Arakan Yoma

ရခိုင်မှာ ဖွံ့ဖြိုးမှုဆိုင်ရာ အကျပ်အ တ ည်း (Development Crisis)၊လူ့အခွင့်အရီးဆိုင်ရာအကျပ်အတည်း (Hum an Rights Crisis) နန့်လုံခြုံမှုဆိုင်ရာ အ ကျပ်အတည်း(Security Crisis)တိဖြစ်ပေါ်နီရေလို့ ရခိုင်ကော်မရှင်က ဆိုပါရေ။

၂၀၁၀ ခုနှစ် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုနောက်ပိုင်း ရခိုင်မှာ ၂၀၁၂ ခုနှစ်ကစတင်ပနာ ပဋိပက္ခပေါင်းစုံဖြစ်ပေါ်ခပါရေ။

ဒေပဋိပက္ခတိဧ့ နောက်ဆက်တွဲဆိုးကျိိုးအဖြစ် ရခိုင်ကအစ္စလာမ်ဘာသာဝင် မူဆလင်တိစွာအဆင့်မြင့်ပညာရီးဖြစ်တေ တက္ကသိုလ်ပညာရီးကို တက်ရောက်သင်ကြားခွင့်ကန့်သတ်ခံလိုက်ရပါရေ။ဒေအထဲမှာ မြန်မာနိုင်ငံအနောက်ဖက်အစွန်ဆုံး၊မောင်တောခရိုင်က မူဆလင်
တိလေ့ ပါဝင်ပါရေ။

ဒေပိုင်အခက်အခဲတိကြား ရခိုင်ပြည် နယ်၊ဘူးသီးတောင်မြို့ပေါ်က အစ္စလာမ်ဘာသာဝင်၊ကျောင်းသားချေတစ်ယောက်စွာ ၂၀၂၀ ပြည့်နှစ်က တက္က သိုလ်ဝင်တန်းကို ၆ ဘာသာဂုဏ်ထူးနန့်ထူးထူးချွန်ချွန်အောင်မြင်ခပါရေ။သူက မာမတ်အာယစ်ဖြစ်ပြီးကေ သူဧ့ အိပ်မက်ကတော့ခါ ဆီးကျောင်းတက်ခွင့်ရပြီးကေ ဆရာဝန်ဖြစ်ရေ တစ်နိကျကေ လူမျိုးဘာသာမရွေး ဆီးကုသပီးချင်ရေလို့ ပြောပါရေ။

”အဓိက ဆရာဝန်ဖြစ်ချင်စွာပါယာ။ဆရာဝန်ဖြစ်ကေ ဒေဒေသမှာရှိရေ ပြည်သူ၊ပြည်သားတိကို စေတနာရှိရှိနန့်ဆီးကုသပီးချင်ပါရေ။” လို့ သူက ပြောပါရေ။သူစွာ ဆယ်တန်းအောင်ရေနှစ်ကပင်ဆရာဝန်ဖြစ်လုပ်ဖို့ ဆီးတက္ကသိုလ်ကိုလျှောက်ထားလိုက်ကေလေ့ ဒေ ၂၀၂၁ဒီဇင်ဘာလတတိယအပတ်ထိ မေဂျာအတည်ပြုချက်မရောက်သိလို့ ဆိုပါရေ။သူစွာ ဘူးသီးတောင်မြို့မှာ မွီးဖွားကြီးပြင်းလာသူဖြစ်ကေလေ့ နိုင်ငံသားက တ်မရသိဘဲ နိုင်ငံသားပြုကတ်နန့် ဆီးကျောင်းတက်ဖို့စောင့်မျှော်နီသူတစ်ယောက်လေ့ ဖြစ်ပါရေ။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် တက္ကသိုလ်တိပိတ်ထားရရေအတွက်နန့် အချိ န်တစ်နှစ်ကျော်ကြာစောင့်နီရချိန်မှာ ကဗျာတိရီးပနာ အခြားစိတ်ဝင်စားစရာတချို့ကိုလေ့လာနီရေလို့လေ့ ဆိုပါရေ။

သူနန့်အတူ တစ်နှစ်တည်း၊တစ်ကျောင်းတည်းက ၅ ဘာသာနန့်အောင်မြင်ခရေအစ္စလာမ်ဘာသာဝင်၊မွတ်ဆလင်မမာ့ချေတစ်ယောက်လေ့ ရှိပါရေ။ယင်းမမာ့ချေနာမက မလွင်လွင်ပြုံးဖြစ်ပြီးကေ မိသားစုဝင် ၆ ဦး၊ညီအစ်ကို မောင်နှမလေးယောက်ထဲမှာ ဒုတိယမြောက်သမီးဖြစ်ပါရေ။သူရို့နှစ်ယောက်စွာတစ်ရပ်ကွက်တည်းသားတိဖြစ်ပြီးကေ ဆီးတက္ကသိုလ်တ က်ရောက်ဖို့ စောင့်မျှော်နီကတ်စွာချင်းလေ့ တူနီကတ်ပါရေ။ယကေလေ့ သူရို့နှစ်ယောက်စလုံးလက်ထဲသို့ ဆီးတက္ကသိုလ်တက်ရောက်ခွင့်အကြောင်းကြားစာမရကတ်သိလို့လေ့ဆိုကတ်ပါရေ။

မာမတ်အာယစ်အမိမှာ မြန်မာနိုင်ငံသားမှတ်ပုံတင်လက်မှတ်ရှိပြီးကေ အဖမှာတော့ခါ နိုင်ငံသားပြုကတ်ရာရှိရေအတွက်နန့်သားဖြစ်သူလေ့ နိုင်ငံသား (ပြု)ကတ်ရာ ရထားရေလို့ အမိသည်က
ရှင်းပြပါရေ။

”အကျွန်က ဆရာဝန်မ ဖြစ်ဖို့ ကြိုးစားခစွာ မဟုတ်ပါ။ယကေလေ့ ဂုဏ်ထူးတိအ များကြီးရအောင်၊အမှတ်တိအများကြီးရအောင် ကြိုးစားခစွာပါ။” လို့ ၅ ဘာ သာဂုဏ်ထူးရှင် မလွင်လွင်ပြုံးက ဆိုပါရေ။

ပညာရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်ရေ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှာဆီးတက္ကသိုလ်တက်ဖို့ကျောင်းသားဧ့ မိဘနှစ်ယောက်စလုံးစွာ (နိုင်)၊(ပြု)၊(ဧည့်) လက်မှတ်တစ်ခုခု ကိုင်ဆောင်ထားကေတက်ရောက်နိုင်ရေလို့ ပြဌာန်း ထားပါရေ

ရခိုင်မှာ ၂၀၁၂ ဖြစ်ဖူးခရေပဋိပက္ခတိ ကြောင့် မွတ်စလင်ကျောင်းသားတိစွာလုံခြုံရီးစိုးရိမ်လို့ ရခိုင်ကတက္ကသိုလ်တိမှာ လားရောက်ပညာသင်ယူဖို့ ခက်ခဲလားခကတ်တေလို့ ဆိုကတ်ပါရေ။

”ကျွန်တော်ရို့မူဆလင်အသိုင်းအဝိုင်းမှာ ပညာတတ်တိကောင်းနည်းပါရေ။အများအားဖြင့် ပညာတတ်တေလူကတစ်ရာခိုင်နှုန်းလောက်ရာရှိပါရေ။ကျန်ရေ ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်ကကတ်ပါ။သူရို့တိကိုလေ့ ကျွန်တော့်သ မီးပိုင် ကြိုးစားကတ်စီချင်ပါရေ။”လို့မလွင်လွင်ပြုံးအဖက ဆိုပါရေ။

၂၀၁၆/၂၀၁၇ ခုနှစ်မှာ မောင်တောဒေ သကပဋိပက္ခဖြစ်စဉ်တိ အရာဖြစ်လာ
ရေခါ လုံခြုံရီးအကြောင်းပြချက်နန့်ခရီးသွားလာခွင့်၊ အဆင့်မြင့်ပညာသင် ကြားခွင့်တိ ကန့်သတ်ခံလိုက်ကတ်ရပါရေ။

ဒေပိုင်အခြေအနေတိကြောင့် ရခိုင်က မွတ်စလင်တိကို မြန်မာအာဏာပိုင်တိက ခရီးလားခွင့်ကန့်သတ်ထားရေအတွ က် မောင်တောမှာ မွီးဖွားကြီးပြင်းရေမာမတ်အာယစ်ရို့အဖို့ဆီးတက္ကသိုလ်တက်ရောက်ခွင့်စွာလေ့ မရေမရာဖြစ်နီတုန်းရာဖြစ်ပါရေ။

ရခိုင်က ဆယ်တန်းအောင်ရေ ကျောင်း သားတိစွာ စစ်တွေတက္ကသိုလ်နန့် တော င်ကုတ်တက္ကသိုလ်ကိုရာ အဓိကကတ က်ရောက်သင်ယူနီကတ်ရပါရေ။

”ပညာတတ်တိများလာကေ ရခိုင်နန့် မူဆလင်တိကြားမှာ နားလည်းမှုတိလွှဲနီစွာတိ ပပျောက်လားဖို့လို့ ကျွန်တော်ထင်ပါရေ။”လို့ မလွင်လွင်ပြုံးအဖက ဆက်ပြောပါရေ။

ရခိုင်မှာပဋိပက္ခတိနောက်ပိုင်းအစိုးရဖက်က မွတ်ဆလင်တိနီရေမြို့တိမှာတက္ကသိုလ်အဝီးသင်ပညာကို သင်ကြားပီးဖို့ စီစဉ်ပီးခပါရေ။ယကေလေ့ အသက်မွီးဝမ်းကျောင်းပ ညာတိ၊သိပ္ပံ၊ဝိဇ္ဇာဘာသာရပ်တိကို သင် ယူခွင့်မရကတ်ပနာမြန်မာစာနန့်သမိုင်း ဘာသာရပ် နှစ်ခုတည်းကိုရာ သင်ပီးနီလို့ မွတ်စလင်ကျောင်းသားတိအတွက် အခက်အခဲတိဖြစ်နီရေပိုင် တက္ကသိုလ်ဆက်မတက်ဘဲ ပညာလမ်းဆုံးလားခရေသူတိလေ့ ရှိနီပါရေ။

”ပြည်ထောင်စုအစိုးရနန့်ရခိုင်ပြည်နယ်အစိုးရရို့ရေ ရခိုင်ပြည်နယ်ထဲက လူ့အ ဖွဲ့အစည်းအားလုံးကို သူရို့ဧ့ကိုးကွယ်ရေ ဘာသာ၊လူမျိုးနန့်နိုင်ငံသား၊ကျား၊မဆိုင်ရာဖြစ်တည်မှုတိအပေါ် အခြီခံပနာ ခွဲခြားမှုမပြုလုပ်ဘဲ တူညီရေ ပညာ သင်ကြားခွင့်ကို ရရှိအောင်ဆောင်ရွက်
ပီးရမေ။””အစိုးရအနီနန့် ပညာသင်ကြားနိုင်မှုအခွင့်အလမ်းတိကို လျော့ကျလားစီရေ
လွတ်လွတ်လပ်လပ်ခရီးလားခွင့်အပေါ်ထားရှိရေ ကန့်သတ်ချက်တိကို ဖယ် ရှားသင့်ပါရေ။”
”ယပြီးကေ နိုင်ငံသားမဖြစ်သိရေကျော င်းသား၊ကျောင်းသူတိကို အဆင့်မြင့် ပညာသင်ကြားခွင့်မပြုရေခွဲခြားနှိမ့်ချဆက်ဆံရေ ကျင့်သုံးမှုတိကိုလေ့ ပြင် ဆင်သင့်ပါရေ။”လို့ ရခိုင်ကော်မရှင်က အကြံပြုထားပါရေ။

ဒေချင့်တိပြီးကေ ကမ္ဘာ့ကပ်ရောဂါကိုဗစ်နန့်ရခိုင်က လက်နက်ကိုင်ပဋိပက္ခတိကြောင့် ရပ်နားထားရေပညာသင်ကြားခွင့်တိကြောင့် တက္ကသိုလ်ပညာဆက် လက်သင်ယူခွင့်နန့်ပိုပနာအလှမ်းဝီးလားကတ်တေလို့လေ့ မောင်တောဒေသခံမွတ်ဆလင်တိက ပြောပါရေ။

မြန်မာ့ဒီမိုကရေစီရွီးကောက်ခံအစိုးရကို စစ်တပ်ကအာဏာသိမ်းလိုက်ချိန်မှာမြန်မာတစ်ပြည်လုံးက တက္ကသို လ်ကျောင်းသား/သူတိစွာ ပညာသင်ကြားခွင့်နန့်ပိုပြီးကေ အလှမ်းဝီးလားပါရေ။
ဒေပိုင်တက္ကသိုလ်တိ ပိတ်ထားရေအ ချိန်တစ်နှစ်ကျော်မှာ ကိုယ့်ဝါသနာပါရေ ကဗျာရီးစွာ၊ဗီဒီယိုတချို့ဖန်တီးစွာတိကို လုပ်နီလို့ အဂ်လိပ်၊မြန်မာ ၂ ဘာသာနန့်ကဗျာတချို့ ရီးသားထားရေလို့လေ့ ဆိုပါရေ။

”ကဗျာရီးစွာကို ကောင်းဝါသနာပါပါရေ။စာရီးစွာ မဂ္ဂဇင်းတိမှာရီးစွာ၊ဗီဒီယိုဖန်တီးစွာတိကိုလေ့ ဝါသနာပါပါရေ။”လို့ မာမတ်အာယစ်က ပြောပါရေ။

အာဏာသိမ်းစစ်ကောင်စီက လာဖို့ ၂၀၂၂ နှစ်ဆန်း၊ဖေဖော်ဝါရီလမှာတက္ကသိုလ်တိကို ပြန်လည်ဖွင့်ဖို့ယာလို့ ပြောဆိုထားပါရေ။ယင်းပိုင်မပြောခင်ကပင် ရခိုင်ပြည်နယ်က မွတ်ဆလင်တိကို နယ်ကျော်လား လာခွင့်ပိတ်တေဒေသန္တရအမိန့်တစ်ခုကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြီးခရေ နိုဝင်ဘာလ ၂၅ ရက်နိကဒေသ န္တရအမိန့်ထုတ်ပြန်ခပါရေ။ယင်းကန့်သတ်ချက်တိစွာ အယင်စစ် အစိုးရလက်ထက်ကစတင်ခစွာဖြစ်ကေလေ့ ဒေဂုစစ်ကောင်စီလက်ထက်မှာ ပိုပနာတင်းကျပ်ဖို့ ကြိုးစားလုပ် ဆောင်လာစွာဖြစ်ပါရေ။

ဒေပိုင်ကန့်သတ်ချက်ကြောင့် မြို့နယ်၊ ခရိုင်၊ပြည်နယ်နန့်တိုင်းကျော်ပြီးကေ
ခရီးလားဖို့ဆိုကေ သက်ဆိုင်ရာခွင့်ပြု ချက်နန့် ခရီးလားလာခွင့်လက်မှတ်(လဝကပုံစံ-၄) ရယူပြီးမှ လားကတ်ဖို့သတ် မှတ်ထားလို့ ကျန်းမာရီး၊ပညာရီးနန့်လူမှုရီကိစ္စတိမှာလေ့ လူ့အခွင့်အရီးချိုးဖောက်ခံရမှုတိ ဖြစ်ပေါ်နီပါရေ။

ရခိုင်ကမွတ်ဆလင်တိကို နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်ကတ်ကေလေ့စစ်ကောင်စီက ဘူးသီးတောင်မြို့နယ်ရှိဘင်္ဂလီလူမျိုးများလို့ ယင်းအမိန့်စာမှာ သုံးနှုန်းရည်ညွှန်းထားပါရေ။၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေအရ နိုင်ငံ သား(ပြု)လျှောက်လို့မရသိခင် NVC လျှောက်ကတ်ဖို့နန့်ယင်းပိုင်လျှောက် ထားရေလူတိကို အစိုးရဖက်က ပေါ်လဆီတချို့ဖြီလျှော့ပီးသင့်ရေလို့လေ့ မောင်တောခရိုင်က မွတ်ဆလင်တိက ဆိုပါရေ။

”တချို့ပေါ်လဆီတိကိုဖြီလျှော့လိုက်ဖို့ဆိုကေ လူတိအများကြီးလျှောက်ကတ်ဖို့လို့ ကျွန်တော် မျှော်လင့်ပါရေ။။”လို့ မလွင်လွင်ပြုံးအဖကဆိုပါရေ။

စစ်ကောင်စီကထုတ်ပြန်ထားရေး ခရီးလားလာခွင့်လက်မှတ်(လဝက ပုံစံ ၄) ရယူဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်ကိုတောင်းခံရပြီးကေယင်းထောက်ခံချက်ရမှ သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဌာနသို့လျှောက် ထားရပါရေ။ယင်းပိုင်လျှောက်ထားပြီးခွင့်ပြုချက်ရဖို့အနည်းဆုံး ၃ ရက်မှ ၇ ရက်ထိ ကြာရေလို့လေ့ ပုံစံ ၄ လျှောက်ဖူးကတ်တေမောင်တောခရိုင်က မွတ်ဆလင်တချို့က ပြောပါရေ။

ယင်းလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပီးနီရေ ခရီးလားလာခွင့်လက်မှတ်သက်တမ်းစွာ ပြည်နယ်တွင်းလားလာခွင့် ၁၄ ရက်ဖြစ်ပြီးကေပြည်နယ်ကျေလားလာခွင့်က ရက် ၃၀ ဖြစ်ပါ။ရက်လွန်လားခကေ ဒဏ်ကြေးငွေပီးဆောင်ရရေလို့ ပြောကတ်ပါရေ။ယင်းကန့်သတ်ရေစနစ်ကို ၁၉၉၂ ခုနှစ်စစ်အစိုးရခေတ်ကစတင်ပနာ လဝကပုံစံ-၄ နန့်ခရီးလားလာခွင့် ကန့်သတ်ခစွာဖြစ်ပါရေ။

”အစိုးရအနီနန့်နိုင်ငံသားစီစစ်ရီးလုပ် ငန်းစဉ်မှာ ရှင်းလင်းတိကျရေမဟာ ဗျူဟာနန့်အချိန်ကာလကို သတ်မှတ်သင့်ရေ။ယင်းမဟာဗျူဟာရေပွင့်လင်းမြင်သာပနာထိရောက်မှုရှိပြီးကေ လက် ရှိတည်ရှိနီရေဥပဒေပြုမှုအတွင်းမှာ ခိုင်မာစွာအခြီပြုထားရဖို့။”လို့ ရခိုင် ကော်မရှင်က ဆိုထားပါရေ။မြန်မာနိုင်ငံမှာ ရခိုင်က မွတ်ဆလင်တိစွာ တခြားတိုင်းဒေသကြီး၊ပြည်နယ်တိက မွတ်ဆလင်တိထက် ကန့်သတ်မှုကို ပိုပနာခံနီကတ်ရရေလို့လေ့ မောင်တောခရိုင်ရှိ မွတ်ဆလင်တိကပြောပါရေ။

ရခိုင်က မွတ်ဆလင်တိစွာ အခြားဒေသတိကို ခရီးလားကေ စစ်ဆေးရီးဂိတ်တိမှာ တန်းကားတိပီးနီရကေလေ့ ရန်ကုန်အပါအဝင် အခြားဒေသက မွတ်ဆလင်တိက ဇာနီရာကိုမဆို အတားအဆီးမရှိလားလာနိုင်ရေလို့ ဆိုကတ်ပါရေ။

”၈၂ နိုင်ငံသားဥပဒေက စကေလောက်တင်းကျပ်တေလို့ မြင်ပါရေ။”လို့ မလွင်လွင်ပြုံးအဖက မှတ်ချက်ပြုပါရေ။

”ကျွန်တော်ဆရာဝန်ဖြစ်လာကေ နိုင်ငံ ခြားသို့မလားပါ။ဒေနိုင်ငံမှာရှိရေ ဆင်း ရဲသားတိကို ဆီးကုသ ပီးချင်ပါရေ။” လို့ မာမတ်အာယစ်က သူ့ဆန္ဒတိကို ပြောပြပါရေ

မောင်တောခရိုင်က မွတ်ဆလင်တိစွာအဆင့်မြင့်ပညာတိကို ဆက်လက်သင် ယူဖို့ ကန့်သတ်ချက်တိရှိနီကေလေ့ ဆီးတက္ကသိုလ်တက်ဖို့နှစ်ယောက်ကတော့ခါ သူရို့ပါးသို့ မေဂျာစာရွက်ရောက် လာဖို့နိကို မျှော်လင့်စောင့်နီကတ်တေလို့ ဆိုလာကတ်ပါရေ။ ။

 320 total views,  1 views today