Arakan Yoma

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ဝီးလံခေါင်ဖျားပြီးကေ လားလာရ ခက်ခဲရေ မြို့နဲ့ ခမီလူနည်းစုတိ နီထိုင်ရာ ကျေးရွာအုပ်စုမာ ကျေးလက် ကျန်းမာရေးဌာနခွဲတစ်ခု လိုအပ်နီပါရေ။

အဆိုပါကျေးရွာအုပ်စုမာ မြို့ရွာ၊ ဘဲငါးရာ၊ ထုံးဘူး၊ သရက်ချောင်း၊ မရစ်ချောင်းအစဟိရေ ကျေးရွာ ငါးရွာပါဝင်ပါရေ။

ဒေရွာတိရေ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်-လက်ဝဲစာတိုက်ကားလမ်းထက်မာ တည်ရှိနီကေလေ့ ကားလမ်းက ဆိုးဆိုးဝါးဝါး ပျက်စီးနီရေအတွက်တာနန့် လားလာဖို့အတွက် အသုံးပြုလို့မရ ဖြစ်နီပါစော်ပါ။

လမ်းပမ်းဆက်သွယ်ရေး ခက်ခဲရေအတွက်နန့် ပြီးခရေ ၂၀၁၉ ခုနှစ်က ကိုယ်ဝန် ကြင်လို့ အချေမွီးဖို့ မြို့ထက်ကို တက်တေ မမာ့တစ်ယောက်စော် ဆီးရုံ မရောက်ခင် လမ်းမာ သီလားခရေပိုင် တချို့မမာ့ တိမှာလေ့ ကိုယ်ဝန် ပျက်ကျလားစွာတိရှိရေလို့ မြို့ရွာအုပ်စုမှာ ကျန်းမာရေးကိစ္စတိကို ဆောင်ရွက်ပီးနီရေ ဦးစံလှဖော်က ပြောပါရေ။

ယင်း ကျေးရွာ ငါးရွာမာ လူနည်းစုဖြစ်တေ မြို၊ ခမီရေ အိမ်ထောင်စု ၂၇၁ စု၊ လူဦးရေ ၁၅၃၂ ဦး နီထိုင်နီကတ်ပနာ မိရိုးဖလာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်နီထိုင်ကတ်စွာ ဖြစ်ပါရေ။

ဒေ ဒေသမာ နီထိုင်သူတိရေ စစ်ဘေး မရှောင်ခကတ်ရကေလေ့ စစ်မက်ပဋိပက္ခဇုန်ထဲမာ ပါဝင်နီရေအတွက်နန့် အစစရာရာ နောက်ကျ ကျန်နီခရစွာပါ။

ကိုယ်ဝန်ပျက်ကျလားဖူးရေ ယင်းဒေသနီ အသက်(၃၄) နှစ်အရွယ် ဒေါ်ယဉ်ယဉ်ထွေးကတော့ခါ ကျေးလက်ကျန်းမာရေးဌာတစ်ခု ဖွင့်လှစ်ဆောင်ရွက်ပီးဖို့ တောင်းဆိုပါရေ။

ဒေကျေးရွာတိကို အစိုးရဖက်ကလေ့ ဖွံ့ဖြိုးမှုဆိုင်ရာအကူအညီတိကို ထိထိရောက်ရောက် မပီးရေပိုင် နိုင်ငံတကာ အဖွဲ့အစည်း အကူအညီပေးမှုတိကိုလေ့ ကန့်သတ်ထားပါသိရေ။

 256 total views,  1 views today