ရခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတို့ စစ်ပွဲကာလထဲက ပိတ်ထားခဲ့တဲ့ ပလက်ဝ-ကျောက်တော် ကုလားတန်မြစ်ရေကြောင်းလမ်းကို ပြန်မဖွင့်ပေးသေးတဲ့အတွက် ပလက်ဝမှာ ကုန်ဈေးနှုန်းတွေ မြင့် တက်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အခုလို ပိတ်ထားတာ လက်ရှိအချိန်ထိဆိုရင် ၂ နှစ်ကျော်ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလက စားနပ်ရိက္ခာပြတ်လပ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေကြရတာကြောင့် ေ
ဒသခံတွေဟာ စစ်တပ်ကို တောင်းဆိုခဲ့ကြပြီးနောက် မြို့ခံ ၅ ဦးကို ရွေးချယ်ပြီး အဆိုပါ မြစ်ကို ဖြတ်သန်းသွားလာခွင့်ပြုထားတာပါ။

ဒေသခံတွေကတော့ အဆိုပါ သွားလာခွင့်ရထားသူ ၅ ဦးဆီက တဆင့်ခံပြီး အဆမတန်ကြီးမားတဲ့ ဈေးနှုန်းတွေ ပေးဝေနေရတဲ့အတွက် ဝင်ငွေနဲ့ ထွက်ငွေမလိုက်ဖြစ်နေပြီး အခက်အခဲဖြစ်နေတယ်လို့ မြို့ခံ ဦးစိုးလှက ပြောပါတယ်။

ပေါ်ဆန်မွှေးတစ်အိတ်ကို ငွေကျပ် ၆၅၀၀၀၊ စားသုံးဆီတစ်ပီပါကို လေးသိန်းကျော်၊ ဓာတ်ဆီတစ်လီ တာကို ၂၅၀၀ ကျပ် စတဲ့ဈေးနှုန်းထက်ဝက်လောက်စီ တိုးပေးပြီး ဝယ်ယူနေရတာလို့ ဆိုကြပါတယ်။

ကုန်ပစ္စည်းတွေ ဈေးတက်နေတာဟာ ပလက်ဝ-ကျောက်တော် ကုလားတန်မြစ် ရေကြောင်းလမ်းကို ပိတ်ထားတာကြောင့်ဖြစ်ပြီး အဲဒီလမ်းကိုဖွင့်ပေးပြီး ဒေသခံတွေကို သွားလာခွင့်ပေးရင် ကုန်ဈေးနှုန်း တွေလည်း ပုံမှန်ပြန်ဖြစ်သွားနိုင်ကြောင်း မြို့ခံတွေက ပြောပါတယ်။

ပလက်ဝမြို့ပေါ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကတော့ စားဝတ်နေရေးခက်ခဲလာတာကြောင့် အမြန်ဆုံးလမ်းဖွင့်ပေးဖို့ တောင်းဆိုပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ ရခိုင့်တပ်တော် AA ဖက်က အဓိက လှုပ်ရှားရာနယ်မြေတွေထဲက တစ်ခုဖြစ်ပြီး တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်တပ်က ကုန်သွယ်မှုလမ်းကြောင်းတွေကို ပိတ်ထားခဲ့တာပါ။

ပလက်ဝမြို့နယ်ဟာ ကျောက်တော်မြို့ကို အဓိကထား ကုန်သွယ်မှုပြုလုပ်တာဖြစ်ပြီး ပလက်ဝကနေ ကျောက်တော်ကို ကုလားတန်မြစ်အတိုင်း စက်လှေနဲ့ ၅ နာရီကျော် မောင်းနှင်ရပါတယ်။

 365 total views,  1 views today