Arakan Yomka
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က ဂန္ဓာရီကျေးရွာမာ နီ နန့် လ ကို ပူဇော်ပသရေ ခမီလူမျိုးရို့က ရိုးရာနှစ်သစ်ကူး (ဆနီ) ပွဲတော်ကို ဒီဇင်ဘာ ၁၈ ရက်နိက ကျင်းပခကတ်ပါရေ။

ဒေ ဆနီပွဲတော်စော် ခမီလူမျိုးရို့ ဖိုး၊ ဖီး လက်ထက်ကပင် နီ နန့် လကို ပူဇော်သပရေ ပွဲတော်တစ်ခုဖြစ်ပနာ နီထွက်လာချိန်မာ နီထွက်အက၊ လထွက်လာချိန်မာလထွက်အကတိနန့် ကပြရရေ ရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်ပါရေ။

ဒေ ပွဲတော်မာ ခမီ၊ရခိုင်၊မြို၊ချက္ကမ (ဒိုင်းနက်)လူမျိုးရို့က ရိုးရာယဉ်ကျေးမှုအကတိနန့် ကပြဖြေဖျော် ပါဝင်ခကတ်ပါရေ။

ဒေဆနီပွဲတော်ကို ၂၀၀၁ ခုနှစ်က ၂၀၀၆ ခုနှစ်အထိ ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်း၊ မြောက်ဦးမြို့နယ် လောင်းရီချောင်းကျေးရွာမာ တစ်နှစ်ကျင်းပခကတ်ပါသိမ့်ရေ။

ရခိုင်မှာဖြစ်ပွားခရေ ပဋိပက္ခတိကြောင့် ရပ်တန့်နီခရာ ၂၀၁၈ ခုနှစ်ကစပနာ ဘူးသီးတောင်မြို့မာပြန်လည်ကျင်းပလာစွာ ဖြစ်ပါရေ။

ခမီလူမျိုးတိရေ စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမ်းမြို့နယ်နန့် မောင်တောမြို့နယ်တိမာ လူဦးရေတစ်သိန်းလောက် နီထိုင်နီကတ်တေလို့ သိရပါရေ။

ခမီလူမျိုးအများစုကတော့ခါ တောင်ယာ၊ကို င်းကျွန်းအလုပ်ကို အဓိကလုပ်ကိုင်ခကတ်ကေလေ့ ပဋိပက္ခတိကြောင့် ဒေသအနှံ့ရောက်သွားခကတ်နာ ဈီးရောင်းခြင်းနန့်ကြုံရာကျပန်းကို လုပ်ကိုင်နီကတ်ရရေလို့ သိရပါရေ။

 296 total views,  1 views today