ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဟိန္ဒူလူမျိုးတိစွာ ကိုယ်ပိုင်ဘာသာစကား၊ ရိုးရာဓလေ့၊ ယဉ်ကျေးမှုတိနဲ့ ရပ်တည်နိန်ကပ်တေ လူမျိုးတစ်ခု ဖြစ်ပါရေ။ ဟိန္ဒူလူမျိုးတိစွာ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်တော်နဲ့ တခြားမြို့နယ်တိမှာလည်း ဖြန့်ကြဲနိန်ထိုင်ကပ်ပါရေ။

ရခိုင်ပြည်နယ်မှာနိန်ထိုင်ရေ ဟိန္ဒူအမျိုးသမီးတိအတွက်တော့ခါ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေနည်းပါးမှုတိကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နိန်ရေးတိမှာအခက်အခဲတိအများကြီး ရှိနိန်ကပ်ပါရေ။

ဟိန္ဒူအမျိုးသမီးငယ်တစ်ဦးဖြစ်တေ အသက်(၁၉) နှစ်အရွယ် မဖြူဖြူဝင်းကတော့ခါ သူအချေဘဝခါ စားဝတ်နိန် ရေးကျပ်တည်းမှုကြောင့် အတန်းပညာကို ကောင်းကောင်းမွန်မွန် မသင်ယူခရပါ။ လက်ရှိမှာတော့ခါ စစ်တွေမြို့မစျီးအဝတ်ဆိုင်တစ်ဆိုင်မှာ နိစားအဖြစ်ဝင်ရောက်လုပ်ကိုင်နိန်ပါရေ။

အလုပ်က တစ်ရက်ကို ၂၅၀၀ ရပါရေ။ စျီးက အိတ်ဆိုင်မှာ လုပ်စွာပါ။ ကျပ်တည်းရေပါ့။ ယကေလေ့ ကိုယ့်စွာနဲ့ကိုယ် လုပ်စားရေ။ အမိလည်း လုပ်တေ။ ညီမတိလည်း လုပ်ပါရေ။ ကျောင်းက နှစ်တန်းလောက်ရာ တက်ခရစွာ။

ဟိန္ဒူအမျိုးသမီးတိ၏ ရိုးရာဝတ်စားဆင်ယင်မှုအပိုင်းမှာ အိမ်ထောင်ကျပြီးသား အမျိုးသမီး ဝတ်စားဆင်ယင်ပုံနဲ့ အိမ်ထောင်မရှိရေ အမျိုးသမီးဝတ်စားဆင်ယင်ပုံက မတူပါ။ အိမ်ထောင်ရှိရေ အမျိုးသမီးတစ်ယောက်စွာ လက်ကောက်အဖြူအနီအဝါနဲ့ ဆာရီကို မဖြစ်မနိန် ဝတ်ဆင်ကပ်ရပါရေ။

ကွာခြားမှုတော့ခါ အများကြီးရှိရေ။ အိမ်ထောင်ကျရေ အမျိုးသမီးတိဆိုကေ ချင်းတူးထည့်ရရေ။ ဒိကထည့်ရရေ။ ဆာရီကို အမြဲဝတ်ရရရေ။ လက်ကောက်အနီ။ အဖြူဝတ်ရရရေ။ လင်ရှိသရွေ့ကို ဝတ်ရရေ။ လင်မရှိယာဆိုကေလေ့ ဆာရီဝတ်ရစွာယာ။ အိမ်ထောင်ကျပြီးသား အမျိုးသမီးဆိုကေ ဆာရီဝတ်ရစွာယာ။ လင်မရှိဆိုကေလေ့ လက်ကောက်နဲ့ ချင်းတူးကိုယာဖြုတ်ရရေ။ အိမ်ထောင်မပြုရေ အမျိုးသမီးဆိုကေ လွတ်လပ်တေပါ့။ သူဝတ်ချင်ပိုင် ဝတ်လို့ရရေ။ အိမ်ထောင်ရှိရေ အမျိုးသမီးတိက ဝတ်ချင်ပိုင် ဝတ်လို့မရ။ လို့ အိမ်ထောင်ရှင် အမျိုးသမီး မစန္ဒာအေးက ပြောပြပါရေ။

သူရို့နိန်ထိုင်ရေ စစ်တွေမြို့က ဒေလက်သာကျေးရွာက ကကောင်းကြီး တိုးတက်တေ ကျေးရွာတစ်ခုတော့ မဟုတ်ပါ။ ဒေ ကျေးရွာက အမျိုးသားအများစုဆိုစွာ ဆံပင်ညှပ်တေ အလုပ်ကို လုပ်ကိုင်ကပ်ပြီးကေ တချို့ကတော့ခါ ကြုံရာကျဘန်း လုပ်ကိုင်ကပ်ပါရေ။

ဒေပိုင်ကြုံရာကျဘန်းအလုပ်တိကလည်း တစ်ရက်ကို ၂ ထောင်၊ ၃ ထောင်လောက်ယာ ရကပ်ပါရေ။ ဒေငွေပမာဏနဲ့ မိသားစုစားဝတ်နိန်ရေး ဖြေရှင်းဖို့ ဆိုစွာကလည်း လွယ်တော့ မလွယ်ပါ။

ဘူးသီးကျော် ရောင်းရေ အိမ်ထောင်သည် ဒေါ်မလှက
ဘူးသီးကျော်ရောင်းရေ။ ဈီးမှာလည်း ရီခပ်တေ။ လုပ်တေနိ လုပ်ရရေ။ မလုပ်တေနိ မလုပ်ရ။ ရရေနိ ရရေ။ မရရေနိ မရ။ မရကေ အကြွီးဝယ်စားရေ။ မိုးထခါပီးရေ၊ ရကေ ပီးရေ။ မရကေမပီးနိုင်ပါ့။ မိသားစုကရှစ်ယောက်ပါ။ လို့ ပြောပါရေ။

အေဒေသက အိမ်ထောင်ရှင်အမျိုးသမီးတိဆိုစွာ အမျိုးသားတိနဲ့ တန်းတူအခွင့်အရေးရရှိမှု နည်းပါး နိန်သိန့်ရေ ပိုင် အမျိုးသားတိ၏ ထိန်းကွပ်မှုအောက်မှာ နီထိုင်နိန်ရတုန်းသိမ့်လည်း ဖြစ်တယ်လို့ ရင်ဖွင့်ပြောပြကပ်ပါရေ။

မစန္ဒာအေးက ယောက်ျားတိနဲ့ တန်းတူအခွင့်အရေးမရှိ။ ယောက်ျားရှာရေ ဖေသာကို အမျုးသမီးတိစား။ ယောက်ျားတိ၏ သြဇာအာဏာကိုယာ မိန်းမတိက ခံနိန်ရစွာပါ့။ အကျွန်ရို့မှာဆိုကေ ဒေမှာ များသောအားဖြင့် အမျိုးသမီးတိက အလုပ်မလုပ်ကပ်ပါ။ လင်ယောက်ျားရှာလို့ ရစွာကိုယာ မိန်းမတိက မှီခိုပြီးကေ စားနိန်ကပ်စွာ။ လုပ်ဖို့အလုပ်လည်း မရှိလေ။ လင်ယောက်ျားတိက ကျဘန်းလုပ်သူလုပ်၊ ဆိုင်ရောင်းသူရောင်း၊ ဖေသာ ရှိသူလည်းရှိရေ။ မရှိသူလည်း ရှိရေ။ ဖေသာရှိရေ လူတိမှာဆိုကေ ဆိုင်ရောင်းရေ။ မရှိရေလူတိက ကျဘန်းလုပ်ကပ်တေ။ သူများဆိုင်တိမှာ မှီခိုပြီးကေ လုပ်ကပ်တေ။ ယပိုင်လုပ်တယ်ဆိုကေ မိန်းမတိက အဆင်မပြေ။ ယောက်ျားတိ မှီခိုနိန်ရေ နေရာမှာ မိန်းမတိ လုပ်လို့အဆင်မပြေ။ ကိုယ်ပိုင်ဆိုင်ရှိရေ မိန်းမတိဆိုကေတော့ခါ လင်နဲ့လား လုပ်လို့ ရတာပါ့။ ယပိုင် ကွာခြားမှုရှိရေ။ လို့ ဆိုပါရေ။

အချေ နှစ်ယောက်မိခင် ဟိန္ဒူအမျိုးသမီး မသန္တာမိုးက သူရို့လူမျိုးတိကိုးကွယ်ရာ နတ္ဘုရားစွာမယ်တော်တစ်ပါးဖြစ်ေတအလျောက် လက်တွိ့မြေပြင်မှာတော့ခါ အမျိုးသမီးတိဆိုစွာ အမျိုးသားတိနဲ့ တန်းတူအခွင့်အရေးရရှိမှု မရှိသလောက် နည်းပါးနိန်ရေလို့ ထောက်ပြပါရေ။

မယ်တော်၏ Inspiration တစ်ခုက အကျွန်ရို့လည်း လုပ်နိုင်ရေ။ ဖြစ်နိုင်ရေ။ လူတိက ပြောကပ်တေ။ အမျိုးသမီးတိဆိုစွာ ဇာတခုကိုလေ့ မလုပ်နိုင်။ အမျိုးသမီးတိဆိုစွာ အားလုံးလုပ်နိုင်ပါရေ။ ယပိုင်မျိုး သတ္တိ စွမ်းအင်တခုရယ်။ နောက်ပြီးကေ ကိုယ့်၏ အခက်အခဲမှန်သမျှကို မယ်တော်က ဖြေဖျောက်ပီးနိုင်စွမ်းရှိရေလို့ ယုံကြည်မှုရှိရေ။ မယ်တော်စွာ မိခင်တစ်ယောက်အနိန်နဲ့လည်း ဖြစ်တေ။ အကျွန်ရို့ကိုယ်တိုင်ကလည်း မိခင်ယာ။ အကျွန်ရို့လည်း မယ်တော်၏သားသမီးတစ်ယောက်ယာ။ သား၊ သမီးတိ၏ ဒုက္ခ၊ သုခအားလုံးကို ကူညီပြီးကေ စောင့်ရှောက်လားဖို့လို့ ယုံကြည်ပါရေ။

လက်ရှိမှာလည်း ဟိန္ဒူအမျိုးသမီးတိဆိုစွာ အိမ်တွင်းမှာပါ၊ ပွဲလမ်းသဘင်တိမှာပါ ချက်ပြုတ်ပီးရေး ကိစ္စလောက်ကိုယာ လုပ်ကိုင်ဖို့အခွင့်အလမ်းရှိကပ်တေ အတွက် အမျိုးသမီးတိကိုယ်တိုင်က မိမိရို့ ဒေထက် အကြောင်း ပြသကပ်ဖို့နဲ့ တာဝန်ရှိသူတိကလည်း အမျိုးသမီးတိ၏ ကဏ္ဍကို မြှင့်တင်ပီး လုပ်နိုင်စွမ်းရှိရေဆိုရေဖို့ မသန္တာမိုးက တောင်းဆိုလိုက်ပါရေ။

ဘုန်းကြီးကျောင်းမှာ အမျိုးသားဥက္ကဌရှိရေ။ အမျိုးသမီးဥက္ကဌလည်း ရှိစီချင်ရေ။ အမျိုးသမီးတစ်ယောက်မှာ ကိုယ့်၏ အခန်းကဏ္ဍရှိပါရေ။ မိဘတိကို ပြောနိုင်ရေ အခန်းကဏ္ဍရှိရေ။ မပြောနိုင်ရေ အခန်းကဏ္ဍရှိပါရေ။ အကျွန်ရိုအချင်းချင်း ဖြေနိုင်ရေ ကဏ္ဍတိ ရှိရေ။ ဟိန္ဒူတိမှာကျတော့ အမျိုးသမီးခေါင်းဆောင်တိ မရှိ။အမျိုးသမီးအဖွဲ့ချုပ်လည်း မရှိ။ အမျိုးသမီးတစ်ဦး အခက်ခဲကျကေ ဆိုပါစို့ – မုဒိန်းမှုတစ်ခုဖြစ်ကေ အမျိုးသမီးတိဆိုစွာ အဖကို ကြောက်စွာမျိုး၊ လင်ယောကျ်ားကို ကြောက်စွာတမျိုး တိတ်နိန်ရရေ။ အမျိုးသမီးအဖွဲ့တစ်ခု ရှိလိုက်ခြင်းအားဖြင့် ရင်ဖွင့်လို့ရတယ်။ ယပိုင်မျိုးချေတိပါ့။ ကျောင်းမှာဖြစ်ဖြစ်၊ ရွာမှာပဲ ဖြစ်ဖြစ်။ ကဏ္ဍတစ်ခုလိုချင်ရေ။

 352 total views,  1 views today