ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ တိန်ညိုတိုက်နယ်ဆီးရုံမာ ဆရာဝန်ချပီးဖို့ လိုအပ်နီပါရေ။

တိန်ညိုတိုက်နယ်ဆီး‌ရုံမာ တာဝန်ကျ ဆရာဝန် ပြောင်းလားစွာ တစ်လခွဲလောက်ကြာနီယာဆိုကေလေ့ အစားထိုးဆရာဝန်သစ် မရောက်လာသိလို့ အရေးပေါ် လူနာတိကို ကုသဖို့ အခက်အခဲဖြစ်နီရစော်လို့ ဆိုကတ်ပါရေ။

တိန်ညိုဆီးရုံကို အနီးအနားက ကျေးရွာပေါင်း ၅၄ ရွာနန့် ယင်းရွာထဲက စစ်ဘေးဒုက္ခသည် ၃ ထောင်ကျော်က မှီခိုအားထားနီရစွာပါ။

လက်ဟိမ့်မာတော့ခါ ယင်းဆီးရုံမာ သူနာပြုအနည်းချေရာ ရှိရေအတွက်ကြောင့် ဖျားနာခြောင်းဆိုးအတွက်လောက်ရာ ပြသနီကတ်ရပနာ အရေးပေါ်လူနာတွေအတွက် ၁၀ မိုင်လောက်ဝီးရေ မြောက်ဦးဆီးရုံကို လားနီရရေလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောပါရေ။

ယင်းအတွက်နန့် ကျေးရွာသားတိနန့် စစ်ဘေးရှောင်တိ ယင်းဆီးရုံမာ ဆရာဝန်အသစ် အမြန်ဆုံး ခန့်အပ်ပီးဖို့ တောင်းဆိုနီကတ်ပါရေ။

 304 total views,  1 views today