ့လာရေအခါမှာတော့ ရွှေအမြူတေ မဂ္ဂဇင်း ရွှေအသစ်ကဏ္ဍမှာ ပါဝင်ယှဉ်ပြိုင်ချင်လို့ ကလောင်နာမည်အသစ်တစ်ခုကို ပြောင်းဖြစ်ခရေလို့ ဆိုပါရေ။ ယင်းပိုင်နန့် မေလှိုင်းဖြူဆိုပနာ ကလောင်သစ်တစ်ခု ရှင်သန်ခွင့် ရခပါဗျာလ်။

“ဆင်တူယိုးမှား ကလောင်ချေတိ့လဲ များနီရေ။ ပြီးကေ ဟာသကို ကလောင်တစ်ခုနန့် ရီးဖို့။ ရသကို ကလောင်တစ်ခုနန့် ရီးဖို့ ဆိုပြီးကေ စဉ်းစားလိုက်တယ်။ ရွှေအမြူတေ ပို့ဖို့အတွက် စဉ်းစားရေအခါ အကျွန်က ကမ်းခြေမှာလဲနီရေ။ လှိုင်းတိ့ကိုလဲ ချစ်တယ်။ ပြီးကေ ဖြူဖြူစင်စင်လဲ ဖြစ်ချင်ရေ ဆိုပနာ မေလှိုင်းဖြူလို့ ကိုယ့်ကလောင်ကို ရွီးလိုက်ပနာ ရသစာပေကို မေလှိုင်းဖြူနန့်ရာ ရီးရေ။” လို့လည်း ဆရာမ မေလှိုင်းဖြူက ပြောပါရေ။

မေလှိုင်းဖြူဆိုရေ ကလောင်သစ်တစ်ခုကို ဖန်တီးနိုင်ခရေ စမူကတော့ ချစ်သူတို့ရဲ့ မောင်းထောင်းပွဲ နာမည်နန့် ဝတ္တုတိုဖြစ်ခပနာ ရွှေအမြူတေ မဂ္ဂဇင်း ရွှေအသစ်ကဏ္ဍမှာ ရွီးချယ်ခံခရစွာပါ။

“မြေပုံမြို့နယ်မှာ ကျောင်းဆရာမလုပ်တေအခါ ယင်းရွာမှာ တော့ဓလေချေတိ့ ရှိရေ။ သူရို့ဘားရောက်မှ တွီ့ဖူးစွာလေ။ ညသားဆိုကေ ယောင်္ကျားတိ့က မမသျှေတိ့ကို အောက်ကနီပနာ တုတ်နန့်ထိုးပနာ ရွာလည်ရေလေ။ ယင်းအကြောင်းအရာကို အခြေခံပနာ သူရို့မှာ တန်ဆောင်မုန်း လပြည့်ကျလိုံရှိကေ ချစ်သူတို့ မောင်းထောင်းတာ၊ ဆုံတစ်ခုမှာ ယောင်္ကျားက ကျည်ပွေ့တစ်ချောင်း၊ မမသျှေက ကျည်ပွေ့တစ်ချောင်းနန့် မောင်းထောင်းတာ၊ အကျွန်က ယင်းရွာမှာ ကျောင်းဆရာမ ငါးနှစ်လုပ်ခရေအခါ ယင်းအကြောင်းတိ့ကို နှစ်သက်ရေ။ အကျွန် ရွှေမှာ ရီးဖို့လို့ စိတ်ကူးရေအခါ ယင်းအကြောင်းကို သဘောကျပနာ ချစ်သူတို့ရဲ့ မောင်းထောင်းပွဲ ဆိုပနာ ဇာတ်လမ်းဆင်လို့ အကျွန် ရီးလိုက်တယ်။ ဒေသအကြောင်းအရာဖြစ်တေအတွက် ဦးဝင်းငြိမ်းက သဘောကျပနာ ရွီးချယ်လိုက်တယ်။” လို့ သူက ဆက်ပြောပါရေ။

၁၉၉၇ ခုနှစ်က စပနာ ရသစာပေတိ့ ရီးသားခစွာ ၂၀၁၈ ခုနှစ်အထိ ဝတ္တုအပုဒ်ရေ တစ်ရာကျော်နန့် ဝတ္တုတိုပေါင်းချုပ် စာအုပ် ၂ အုပ် ထုတ်ဝေခပနာ ကမ်းခြေပုံပြင်စာအုပ်ကတော့ နှစ်ကြိမ်ပြန်ရိုက်ခရပါရေ။ ပတ္တမြား FM ရေဒီယိုကလဲ ဆရာမ ဝတ္တုတို သုံးပုဒ်ကို အသံလွှင့်ခရေပိုင် ၂၀၁၈ ခုနှစ်မှာ ရခိုင်ပြည်နယ်ထဲမှာ အမြင့်ဆုံးလို့ ဆိုနိုင်ရေ တန်ခိုးဆရာထွန်းစာပေဆုကိုလဲ ရရှိခပါရေ။

“ကိုယ့်ကိုယ်ကို စာပေသမားတစ်ယောက် ဖြစ်လာဖို့လို့ မထင်မိခ။ ပြိုင်ပွဲဆိုခါ ငါလဲ ရီးနိုင်စွာပဲ ဆိုပနာ ပြိုင်ကြည့်လိုက်စွာ။ ပြိုင်ပြီးရေခါလဲ ပျော်ရေ။ ယင်းကြားထဲမှာ ဆက်တိုက် စာရေးထားစွာတိ့လဲ မဟုတ်။ လေးငါးနှစ်ခြား မရီးဘဲ နီဖြစ်လားသိ့ရေ။ ပြတ်လားရေပေါ့။ စီးပွားရေးကိစ္စတိ့လဲ ရှိစွာကို။ ရုန်းကန်နီရရေ အခြေအနေမျိုးကျကေ စာရီးစွနြန့်လဲ အဆက်သွယ်ပြတ်လားစွာ ရှိရေလေ။ စာပေသမားတစ်ယောက်ဖြစ်လာဖို့တော့ မထင်ထားမိ။ ပျော်တော့ ပျော်ရေ။ ရီးချင်စွာတိ့ကို ရီးလိုက်ရရေ။ ပို့ချင်ရေနေရာတိ့ကို ပို့လိုက်နန့် ကျော်ဖြတ်လာစွာ။ ကိုယ်စွာကိုတောင် မိန်းဖြစ်တော မကြာမကြာ။ ငါစာပီသမားတစ်ယောက် ဟုတ်လို့လား။ လမ်းကြုံလို့ ဝင်ထိုင်နီစွာများလား ဆိုပနာ။ အခုမှ ဒေနှစ်တိ့ထဲမှာ ငါစွာ စာပေသမားပါလား ဆိုပနာ ကိုယ့်ကို ကိုယ် နဲနဲ ယုံကြည်ရဲလာရေပေါ့။ အရင်ကတော့ ကိုယ့်ကိုကိုယ် မယုံကြည်ရဲ။” လို့ ဆရာမ မေလှိုင်းဖြူက ပြောပါရေ။

မဂ္ဂဇင်းတိ့မှာ ဝတ္တုတိုတိ့ ရီးသားနီရင်းက ရခိုင်ပြည်ထုတ် မဂ္ဂဇင်းတိ့နန့်လည်း အဆက်အသွယ်ဖြစ်လာခပြီးရေနောက် ဒေသတွင်း ထုတ်ဝေနီရေ မဂ္ဂဇင်းတိ့မှာလဲ ပါဝင်အားဖြည့် ရီးသားဖြစ်ခရေလို့ ဆိုပါရေ။

“ဆက်သွယ်ရေးတိ့ကလေ ပြတ်တဲ့အခါလေ။ ပပွင့်လလင်းပြောရကေ အငှားဆိုင်မှာ တင်ထားရေ စာအုပ်တိ့လောက်ရာ ဖတ်ရရေ။ အငှားဆိုင်မှာ တင်ထားစွာက ပြည်မက စာအုပ်တိ့များရေ။. ယင်းပိုင်များခါ ပြည်မက စာအုပ်တိ့နန့်ရာ ဖတ်ပနာ ကြီးပြင်းလာစွာလေ။ ကိုယ့်ရခိုင်မှာ မဂ္ဂဇင်းတိ့ ထွက်မှန်းကိုလဲ မသိရ။ ဖတ်လဲ မဖတ်ရ။ အကျွန်ရို့မှာလဲ ဒွါရာဝတီမဂ္ဂဇင်းဆိုပနာ လုပ်ရေအခါကျမှ ရခိုင်ဘက်နန့် ကိုယ့်ဘက်နန့် အဆက်အသွယ်ဖြစ်ပနာ သူရို့ဘားကလဲ မဂ္ဂဇင်းတိ့ ထွက်စွာကို သိလာရရေ။ သိရေအချိန်မှာ ကိုယ့်ကို အားပီးကတ်ပါရေ။ မဂ္ဂဇင်းထွက်နီရေ။ သူရို့ဘားသို့ စာမူတိ့ ပို့ပီးပါ။ ယင်းပိုင်ပြောကတ်တေအခါ သြော် ကိုယ့်မှာလဲ ဒေပိုင်စာအုပ်တိ့ မဂ္ဂဇင်းတိ့ ရှိစွာပဲ။ ရှိကေ ပို့ရဖို့ ဆိုပနာ ရခိုင်မဂ္ဂဇင်း၊ ရခိုင်ပြည်နယ် မဂ္ဂဇင်း. . ..  သူကတော့ ရပ်လားဗျာလ်လေ။ မာန်အောင်မဂ္ဂဇင်း၊ အဂုဆိုကေ မင်းပြား နှစ် ၁၅၀ ပြည့် မဂ္ဂဇင်း၊ သံတွဲက လမ်းပြကြယ်၊ ဒွါရာဝတီ အခုနောက်ပိုင်းလည်း ဒေသမဂ္ဂဇင်းတိ့က ထွက်သမျှတော့ စာမူတောင်းရေ။ နိုင်သလောက် ရီးပီးရေ။ လွတ်လားရေ မဂ္ဂဇင်းတိ့လဲ ရှိရေ။” လို့ ဆိုပါရေ။

နောက်ပိုင်းမှာတော့ မေလှိုင်းဖြူဆိုရေ ကလောင်နာမည်နောက်မှာ ငပလီ လှိုင်းလုံးချေတိ့ ပင်လယ် ရနံ့ရို့က အတူတွဲဖက် သင်းပျံ့လာခရေ။ ငပလီကမ်းခြေ အခြေခံ ဘဝသရုပ်ဖော်ဝတ္တုတိ့ကို သဘောကျ လက်ခံသူတိ့ များလာရေအတွက် ကမ်းခြေပုံပြင်နှင့် လွမ်းငွေ့ဝေစီ စာအုပ်နှစ်အုပ်ကို ထုတ်ဝေနိုင်ခရေ။

“ကိုယ့်ဒေသဆိုခါ  ကိုယ်ချစ်တယ်။ အရင်ကဆိုကေ ငပလီအကြောင်းအရာတိ့ ရီးရေ စာရီးဆရာတိ့ ရသ စာရီးဆရာတိ့ ရှိရေလေ။ ဆရာအောင်သာမိုး။ ဆရာမောင်လွန်းကြင်၊ ကိုယ့်ဘားက ဆရာတိ့လေ။ ဆရာ တင်မြင့်ဦးရို့။ နောက်ပိုင်း ဆရာ မောင်လွန်းကြင်ရို့လဲ မရှိဗျာလ်။ သီလားရေ။ ဆရာအောင်သာမိုးရို့ နာမည်ကြီး ဆရာတိ့ပ။ သူရို့လဲ သီလားကတ်တေ။ ဆရာတင်မြင့်ဦးရို့ ဆိုကေလေ့ အရီးနည်းလားရေ။ ဆိုခါ ကိုယ့် ငပလီအကြောင်းကို ရီးရေ စာရေးဆရာ မရှိသလောက်ဖြစ်လားရေ။ ယင်းကြောင့် ကိုယ်က ပိုပနာ ကြိုးစားရီးရေ။ ကိုယ့်ထက် တော်ရေလူတိ့က ဒေအကြောင်းကို ရီးဖို့ဆိုကေ ငပလီက ဒေချင့်ထက်တောင်မှ ဝတ္တုချေတိ့ ကြွရွပနာ လှနီဖို့။ ယင်းမျိုး ရီးပီးလူတိ့လဲ ပေါ်ပေါက်စီချင်ရေ။ အခုက ကိုယ်တတ်တေ အတတ်ပညာလောက်နန့်ရာ နိုင်သလောက် ဖော်ထုတ် ရီးနီရစွာပါ။” လို့ သူက ဆက်ပြောပါရေ။

ပြောရဖို့ဆိုကေ ဝါသနာအရ စာပီတိ့ကို ရီးသားနီကေလေ့ စားဝတ်နီရေး ရုန်းကန်ရင်း ရီးသားရစွာဖြစ်လို့ စာရီးချိန် ရဖို့လဲ ခက်ခက်ခဲခဲ ဖန်တီးရယူခရပါရေ။ ခရုခွံတိ့ကို အမှတ်တရ ရောင်းကုန် ပစ္စည်းတိ့ဖြစ်ဖို့ ဖန်တီးနီရင်းကပဲ မဂ္ဂဇင်း စာမူဖောင်ပိတ်ချိန် မတိုင်ခင် အရောက်ပို့နိုင်ဖို့ ကြိုးစားရင်း တစ်ချို့အရာတိ့ ပီးဆပ်ခရစွာပါ။

“ အကျွန်ရို့် လုပ်စွာက ငပလီကမ်းခြေက ခရုလုပ်ငန်းတိ့၊ အဓိကလုပ်နီရရေအတွက် ပစ္စည်းတိ့က အော်ဒါ ဝင်နီရေ။ သုံးသိန်းဖိုး ဇာနှစ်ရက်နန့် အပြီး။ ယင်းပိုင်မျိုးဆိုခါ ဒေဘက်ကလဲ ဝတ္တုက ဇာနှစ်ရက်နန့် အပြီး တောင်းထားရေ။ ဖောင်ပိတ်ဖို့ဗျာလ် ဆရာမဝတ္တုကို စောင့်နီရေ။ တစ်ပတ်ရာ လိုဗျာလ်ဆိုကေ ယင်းခရု သုံးသိန်းဖိုးကို မလုပ်ဘဲ လက်လွှတ်လိုက်တယ်။ ယင်းအခါကျကေ ကိုယ့်အေးမရို့က ပြောရေပေါ့ ပူညံပူညံ။ တစ်ခါတစ်ခါကျကေ ကိုယ်က စာတိ့ဘာတိ့ ရီးနီတုန်း အမလာလို့ရှိကေ စာရွက်တိ့ကို ဝှက်ထားပလိုက်ရစွာရို့လေ့ ရှိရေ။ တစ်ခါတစ်ခါ အခုအချိန်ထိ ယင်းပိုင် လုပ်နီရရေ။” လို့ မေလှိုင်းဖြူက ပြောပါရေ။

ယင်းအတွက် ကိုယ်တိုင်ဖန်တီးခရေ ခရုတိ့အကြောင်း၊ ကိုယ်တိုင် မမြတ်နနိုး ရှင်သန်နီခရေ ကမ်းခြေ ပတ်ဝန်းကျင်အကြောင်း၊ ကိုယ့်ဒေသက လူတိ့အကြောင်းတိ့ကို ဇာတ်လမ်းဆင် ရီးသားရင်း ပရိသတ်ဘားက တုံ့ပြန်မှုနန့် ပီတီဖြစ်ရစွာလဲ ရှိရေ။

“ကိုယ်ရီးရေအတွက်ကြောင့်လဲ ကိုယ့်ဝတ္တု ဖတ်တေလူတိ့ အနယ်နယ်အရပ်ရပ်က လူတိ့က စာတိ့ပို့ကတ်တယ်။ ဆရာမ ဝတ္တုတိ့ ဖတ်ပနာ စိတ်ဝင်စားရေ။ ငပလီကို လာချင်ရေ။ ငပလီကို လာလို့ရှိကေ ရသူမ၊ မောင်တော်ကျောက်၊ ကိုယ်ရေးထားတဲ့အကြောင်းအရာတိ့ သူရို့ သိတယ်လေ။ သိရေအခါ ကိုယ့်ကို အမြဲတမ်း စာပို့ပနာ ပြောရေအခါ ကြည်နူးရရေ” လို့ ဆိုပါရေ။

ယင်းပိုင်ဗျာလ် စာရီးလူတစ်ယောက်အတွက် မဖြစ်မနီ ရရှိဖို့ အကောင်းအဆိုး ဝေဖန်မှုတိ့ကလဲ စာကောင်းတိ့ ဖြစ်လာဖို့ အရည်အသွေးတိုးတက်လာဖို့ တွန်းအားတစ်ခု ဖြစ်ခရေလို့ ဆိုပါရေ။

ဆရာမ မေလှိုင်းဖြူက “ ဝတ္တုတစ်ပုဒ် စာတစ်ပုဒ် ဖတ်ပြီးကေလေ့ ပရိသတ်ကတော့ သူ့အမြင်နန့်သူ ဝေဖန်ဖို့စွာယာ။ ဝေဖန်မှုကိုလည်း အကျွန်ရို့က ကြိုဆိုရဖို့။ ဝေဖန်ရေဆိုကတည်းက ကိုယ့်ဝတ္တုကို သူ အမှန်ဖတ်လို့၊ စိတ်ဝင်စားလို့ ဝေဖန်စွာ။ တစ်ချို့ကတော့ စာအုပ်ကို ဝယ်စွာဖြစ်ဖြစ်၊ လက်ဆောင်ရစွာဖြစ်ဖြစ်၊ ရပြီးကေ အမှန်မဖတ်လူတိ့ အများကြီး။ အနည်းဆုံးတော့  ဝေဖန်ရေဆိုရေလူက အစအဆုံးဖတ်ထားယာ။ ဖတ်ထားလို့ ဝေဖန်ရဲစွာ။ ယင်းကြောင့် ဇာဖြစ်ဖြစ် သူက စာတစ်ပုဒ်ကို  အစအဆုံးဖတ်ပါလားဆိုပနာ ကြိုဆိုရဖို့။ ဝေဖန်သူတိ့ကိုလဲ အကျွန်ရို့က ချစ်ရဖို့။ အပြစ်ပြောလို့မရလေ။” လို့ ပြောပါရေ။

ငပလီကမ်းခြေ၊ ခရုခွံချေတိ့၊ ငပလီက လူတိ့၏ နီထိုင်မှုစရိုက်တိ့၊ မိသားစုနန့် စီးပွားရေး အလုပ်အကိုင်တိ့ ကြားထဲမှာ ရသစာပေတိ့ ရီးသားနီရကေလေ့ ဒေထက်ပိုရေ အကြောင်းအရာတိ့၊ ခံစားချက်တိ့ ဘဝသရုပ်ဖော်တိ့ ရီးသားနိုင်ဖို့ အိပ်မက်တော့ ရှိနီဆဲပါ။ ငပလီက မေလှိုင်းဖြူ ဘဝသရုပ်ဖော်စာတိ့ ဆက်ရီးနီဖို့သိ့ပါ။

“နောက်ပိုင်းကျကေတော့ အကျွန်လဲ ချင်းပြည်နယ်ရို့ ဘာရို့ လေ့လာရေးခရီးထွက်ပနာ ကျန်ရေ ပြည်နယ်တိ့အကြောင်းလဲ ရီးဖို့လို့ အားခဲထားပါရေ။ လုပ်လဲလုပ်ရဖို့ပါ” လို့ ဆရာမ မေလှိုင်းဖြူက ပြောပါရေ။

 659 total views,  1 views today