Arakan Yoma

PDF ကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကျောက်ဖြူမြို့က တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်ဟာ ဒီဇင်ဘာ ၃၀ ရက်နေ့က လွတ်မြောက်လာပါတယ်။

သူမဟာ ဒီဇင်ဘာ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲခံခဲ့ရပါတယ်။

တရားစွဲဆိုခံထားရပြီးနောက် ဒုတိယမြောက် ရမန် ၂ ပတ်ပြည့်တဲ့နေ့မှာပဲ ကျောက်ဖြူထောင်ချုပ်က လွတ်မြောက်လာခဲ့တာလို့ မိသားစုဝင်တွေက ပြောဆိုပါတယ်။

ရခိုင်မှာ PDF နဲ့ ဆက်စပ်သံသယနဲ့ ဖမ်းဆီးတရားစွဲခံထားရသူ ၈ ယောက်ထိရှိနေဆဲဖြစ်ပြီး အဲဒီအနက် ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင်ဦးဆောင်ပါတီဝင် တစ်ဦးလည်း ပါဝင်ပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးထားသူတွေအကုန်လုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲထားပြီး သက်ဆိုင်ရာမြို့နယ်က ထောင်ချုပ်၊ ရဲချုပ်တွေမှာ ထိန်းသိမ်းထားပါတယ်။

 713 total views,  1 views today