ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

အေတစ်ပတ်မှာတော့ ရခိုင်ပြည်နယ်ထဲက ခမီလူမျိုးရို့ ရိုးရာဝတ်စုံနန့် အဆင်တန်ဆာတိ့အကြောင်း တင်ဆက်ပီးလားဖို့ ဖြစ်ပါရေ။

သူရို့ ဝတ်စုံတိ့မှာ ပုံဖော်ရေ ပန်းတိ့ အရောင်တိ့စွာ ဇာပိုင် ထူးခြားချက်တိ့ ပါလဲ။ သူရို့တိ့ ဘဇောင် ဝတ်စားဆင်ယင်ကတ်လဲ၊ အရင်ခေတ်က ဝတ်စုံတိ့နန့် အခုခေတ် ဝတ်စုံ အဆင်တန်ဆာတိ့ ဇာပိုင်ကွာခြားချက် ရှိလာခဲ ဆိုရေ အရာတိ့ကို မြောက်ဦးမြို့နန့် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ခမီတိုင်းရင်းသားတိ့နန့် တွီ့ဆုံ မိန်းမြန်းထားစွာတိ့ ဖြစ်ပါရေ။

ခမီ တိုင်းရင်းသားတိ့စွာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အများဆုံး နီထိုင်ကတ်ပနာ အများစုကတော့ တောင်တန်းဒေသရို့မှာ တောင်ယာလုပ်ငန်းနန့် အသက်မွီးကပ်ပါရေ။ ရခိုင်ပြည်နယ်ထဲမှာ အရင်ခေတ်က နီထိုင်လာရေ လူမျိုးဖြစ်ပနာ ကိုယ်ပိုင်ယဉ်ကျေးမှုနန့် ရပ်တည်နီနိုင်ရေ တိုင်းရင်းသားတိ့လဲ ဖြစ်ကတ်ပါရေ။ ခမီတိုင်းရင်းသားတိ့စွာ အမျိုးသား အမျိုးသမီး ရိုးရာဝတ်စုံ အဆင်တန်ဆာတိ့ကို ကိုယ်တိုင်ရက်လုပ်ပနာ မြတ်မြတ်နိုးနိုး ဝတ်ဆင်ပနာ ဂုဏ်ယူလေ့ရှိပါရေ။

ခမီတိုင်းရင်းသား နီအိမ်တိုင်းလိုလိုမှာ လက်ရက်ကန်း ဆောင်ထားလေ့ ရှိပနာ အမျိုးသမီးတိ့က ကိုယ့်စိတ်ကူး စိတ်သန်းအတိုင်း ပန်းကွက်တိ့ အရောင်တိ့ ပုံဖော်ရက်လုပ်တတ်ကတ်ပါရေ။

ကိုအင်္ဂါအောင်က ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး တက်ကြွလှုပ်ရှားသူတစ်ယောက်ပါ။ ခမီလူမျိုးရို့၏ ဂီတ၊ အနုပညာနန့် ရိုးရာဓလေ့ရို့ကို စောင့်ရှောက်ဖို့ ဦးဆောင်သူတစ်ယောက်လဲ ဖြစ်ပါရေ။

ခမီလူမျိုးရို့ ဝတ်စုံအကြောင်း သူက အခုပိုင်ပြောပြပါရေ။

“ကျွန်တော်ရို့မှာ အမျိုးသား အမျိုးသမီးဝတ်စုံဆိုစွာ ဟိ့ပါရေ။ အရင်ကဆိုကေ တောတောင်ထွက်တေ ဝါဂွမ်းကို သီးသန့်ချည်မျှင်လုပ်ပနာ ဝတ်စုံဝတ်ကတ်ပါရေ။ မိန်းမဝတ်စုံရှိရေ၊ ယောင်္ကျားဝတ်စုံရှိရေ။ သူ့အရွယ်အလိုက် ယောင်္ကျားက ဇာပိုင်ဝတ်ရလဲ။ မိန်းမက ဇာပိုင်ဝတ်ရလဲ ခွဲခြားထားပါရေ။ ယောင်္ကျားမှာ ပါတရီလို့ ခေါ်ရေ ၇ တောင်လောက်ရှိရေ အဝတ်။ ယင်းမျိုးရှိခပါရေ။ နောက်ပိုင်းမှာတော့ ခေတ်နန့် လျော်ညီအောင် ဘောင်းဘီဝတ်တေ။ ဒယောဝတ်စွာလဲ ရှိပါရေ။”

ရက်လုပ်တေအခါမှာ ရိုးရာ ဒဏ္ဍာရီပုံပြင်တိ့၊ ထင်ရှားရေ အမှတ်အသားတိ့ဖြစ်တေ ရာသီပန်းတိ့၊ အမြတ်တနိုးထားလေ့ ရှိရေ သဇင်ပန်းတိ့ကို ပုံဖော်ရက်လုပ်ကတ်ပါရေ။

“ရာဇဝင်နန့် ဖော်ဆောင်ထားစွာတိ့လဲ ရှိပါရေ။ သဇင်ပန်းဆို ရခိုင်ပြည်နယ် အတိုင်းအတာနန့် ရခိုင်ဖြစ်ဖြစ်၊ ခမီဖြစ်ဖြစ်၊ မြိုဖြစ်ဖြစ် သဇင်ပန်းကို အသုံးများကတ်ပါရေ။ သဇင် ခက်ကီ၊ ခက်ကီပါး ဆို သဇင်ပန်းလို့ ခေါ်ပါရေ။ ယင်းချင့်ကို ဖော်ဆောင်ရေအနေန့် အကျီတိ့၊ ထဘီတိ့၊ နောက် ခေါင်းမှာ ပန်ရေ ပန်းကအစ။ ကျွန်တော်ရို့ ခမီလူမျိုးတိ့မှာ နီနန့်လဗျာလ်။ ကနီယို ခါ့ယို ယင်းပိုင် ရည်ညွှန်း ရက်လုပ်ကတ်စွာတိ့လဲ ရှိရေ” လို့ ကိုအင်္ဂါအောင်က ဆက်ပြောပါရေ။

ခမီလူမျိုး မိသားစုတိုင်းမှာ ကိုယ်တိုင်ဝတ်ဆင်ဖို့ အဝတ်အစားတိ့ကို ကိုယ်တိုင်စိုက်ပျိုးရ ဝါက ချည်မျှင်ထုတ်ယူပနာ ကိုယ်တိုင် ရက်လုပ်ကတ်တေလို့ မြောက်ဦးမြို့နယ် ဂျင်ချေရွာက အသက် ၇၀ ကျော်အရွယ် ဒေါ်မလှဖြူက ပြောပါရေ။

“ဝါကို ကြိတ်ဖို့ ပြီးမှ နီပူလှမ်းရပါရေ။ နေပူလှန်းပနာ ခါရရေ။ ရရေ အမှုန့်ကို လုံးရရ။ ပြီးမှ ဂျင်နန့် မွီ့ပနာ ခြည်ခင်လုပ်တယ်။ ရရေ ခြည်ကို ဆန်ကြိုထားရေ အရည်ထဲမှာ နှစ်ရရေ။ ပြီးကေ နီပူလှန်းရရေ။ ပြီးမှ ကြိုးကို ခြည်လုံးလုံးရရေ။”

ခြည်ရကေလေ့သင့် လိုချင်ရေ အရောင်ရဖို့အတွက်ကတော့ သစ်ခေါက်တိ့ကို အမှုန့်လုပ်ပနာ ကြိုချက်တေ အရည်ထဲမှာ ထည့်ပနာ ဆီးဆိုးရရေ။ ခမီလူမျိုးတိ့ကတော့ လမုပင်နန့် ပင်လယ်ဇီးပင်က အခေါက်တိ့ကို ခြည်ဆီးဆိုးဖို့ သုံးကတ်တယ်လို့ ပြောပါရေ။ ဆီးဆိုးပြီးရေအခါမှာတော့ ရက်လုပ်နိုင်ရေ အမည်းရောင် ခြည်ခင်တိ့ကို အောက်ခံအရောင်အဖြစ် သုံးပနာ တခြားအရောင်တိ့ အဆင်တိ့ ရဖို့အတွက်ကတော့ နိုင်ငံခြားက ရောင်စုံခြည်ကို ဝယ်ပနာ သုံးကတ်ရရေလို့ ပြောပါရေ။ ခြည်ခင်တိ့ ပြင်ဆင်ပြီးရေအခါမှာ တစ်ရောင်တစ်မျိုးစီ ရစ်လုံးနန့် ထည့်ပနာ လက်နှစ်ဖက်နန့် ရက်ဖို့အတွက် ပြင်ဆင်ရပါရေ။

“ရက်ကန်းရက်စွာမှာ သစ်သားနန့် လုပ်တေ လက်မ၊ ဝါးလုံး၊ ဝါးလုံးအငယ်ချေတိ့နန့် အထက်ခြည် အောက်ခြည်လုံးဖို့အတွက် သုံးပါရေ။ ခေါက်ပနာ ရက်ရရေ။ ကိုယ့်မှာ ရစွာက ခြည်အမည်းတိ့၊ အရင်ကဆိုကေ အင်္ဂလိပ်ခြည်ဆိုစွာ စစ်တွေမှာ ဝယ်လို့ရရေ။ အရောင်စုံ။ ယင်းချင့်ကို ဝယ်ပနာ ဂျင်နန့် လိပ်ရရေ။ ဂျင်နန့် ကျစ်ပနာ ရက်လို့ရရေ။ အခုခေတ် အချေတိ့က အရင်ကပိုင် မတတ်ကတ်ရာ။ အခုခြည်တိ့က ပွရေ။ ရက်ကေ ထဘီဝတ်လို့ မရဗျာလ်။ ခြုံစောင်ရာ ရက်လို့ရရေ။” လို့ ဒေါ်မလှဖြူက ဆိုပါရေ။

လက်နှစ်ဖက်နန့်ရာ ရက်လုပ်ကတ်စွာ ဖြစ်တေအတွက် ဝတ်စုံတစ်စုံစာ ပြီးမြောက်ဖို့အတွက် အနည်းဆုံး ဆယ့်ငါးရက်က တစ်လလောက်အထိ အချိန်ယူကတ်ရပါရေ။ သုံးစွဲရေ ခြည်အမျိုးအစားနန့် အလီးချိန်အပေါ် မူတည်ပနာ ဝတ်စုံ တန်ဖိုးကလဲ မြင့်မလားလာပါရေ။ အိမ်မှာ ကိုယ်တိုင်ရက်လုပ်နီရေ မသန္တာအေးက အခုပိုင်ပဲ ရှင်းပြထားပါရေ။

“ပုဝါတစ်ထည်ကို တစ်သောင်းခွဲပါ။ စီလွန်ခြည်နန့် ရက်ရပါရေ။ လခွဲ တစ်လလောက် ရက်ရရေ။ အကျီ င်္တိ့ဆိုကေလေ့ တစ်ခါရက်ကေ နှစ်ထည်စာ ပါရေ။ ယင်းချင့်လဲ လခွဲတစ်လလောက် ရက်ရပါရေ။ ယင်းချင့်လဲ ခုနှစ်ထောင် ရှစ်ထောင်ပီးရရေ။ တစ်ပေကို နှစ်သောင်းခွဲ တစ်သောင်းခွဲ ယင်းပိုင် တောင်းကတ်တေ။ သုံးရေ ခြည်ကို လိုက်ပနာပယေ။ ခြည်ကောင်းကေ ကောင်းသလောက် ဈီးကြီးရေ။ ခုနှစ်သောင်း ရှစ်သောင်းလောက်ထိ ပေါက်တယ်။ မိန်းမဝတ်စုံကတော့ ဈီးပိုများရေပေါ့။ ယောင်္ကျားက အကျီ င်္တစ်ခုတည်း။ မိန်းမဈီးလောက်မများ။ တစ်သောင်းခွဲလောက်ဆို ဝတ်လို့ရရေ။ မိန်းမမှာဆိုကေ ငါးသောင်းခြောက်သောင်း အနည်းဆုံး။ ယင်းချင့်တောင် ရိုးရိုးခြည်နန့်ရာ ရက်စွာ။ အကောင်းစား ခြည်နန့် ဆိုကေ ခုနှစ်သောင်း ရှစ်သောင်းလောက် ပေါက်တေ။”

ခမီအမျိုးသမီးတိ့စွာ ငွေထည်အဆင်တန်ဆာနန့် ချည်သားဝတ်စုံကို တွဲဖက်ပနာ ဝတ်ဆင်ကတ်ရရေ။ အမျိုးသမီးတိ့၏ ဝတ်စား ဆင်ယင်မှုကို ကိုအင်္ဂါအောင်က အခုပိုင် ရှင်းပြထားပါရေ။

“အမျိုးသမီးဝတ်စုံအကြောင်း ပြောရကေ ကျွန်တော်တို့ ခမီတိ့က ငွီကို ဝတ်ဆင်လေ့ ရှိပါရေ။ ဆွဲကြိုးကတော့ ငွီဒင်္ဂါပြားပေါ့။ အခုကတော့ ငွီဒင်္ဂါပြားတိ့ ရှားလားဗျာလ်။ ယေလေ့သင့် အရေးကြီးရေ ပွဲလမ်းတိ့မှာဆိုကေ ဝတ်ကတ်ပါသိ့ရေ။ ဆွဲကြိုးအရှည်က အမျိုးသမီး ချက်နီရာလောက်အထိ ဝတ်ကတ်တေ။ ငွီပြားတိ့ ကြားမှာ ရီစာမီ ခေါ်ရေ ကြိုးနန့် သီလို့ရရေ ပုံစံ ဝတ်ကတ်တေ။ အကျီ င်္ကတော့ ပုခုံးတစ်ဖက်ရာ စလွယ်သိုင်းဝတ်ကတ်တေ။ ဘယ်ဘက်က အဓိကထား ဝတ်တေ။ လုံလုံခြုံခြုံဖြစ်အောင် ခြုံပုဝါကို ခြုံထည်အနေနန့် ခြုံလေ့ ရှိရေ။ ခါးပတ်ကတော့ ငွေကြိုးကို ၂၄ ပင် ၂၅ ပင် ၃၀ အထိ ဝတ်လေ့ ရှိရေ။ ထဘီကျကေ ကွင်းလိုက် မဟုတ်ဘဲ တစ်ဖက်ကို သိမ်းပနာ ဝတ်ကတ်တေ။ ဒူးအောက်အဆင့်ထိ ရှိရေ။”

ဒေပိုင် ဝတ်ဆင်ရေ နီရာမှာလည်း ရာသီအလိုက် ဝတ်စုံကို ရာသီပန်းပွင့်တိ့နန့် ပုံဖော်ရက်လုပ်ပနာ ဝတ်ဆင်ကတ်တေလို့ ဆိုပါရေ။

“ပန်းဆိုစွာက သဇင်ပန်း၊  ကံ့ကော်ပန်း၊ စကြာ၊ ရှေးရာဇ၀င်နန့် အညီ ပန်းတိ့ကို ဖော်ဆောင်တတ်ပါရေ။ နွီခါသား ဝတ်ဖို့အဝတ်အစား၊ နွီခါ ဇာနန့်လိုက်ဖက်ရေ။ မိုးခါသား ဇာနန့်လိုက်လေ ယင်းပိုင်။ ဝတ်စားဆင်ယင်မှုတိ့ပါ ပန်းတိ့ပါ ပြောင်းလဲလားစွာကို တစ်ချို့နီရာတိ့မှာ မြင်တွီ့နီရသိ့ရေ။” လို့ ကိုအင်္ဂါအောင်က ပြောပါရေ။

ခမီတိုင်းရင်းသားရို့ ဝတ်စားဆင်ယင်မှုတိ့ကို အခုကာလမှာတော့ ရိုးရာ ပွဲသဘင်တိ့နန့် အခမ်းအနားတစ်ချို့မှာရာ ဝတ်ဆင်ကတ်စွာကို တွီ့မြင်နိုင်ရာလို့လည်း သိရပါရေ။

“ရိုးရာ ပွဲလမ်းသဘင်တိ့၊ အထိမ်းအမှတ်တိ့၊ ကောက်သစ်စားပွဲ၊ အိမ်သစ်တက်ပွဲ စရေ ပွဲလမ်းတိ့မှာ ဒေအဝတ်အစားတိ့ကို အခုထက်ထိ ဝတ်ဆင်နီကတ်တုန်းဆိုစွာကိုတော့ မြင်ရပါသိ့ရေ။” လို့ ကိုအင်္ဂါအောင်က ပြောပါရေ။

အခုပိုင် ဝတ်ဆင်မှု နည်းပါးလာစွာတိ့ ရိုးရာဝတ်စုံတိ့၏ တန်ဖိုးကြီးမြင့်စွာတိ့အပြင် ရရှိဖို့ ခက်ခဲလာရေအတွက် ရိုးရာ ပွဲလမ်းတိ့မှာရာ တန်ဖိုးထားပနာ အလီးအနက် ဝတ်ဆင်ကတ်စွာလို့ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှာ နီထိုင်ရေ မာမာအေးက ပြောပါရေ။

“၀တ်တော့ ၀တ်ဖြစ်တယ်။ ယေလေ့သင့် ယင်းချင့် ဝတ်ကေ မလုံခြုံပိုင်ထင်ရေ။ ဝတ်ရစွာတော့ ပျော်ရေ။ တစ်ခါတစ်လီ ဝတ်ရစွာ လူတိ့အလယ်မှာ ဝတ်ပြရစွာတော့ ကိုယ့်ခမီဂုဏ်ကို ဖော်ရေပိုင်ဖြစ်လို့ ပီတိလဲ ဖြစ်ရရေ။”

ရိုးရာ ရက်ကန်းပညာကို မိန်းမချေတိ့ကရာ တတ်မြောက်ကတ်ပနာ အမိတိ့၊ အဘောင်မသယ်ရို့က မြီးမြစ်တိ့ကို လက်ဆင့်ကမ်း သင်ပီးကတ်စွာပါ။

“ ဒေပညာက အဆက်ဆက် လက်ဆင့်ကမ်းလာစွာ။ အဘောင်မရို့ သင်ပီးရေ။ ငါ့မှာ တတ်တေအတွက် ငါ့သမီးကို သင်ပီးရေ။ ဒေပန်းကို ကျကေ ခြည်နှစ်ပင်ကို အထက်ကတင်။ သုံးပင်ကို အောက်ကညှပ်။ ယင်းပိုင် စနစ်တကျ လုပ်ပြရရေ။ လုပ်ချင်ပိုင် လုပ်လို့ မဖြစ်ဘူး” လို့ ဒေါ်လှဖြူက ဆိုပါရေ။

ယေလေ့သင့် နောက်ပိုင်းမှာ ပညာရေး၊ စီးပွားရေး အခြေအနေတိ့ ပြောင်းလဲလာရေအတွက် သင်ယူလိုသူတိ့ ရှိကေလေ့သင့် တတ်မြောက်သူကတော့ နည်းပါးလာနီပါရေ။ ဆယ်တန်းကျောင်းသူ မညိုညိုသန်းကတော့ သူ့အနေနန့် သင်လို့ရာ တတ်ခဖို့ဆိုကေ စိတ်ကူးထဲကအတိုင်း ဝတ်စုံတစ်စုံကို ဖန်တီးကြည့်ချင်နီပါရေ။

“သင်လို့ တတ်ခကေ အခု လားလာနီရေ ဒီဇိုင်နာတိ့ လုပ်တေပိုင် နွီရာသီ ဝတ်စုံ တစ်စုံလောက်တော့ လုပ်ကြည့်ဖို့လို့ စိတ်ကူးထားပါရေ” လို့ မညိုညိုသန်းက ဆိုပါရေ။

ခမီအမျိုးသမီးတိ့မှာတော့ ရင်ကပ်အကျီ င်္၊ ထဘီ ၊ ခြုံထည်ရို့အပြင် ငွီသားနန့် ပြုလုပ်ထားရေ အဆင်တန်ဆာတိ့ကိုလည်း တွဲဖက် ဝတ်ဆင်ကတ်ပါရေ။ ခမီလူမျိုးတိ့စွာ ရွှေကို သုံးဆောင်လေ့ မရှိဘဲ ငွီသားထည်ကိုရာ တန်ဖိုးထား ဝတ်ဆင်ကတ်လေ့ ရှိပါရေ။ ငွီသားကို သုံးစွဲရေအတွက် ကျန်းမာရေးနန့် ညီညွတ်တေလို့ ယုံကြည်ရေလို့လည်း ဒေါ်မလှဖြူက ပြောပါရေ။

“ အရင်ကဆိုကေ ငွီကြိုးနန့် ငွီခြီကျင်း၊ ငွီလက်ကောက်၊ ဆံထိုးတိ့ ခေါင်းဖြီးတိ့ဆိုကေလေ့ ငွီနန့်ရာ လုပ်စွာ။ ခေါင်းမှာ ပန်ရေ ငွီပန်းပွင့်တိ့လဲ ရှိရေ။ ယင်းခေတ်က ငွီနန့် သုံးစွာများလို့ ခြီဆစ်လက်ဆစ်တိ့ ကိုက်ခဲစွာမရှိ။ အခုမသုံးကတ်ခါ ကိုက်ခဲစွာတိ့ ရှိလာရေ။ ဘုန်းကြီးဆွမ်းကပ်ကေတောင် ငွီလက်ကောက်မပါကေ မကပ်ရ။ ဆံထုံးမှာလဲ ညောင်ရွက်ခက်တိ့၊ ညောင်ရွက်ပုံစံမျိုးတိ့ ထိုးရရေ။ ငွီပြားကျပ်သား လေးဆယ်ငါးဆယ်။ တစ်ရာ။ ယင်းပိုင် လုပ်ကတ်တေ။ ခြီကျင်းမှာဆို တစ်ဘက်ကို ဆယ့်ငါးကျပ်သား ဝတ်ကတ်တေ။ မရှိလူကတော့ ငါးကျပ်သား။ ခုနှစ်ကျပ်သားဆိုရေပိုင် ဝတ်ကတ်တေ။”

မြောက်ဦးမြို့နယ် ဂျင်ချေကျေးရွာက ကိုယ်ကျော်ဆန်းဝင်းကတော့ ခမီရိုးရာ ငွီသား အဆင်တန်ဆာတိ့ ရောင်းချလူပါ။ ခေတ်ကာလ အခြေအနေအရ ငွေစင် ငွေသားဒင်္ဂါးပြားတိ့ကို မသုံးနိုင်တော့ဗျာလ်ဆိုကေလေ့သင့် ငွီနန့် ကြီးစပ်ပနာ ပုံစံတူ အဆင်တန်ဆာတိ့ ပြုလုပ်ပနာ ရောင်းချရေလို့ ရှင်းပြပါရေ။

“ကျွန်တော့်မှာ ခါးပတ်ပါရေ။ ပြီးကေ ခြီကျင်းပါရေ။ အချေတိ့အတွက် သုံးရေ မောင်းလဲပါရေ။ ငွီပြားလဲ ပါရေ။ ခါးပတ်ကတော့ ရှစ်သောင်းသတ်မှတ်တေ။ ခြီကျင်းက တစ်သောင်းခွဲလောက်ပါရာ။ လက်ကောက်ကတော့ တစ်ကွင်းကို ငါးရာ။ မောင်းက တစ်ခုကို သုံးထောင်။ ငွီဒင်္ဂါးပြားကတော့ နှစ်မျိုးရှိရေ။ ငါးရာတစ် တစ်မျိုး။ သုံးထောင်တန် တစ်မျိုး။ ဇာဖြစ်လို့ ဈီးကွာရလေ့ ဆိုကေ အသားချင်းလည်း မတူရေပိုင် အရွယ်စားချင်းလေ့ ကွာရေ။ ပုံစံကတော့ တစ်မျိုးတည်းရာ။”

ရိုးရာပုံစံလဲ မပျက်ရအောင် ပုံစံတူ ပြုလုပ်ရောင်းချနီရကေလေ့သင့် တန်ဖိုးမြင့်နီရေအတွက်တာနန့် လူတိုင်းမဝယ်နိုင်စွာကလဲ ရိုးရာဝတ်စုံနန့် အဆင်တန်ဆာတိ့ လူသုံးနည်းလာရရေ အကြောင်းအရင်းတစ်ခုဖြစ်နိသိ့ရေလို့ ကိုအင်္ဂါအောင်က ပြောပါရေ။

“ရိုးရိုးသာမန် ဝတ်စုံတစ်စုံကို နှစ်သိန်းခွဲအထိ ရှိလာရေ ဆိုကတည်းက ဝတ်ဖို့စားဖို့ အခက်အခဲတိ့က ရှိလာဗျာလ်။ အမှန်တကယ် ပွဲလမ်းသဘင်ဆိုကေတော့ ဝတ်ကတ်ရပါရေ။”

ခမီလူမျိုးတိ့အနေနန့် အခုပိုင် ရိုးရာဝတ်စုံတိ့ ဝတ်ဆင်မှု နည်းလာစွာက ခေတ်နန့် ဆီလျော်မှု မရှိဆိုပနာလေ့ အကြောင်းတစ်ခု မြင်ပနာ၊ အခုအချိန်မှာတော့ သာမန် နိ့စိုဉ် ဝတ်စုံပိုင် ဖြစ်လာဖို့အထိ ဖန်တီးဆောင်ရွက်ကတ်ဖို့ အိပ်မက်တိ့ ရှိနီရေဆိုစွာကတော့ အသေအချာရာ ဖြစ်ပါရေ။

ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးတက်ကြွလှုပ်ရှားသူ ကိုအင်္ဂါအောင်ကတော့ “ ရိုးရာပွဲတိ့မှာ ပွဲလမ်းသဘင်တိ့မှာ ဝတ်တေဆိုစွာကလည်း ဝတ်စုံတစ်စုံကို ဈီးအကြီးမသန်ပီးပနာ ဝတ်ရစွာ ဖြစ်တေအတွက် အေပွဲတိ့မှာရာ ဝတ်နိုင်ရေ။ နောက်ပြီးကေ ဒေဝတ်စုံတိ့ကလေ့ ရှေးဟောင်း အမွီအနှစ်တစ်ခုပိုင် ခေတ်နောက်ကျကျန်ခရာလို့ မြင်ရေ။ ဒေခေတ်မှာပိုင် ဝတ်ဖို့ ဆိုစွာကလည်း မသင့်တော်ဗျာလ်လေ။ ရခိုင်မှာ ခေတ်လေးခေတ် အဝတ်အစားကို လမ်းမှာဝတ်ဖို့ မဖြစ်ရေပိုင် ကျွန်တော်ရို့ ဝတ်စုံတိ့ကလေ့ လမ်းမှာ ဝတ်ဖို့မဖြစ်။ ဇာဖြစ်လို့လဲ ဆိုကေ ခေတ်နန့် မလျော်ညီလို့။ နောက်ပိုင်းဆိုကေတော့ ခေတ်နန့်ညီအောင် ဘဇောင်ဝတ်ကတ်ဖို့လဲ ဆိုစွာ ဇာပိုင် ခေတ်စားလာဖို့လဲ ဆိုစွာ ကြိုးစားနီကတ်ပါရေ” လို့ ဆိုပါရေ။

 916 total views,  1 views today